62 01
ယွန်းဘေဂျွန်း_၆၂
စစ်သည်တော်စခန်း အပြင်ဝန်းက အတော်လေး စည်ကားနေတယ်။ ပတ်ဝန်းကျင်တစ်ခုလုံးက လူသံတွေ အပြည့် ဖြစ်နေပြီး မွှေးကြိုင်တဲ့ ဟင်းရနံ့တွေ ပြီးတော့ တချို့သော ဝတ်ကောင်းစားလှဝတ် မိန်းကလေးတွေကလည်း ရှက်သွေးတဖြာဖြာနဲ့ ရောက်နေကြသေးတယ်။
အတွင်းဝန်းကတော့ ခါတိုင်းလိုပဲ အလှည့်ကျ တာဝန်ကျသူတွေနဲ့ လက်နက်ထားတဲ့နေရာတွေက အရင်ထက် ပိုတင်းကျပ်ထားတယ်။
စစ်သည်တော်တွေ အားလုံးနီးပါးက ရေမိုးချိုးကြပြီးတော့ အပြင်ဝန်းဆီကို တစ်ယောက်ပြီးတစ်ယောက် ပြေးသွားကြတယ်။ တာဝန်ကျသူတွေကလည်း လည်တဆန့်ဆန့် ဖြစ်နေကြတယ်။
ယူဒိုက တပ်သားတစ်ယောက်ဆီကနေ တာဝန်ကို လဲလှယ်ယူထားပြီးတော့ တစ်စုံတစ်ယောက်ကို မျှော်လင့်တာမျိုးတော့ မရှိလေဘူး။
ယူဒိုက သူ့ကိုယ်သူ နားလည်တယ်။ သူက မိဘရော မိသားစုရောကို အရင်ကတည်းက ဆုံးရှုံးပြီးသားဆိုတာကို နားလည်တယ်။ ဒါကြောင့် မိသားစုဝင်တွေက သူ့ဆီ ရောက်လာမှာ မဟုတ်ဘူးလို့ သူ တွေးထားပြီးသား။
သူ့အဖေက သူ့ကို သားအဖြစ်ကနေ စွန့်လွှတ်ထားပြီးသား။ သူ့ညီမတွေကကျ သူနဲ့ သိပ်မရင်းနှီးဘူး။ သူ့အမေကတော့ သူ့အဖေ ခွင့်မပြုရင် လာမှာ မဟုတ်ဘူး။
ဒါကြောင့် တပ်သားတစ်ယောက်က နေ့လည်မှာ သူ့မိသားစုဝင်တွေ လာကြမှာ ဆိုပြီး သူ့ရဲ့နေ့ခင်း တာဝန်ကို ယူဒိုရဲ့ ညဘက်တာဝန်နဲ့ လဲယူသွားတယ်။
ပျားပန်းခတ်သမျှ လူတွေနဲ့ စစ်သည်တော်စခန်းရဲ့ အပြင်စခန်းက ဆူညံပွက်လောရိုက်နေသမျှကို ယူဒိုက ကင်းစခန်းအပေါ်ကနေ ငုံ့ကြည့်ပြီး ပြုံးလိုက်မိတယ်။
မိန်းမငယ်လေးတွေက သူတို့မိသားစုဝင် မဟုတ်တဲ့ စစ်သည်တော်တွေကို မျက်စပစ်ပြနေကြတာလည်း မြင်ရသေးတယ်။ မြင်ကွင်းက အတော်လေး သဘောကျချင်စဖွယ် ဖြစ်နေတယ်။
ဂျောင်ဆူးကိုတောင် ကောင်ငယ်လေးတစ်ယောက်က လာရှာသေးရဲ့။ ဂျောင်ဆူးတောင်မှ ခါတိုင်းလိုမျိုး မျက်နှာတည်ကြီးနဲ့ မဟုတ်ဘဲ နူးညံ့နေသလိုတောင် ထင်ရတယ်။
VOCÊ ESTÁ LENDO
ယွန်းဘေဂျွန်း
Ficção Históricaယွန်းဘေဂျွန်းဆိုတဲ့ စစ်သူကြီးက ရုပ်လေးလှသလောက် ဆိုးသွမ်းတယ် ဆိုပြီး နာမည်ကျော်တယ်။ သူ ဆိုးတဲ့ပုံစံက တစ်မျိုး.. သူ သေပေးချင်တဲ့သူအတွက်ဆိုရင် အသက်ပါပေးရဲပြီးတော့ သူ ဖျက်ဆီးပစ်ချင်တဲ့သူ ဆိုရင် အမှုန်အမွှားဖြစ်တဲ့အထိ ဖျက်ဆီးပစ်ချင်ပါတယ်တဲ့။ ဒါနဲ့ သူက င...