56 01
ယွန်းဘေဂျွန်း-၅၆
ဂျီဝူး မကျေမနပ် ရေရွတ်လိုက်မိတယ်။
"ဘာကို စောသိတာ မကောင်းတာလဲ။ ငါက ဒီနိုင်ငံရဲ့ အိမ်ရှေ့မင်းသားလေ..."
ပင်မခန်းမဆောင်အပြင်သို့ ရောက်သွားပြီဖြစ်တဲ့ ဘေဂျွန်းရဲ့ ခြေလှမ်းတွေက ရပ်သွားပြီး ပြန်လှည့်ကြည့်လာတယ်။
မျက်မှောင်ကြုတ်ထားတဲ့ မျက်ဝန်းတွေထဲက 'ညီလာခံတောင် မထိန်းနိုင်သေးတဲ့ အိမ်ရှေ့မင်းသား' ဟု ဆိုနေတဲ့ အဓိပ္ပာယ်က တလက်လက် တောက်ပနေလေတယ်။
ရွေးချယ်စရာ မရှိတော့၍သာ ဆော့ဂျီဝူးကို အိမ်ရှေ့စံ အရာထားနေရသော ထိုမြေခွေးအိုကြီးကို တစ်ခါတလေ ဘေဂျွန်း သနားမိသေးတယ်။ တိုင်းပြည်အုပ်ချုပ်သူ နေရာမှာ စိတ်ချလက်ချ ထားရှိဖို့ သားတော် တစ်အုပ်စုလုံးက ဘယ်နားကမှ သုံးမရနေတော့ ရရာ ဆွဲပြီး အုပ်ချုပ်ခိုင်းရခြင်းက ဖခင်တစ်ယောက် အနေနဲ့ အတော်လေး သနားဖို့ ကောင်းနေလေတယ်။
မင်းသားတစ် ဆော့ယီးက လောဘကြီးလွန်းတယ်။ မင်းသားနှစ် ဆော့ဂျီအန်းက တိုင်းပြည်ရေးကို လုံးဝ စိတ်မဝင်စားဘူး။ မင်းသားသုံး အိမ်ရှေ့မင်းသား ဆော့ဂျီဝူးက ပိန်းတယ်။ မင်းသားလေး ဆော့ယန်းက သောက်တလွဲကောင်။ မင်းသားငါး ဆော့မြောင်က အလွန်ငယ်ရွယ်သေးပြီး ဉာဏ်ထိုင်းတယ်။ မျှော်လင့်ချက် မရှိတော့ဘူး။
ဘယ်တစ်ယောက်ကမှ သူမွေးထားတဲ့ တရားမဝင် သားလေးလောက်တောင် မတော်ကြဘူး။
ဘေဂျွန်း ဧကရီမိဖုရားရဲ့နန်းဆောင်ကို ဝင်ခွင့်တောင်းလိုက်တော့ သိပ်မကြာလိုက်ဘဲ ဝင်ခွင့်ရလာတယ်။
ဧကရီက ဘေဂျွန်းကို အချိုသာဆုံး အပြုံးတွေနဲ့ ကြိုဆိုနေတယ်။ ဧကရီက တကယ်တမ်းမှာ အတော်လေးကို ထက်မြက်တဲ့ မိန်းကလေးလို့ ဆိုရမယ်။ ဆူကီမိဖုရားကလည်း ထက်မြက်တယ် ဆိုပေမဲ့ တည်ငြိမ်မှုမှာတော့ ဧကရီကို ယှဉ်လို့ မရနိုင်ဘူး။ ဒါက ဆော့ဂျီဝူး အနားမှာ နေဖို့ ဘေဂျွန်း ဘာလို့ ဆုံးဖြတ်လိုက်တာလဲ ဆိုတာသာ ဖြစ်တယ်။
"မင်း စစ်သည်တော် ရွေးချယ်ပွဲနဲ့ မအားဘူး ထင်နေတာ ငါ့နန်းဆောင်ကို အလည်အပတ် လာဖို့ အချိန်ရှိနေမယ်လို့ မထင်ထားဘူး"

VOUS LISEZ
ယွန်းဘေဂျွန်း
Fiction Historiqueယွန်းဘေဂျွန်းဆိုတဲ့ စစ်သူကြီးက ရုပ်လေးလှသလောက် ဆိုးသွမ်းတယ် ဆိုပြီး နာမည်ကျော်တယ်။ သူ ဆိုးတဲ့ပုံစံက တစ်မျိုး.. သူ သေပေးချင်တဲ့သူအတွက်ဆိုရင် အသက်ပါပေးရဲပြီးတော့ သူ ဖျက်ဆီးပစ်ချင်တဲ့သူ ဆိုရင် အမှုန်အမွှားဖြစ်တဲ့အထိ ဖျက်ဆီးပစ်ချင်ပါတယ်တဲ့။ ဒါနဲ့ သူက င...