ဂျွန်းလေး၏ ကိုယ်ခန္ဓာပုံစံ ရှင်းလင်းချက်၊

2.2K 200 30
                                    


ကဲကဲ၊ ယူတို့ စွဲရဲ့အရေးအသားလေးတွေကို ရှင်းရော ရှင်းကြရဲ့လား မသိဘူး။ တစ်ယောက်ကတော့ လာမေးတယ်။ အဲ့အတွက် သေသေချာချာလေး ဖြေပေးချင်လို့ အခုလို သေသေချာချာ တင်ပြီး ပြောတာ ဖြစ်ပါတယ်။

ဂျွန်းလေးရဲ့ အရပ်ကို ဝါးတစ်ချိုးစာလို့ ဆိုထားပါတယ်။ ဝါးတစ်ချိုးစာ ဆိုတဲ့ အခေါ်အဝေါ်ကို ရွှေဘိုနန်းတည်တဲ့ အကြောင်းရေးထားတဲ့ စာအုပ်တစ်အုပ်မှာ ဖတ်ဖူးတာပါ။ သူရေးထားတာက ဝါးပင်တွေရဲ့ သက်တမ်းနဲ့ အမြင့်တွေကို ရေးထားပါတယ်။ သူတို့က ဝါးပင်တွေကို လက်နက်အဖြစ် သုံးရာမှာ ၅နှစ်ကနေ ၆နှစ်အတွင်း ရှိတဲ့ ဝါးပင်ကို အသုံးပြုပါတယ်။ အဲ့ဒီဝါးပင်ရဲ့ အမြင့်က ၁၄ပေ ကနေ ၁၅ပေ ဝန်းကျင် ရှိရပါတယ်တဲ့၊ အဲ့ဒီဝါးကိုမှ သူတို့က တစ်ချိုးစာ ကျန်အောင် အဖျားကို ရှင်းလိုက်တယ်တဲ့၊

ဝါးတစ်ချိုးစာ ဆိုတာက ၇ပေဝန်းကျင် လောက်ရှိတဲ့ အရပ်အမောင်းကို ဆိုလိုတာ ဖြစ်ပါတယ်။ စွဲအနေနဲ့ ဝါးတစ်ချိုးစာက ၇ပေဝန်းကျင်လို့ ဆိုပေမယ့် ဂျွန်းလေးကို တကယ်တမ်း တွေးထားမိတာက ၆ပေ၅ ဖြစ်ပါတယ်။ စွဲက အခု ပြန်ရှင်းပြပေးတာပါ။ ယူဒိုက သေးကွေးနေတာ မဟုတ်ပါဘူး၊ ယူတို့ရဲ့ ဘေဂျွန်းက အရပ်မြင့်နေတာ ဖြစ်ပါတယ်။ ဘေဂျွန်းရဲ့ခန္ဓာကိုယ်က သွယ်သွယ်လေး ဖြစ်ပါတယ်။ ကြွက်သားက ကျစ်ကျစ်လစ်လစ် ဖြစ်ပါတယ်။ သူ့နေရာနဲ့သူ ပြီးပြည့်စုံနေတဲ့ ရွှေလိုမျိုး အချိုးအစား ဖြစ်ပါတယ်။

ဒါပေမယ့် အားလုံး သိတဲ့အတိုင်း ဘေဂျွန်းက အားသန်ပါတယ်။ သူ အားမစိုက်သေးရင်တောင် တစ်ဖက်လူက နာကျင်ပါတယ်။ ဘေဂျွန်းရဲ့ လက်ချောင်းလေးတွေက အစ အားရှိပါတယ်။ လူတစ်ယောက်ရဲ့ နှလုံးကို လက်ချောင်းတွေနဲ့ပဲ ဆွဲနှိုက်ထုတ်ယူ နိုင်ပါတယ်။ နံရိုးကို လက်သီးနဲ့ပဲ ချိုးချေ ပစ်နိုင်ပါတယ်။ လှံတစ်ချောင်းနဲ့ပဲ လူတစ်ယောက်ကို ထက်ခြမ်းခွဲပစ်နိုင်ပါတယ်။

ဒီလောက်ဆိုရင် ယူဒိုက သေးကွေးနေတာ သေးကွေးသွားတာ မဟုတ်ပဲနဲ့၊ ဂျွန်းလေးက ပိုပြီး သန်မာနေတာ ဆိုတာကို သိကြပြီလို့ ထင်ပါတယ်။ (ဝါးပင်ပုံစံကို လူနဲ့နှိုင်းပြထားတာလေး ရှာဖွေထားပါတယ်။ google အရတော့ နည်းနည်းကွာကောင်း ကွာနိုင်ပေမယ့် တူပါတယ်)

ယွန်းဘေဂျွန်းDonde viven las historias. Descúbrelo ahora