ယွန်းဘေဂျွန်း - ၆၄

286 28 0
                                    

64 01

ယွန်းဘေဂျွန်း_၆၄

ဆမ်းချွမ်ကုန်သည်မြို.. ဂင်ယူဒို၊ မြိုစောင့်တပ်မှူးခေါင်းဆောင်။

ယူဒို တင်ပြလွှာကို ကိုင်ထားရင်း လက်က တဆတ်ဆတ် တုန်နေလေတယ်။

"ဒါ... ဒါက... ရာထူးက အတော်လေး မြင့်လွန်းတယ်"

"အင်းလေ"

ဂျွန်းလေးက မျက်လွှာချ အတည်ပြုပေးရင်း မုန့်ခြင်းကိုဖွင့်ကာ မုန့်တစ်ခုကို ကောက်ဝါးတယ်။

"အဲဒါ အဖေလား"

"အမတ်ဂင်ကို အတော်လေး အထင်ကြီးနေတာပဲ"

ဂျွန်းလေးက တီးတိုး ပြောလိုက်ပြီးနောက် မုန့်ဝါးရင်း ဆက်ပြောတယ်။ မုန့်ကို ဝါးနေပေမဲ့ နှုတ်ခမ်းလှုပ်ရုံလောက်လေးပဲ ဖြစ်ကာ နှုတ်ခမ်းသားနှစ်လွှာက ပိရိသေသပ်နေဆဲ ဖြစ်တယ်။

"ဆမ်းချွမ်ကုန်သည်မြို... မြိုစောင့်တပ်မှူးခေါင်းဆောင် ရာထူးက မလွယ်ကူဘူး။ ရာထူးက မြင့်တယ် ထင်ရပေမဲ့ လက်ဆုပ်လက်ကိုင် အာဏာကတော့ မရှိဘူး။ တရားရေးဘက်ကက ပိုပြီး အာဏာ ရှိတယ်လို ထင်ရပေမဲ့ တကယ်တမ်းကျ အဲမြိုက ကုန်သည်မြို ဖြစ်လို ကုန်သည်တွေကပဲ အင်အားအကြီးဆုံးပဲ ကုန်သည်ခေါင်းဆောင်ကို အာခံလိုက်တာနဲ့ ကုန်သည်တွေက မနာမခံ ဖြစ်သွားတာနဲ့ ထိန်းချုပ်ရခက်သွားနိုင်တဲ့ ဟန်ပြ ဟန်ချက်ညီညီ ဖြစ်နေတဲ့ မြိုပဲ။ ဒါကြောင့် တရားရေးဘက်ကရော မြိုစောင့်တပ်မှူးနေရာကိုပါ လူတိုင်းက ရယူချင်ကြတာမျိုး မရှိဘူး"

"ဘာပဲဖြစ်ဖြစ် ဒါက..."

"အစ်ကိုယူဒိုဆိုရင် လုပ်နိုင်လိမ့်မယ်"

ယူဒို စကားမပြောခင် ဂျွန်းလေးက ယတိပြတ် ဆိုလာတယ်။

"ငါက ဘယ်လိုလုပ် ဒီလိုမျိုး တာဝန်ကို..."

"အဲကုန်သည်လမ်းကြောင်းကိုက တခြားသူကို ပေးလိုက်လို မရဘူး။ နိုင်ငံရဲ့ဘဏ္ဍာငွေရဲ့ လေးပုံတစ်ပုံကို အဲဒီကုန်သည်လမ်းကြောင်းကနေ ဝင်နေတာ ဒါကြောင့် အိမ်ရှေ့မင်းသား နန်းတက်နိုင်ဖို ဆိုရင် အဲဒီလမ်းကြောင်းကို ထိန်းသိမ်းထားမှ ရမယ်"

ယွန်းဘေဂျွန်းDove le storie prendono vita. Scoprilo ora