ယွန်းဘေဂျွန်း-၁၅
ဒီနေ့ ထမင်းဝိုင်းက ဟိုအရင်ညတွေတုန်းကထက်တော့ သာသာယာယာ ရှိသည်။ ထမင်းဝိုင်းပြီးတာနဲ့ ပြသနာ ဖြစ်တတ်၍လား၊ ဒါမှမဟုတ် သူကိုယ်တိုင်ပဲ ပင်ပန်း၍လားတော့ မသိပေမယ့် ဂျောင်ဆူးက ထမင်းဝိုင်း ပြင်ပြီးသည်နှင့် လှစ်ခနဲ ပျောက်သွားသည်။
ဂျွန်လေးက ညဝတ်အိပ် အင်္ကျီဟူ၍ ရှိဟန်မတူပေ။ အစဉ်မြဲ ညိုမှိုင်းနေသော အရောင်အဆင်းရှိသည့် အဝတ်အစားကိုသာ အပြည့်အစုံ ဝတ်လေ့ ရှိဟန်လည်း တူသည်။ ငယ်စဉ်ကတော့ တောက်ပသော အဝတ်အစားကိုသာ ဝတ်ဆင်လိုသော ဂျွန်းလေးက အခုကျတော့ မတူညီတော့ပါလား။
ထမင်းဝိုင်းတွင် ဝင်ထိုင်လိုက်တော့ ဂျွန်းလေးကပါ တစ်ဖက်တွင် ဝင်ထိုင်သည်။ ပထမဦးစွာ ဟင်းရွက်နှင့် ဟင်းရည်ကို ယူဒိုဘက်သို့ နေရာလဲပေးပြီးမှ သူ့ဘက်တွင် ရှိသော ဟင်းရည်ပန်းကန်ကို သူ့ထမင်းပန်းကန်အတွင်းသို့ လောင်းထည့်လိုက်ပြီး ဇွန်းနှင့် နယ်မွှေလိုက်ပြီးမှ စစားသည်။
ထမင်းပန်းကန်အတွင်းဝယ် မကြေတလှည့် ကြေတလှည့် ထမင်းလုံးတွေကို မြင်တော့ ယူဒို အလိုလို လက်လှမ်းလိုက်မိပြီးမှ ဟင်းရည်နည်းနည်း ထပ်ဖြည့်လိုက်ကာ သေသေချာချာ နယ်ပေးလိုက်ပြီးမှ အချဉ်ဖတ်နှင့် အသားတစ်မျိုးစီပါ ထည့်၍ နယ်ပေးလိုက်ကာ ဂျွန်းလေးကို ပြန်ကမ်းပေးမိသည်။ ဒါကလည်း ဟိုးအရင်တုန်းက လုပ်ပေးနေကျ မို့ လက်က ဂျွန်းလေးရှေ့မှာ အလိုလို လှုပ်ရှားသွားမိခြင်း သက်သက်ရယ်သာ၊
လုပ်ပေးလိုက်ပြီးပြီ ဆိုမှ ကြိုက်လား မကြိုက်လား ဆိုတာကို ပြန်တွေးမိတော့ ထမင်းခွက်ကို ပြန်ကမ်းပေးမိစဉ် လက်ချောင်းလေးတွေက တုန်ရင်ချင်လာမိသည်။ ~ဟား၊ ဂင်ယူဒို မင်းတော့၊ ကိုယ့်သေတွင်း ကိုယ်တူး ရတာ အရမ်း ကြိုက်တာပဲလား၊ ဘာလို့များ အခုလို ငြိမ်းချမ်းနေတာလေးကို ဖျက်စီးချင်ရတာလဲ၊ ဘာလို့များ လျှာရှည်ပြီး အဲ့လိုတွေ၊ ထားလိုက်တော့ လုပ်ပေးတာကလည်း လုပ်ပေးပြီးနေပြီ၊ ဖြစ်လာရင်လည်း ခံလိုက်ရုံပေါ့~
ယူဒို ဒီတစ်ညလည်း ထမင်း သေချာမစားရတော့ပဲနဲ့ ငတ်ပါပြီဟု တွေးလိုက်ကာ မျက်လုံးတွေ မှိတ်ချလိုက်မိသည်။ ဖြစ်လာသမျှကို ရင်ဆိုင်ဖို့ အံပါ ကြိတ်လိုက်မိသော်လည်း လက်အတွင်းက ထမင်းခွက်က ပေါ့သွားပြီး ဆွဲယူသွားတော့ မျက်လုံး ဖွင့်ကြည့်လိုက်မိသည်။
BẠN ĐANG ĐỌC
ယွန်းဘေဂျွန်း
Tiểu thuyết Lịch sửယွန်းဘေဂျွန်းဆိုတဲ့ စစ်သူကြီးက ရုပ်လေးလှသလောက် ဆိုးသွမ်းတယ် ဆိုပြီး နာမည်ကျော်တယ်။ သူ ဆိုးတဲ့ပုံစံက တစ်မျိုး.. သူ သေပေးချင်တဲ့သူအတွက်ဆိုရင် အသက်ပါပေးရဲပြီးတော့ သူ ဖျက်ဆီးပစ်ချင်တဲ့သူ ဆိုရင် အမှုန်အမွှားဖြစ်တဲ့အထိ ဖျက်ဆီးပစ်ချင်ပါတယ်တဲ့။ ဒါနဲ့ သူက င...