ယွန်းဘေဂျွန်း-၅၄

239 37 2
                                    

54 01

ယွန်းဘေဂျွန်း-၅၄

ဘေဂျွန်း လှည်းထဲကလူကို ပွေ့ချီပြီး တဲထဲကို ဝင်လာတော့ ဂျောင်ဆူးက တဲလိုက်ကာစကို လှပ်ပေးပြီး ကျန်တဲ့သူတွေကတော့ လိုက်မလာဘူး။

"မနက်စာစားဖို့ ပြင်ထားပေးလိုက်... အသားစွပ်ပြုတ် တစ်ခွက် ထည့်လိုက်..."

"သိပါပြီ"

ဂျောင်ဆူးက တဲအပြင်ကို လှမ်းသွားဖို့ ပြင်လိုက်တာကို မြင်တော့ ဘေဂျွန်း ဆက်ပြောလိုက်တယ်။

"နောက်တစ်ခေါက် မင်း စိတ်ထင်သလို ဆုံးဖြတ်မယ် ဆိုရင် နိုဂွန်အွန်းကို ပညာတော်သင် လွှတ်မလား အိမ်ထောင်ပြုခိုင်းရမလားဆိုတာ ငါ စီစဉ်လိုက်မယ်"

ဂျောင်ဆူး ခြေလှမ်းတွေ ရပ်သွားပြီး ပြောလာတယ်။

"နောက်တစ်ခါဆိုတာ မလိုတော့ဘူးလို့ ကျွန်တော် ထင်တယ်"

"မင်း ပြောကြည့်လေ..."

အပြင်က လူတစ်ယောက်က ရေနွေးပူနဲ့ အဝတ်စသန့်သန့်ကို ကမ်းပေးလာလို့ ဂျောင်ဆူးက ယူလာပေးရင်းနဲ့ ပြောတယ်။

"သခင်လေး အသိဆုံးပါ..."

ဘေဂျွန်း ရေနွေးဇလုံကို လှမ်းယူလိုက်ပြီးတော့ ထွက်သွားဖို့ လက်ဟန်ပြလိုက်တယ်။ အများကြီး မပြောတာ ပိုကောင်းပါတယ်။

ရေနွေးဇလုံထဲကို အဝတ်စပူပူကို ထည့်လိုက်ပြီးတော့ ရေညှစ်ပြီး သွေးစတချို့ ပေကျံနေတာကို စိတ်လိုလက်ရ သုတ်ပေးလိုက်မိတယ်။

စာသင်သားဖြစ်လို့ လက်မှာ အသားမာတွေ တက်လာတာက သိသိသာသာပဲ။ သူ ငယ်တုန်းကဆိုရင် လက်ချောင်းတွေက စာပဲရေးလို့ စုတ်တံပဲ ကိုင်လို့နဲ့ တူတယ်။ နုနုနယ်နယ်နဲ့ အတော်လေးကို သေသပ်တဲ့ လက်ချောင်းတွေ။ အခုတော့ လက်ချောင်းတွေရော လက်ဖဝါးပြင်မှာပါ အသားမာတွေ အပြည့် ဖြစ်နေပြီ။

စာသင်သား... ဟုတ်သားပဲ ဒီလူက စာသင်သားပဲ။ သူ မေ့တော့မလို့...။ စာသင်သားတွေက အမတ်လုပ်ရတာကို ပိုကြိုက်ကြတာ။

သူက အရင်ကတော့ ဒီလူ့ရဲ့ အကြိုက်ကို မေးမြန်းဖို့ မလိုဘူးလို့ သူကိုယ်တိုင် ဆုံးဖြတ်ခဲ့တာပဲ။ ဒါပေမဲ့ ဒီလူက စစ်သည်တော်လုပ်ရတာကို ကြိုက်ပါ့မလား။ ဒီလူက အမတ်ပဲ လုပ်ချင်နေရင်ကော...။

ယွန်းဘေဂျွန်းNơi câu chuyện tồn tại. Hãy khám phá bây giờ