ယွန်းဘေဂျွန်း-၅

4.2K 460 26
                                    

ယွန်းဘေဂျွန်း-၅

"ဂျောင်ဆူး သူ့ကို ခေါ်လာခဲ့"

သခင်လေး၏အပေါ်ဝတ် အင်္ကျီဖြင့် ကျပ်စည်းထားခံရတဲ့ လူသားကို သခင်လေးက ဓားနှောင့်ဖြင့် ထိုးရင်း ထိုတော့ ဂျောင်ဆူး အတွန့်မတက်ဝံ့ပါပဲနှင့် ပုခုံးပေါ်သို့ ကောက်ထမ်းလိုက်ရသည်။ ဒီလူကို သခင်လေး ဆော့ကစားတာ မဝသေးဘူး။ တစ်ခါတစ်လေကျရင် လူတစ်ယောက်အပေါ်မှာ သခင်လေးက သုံးရက်လောက် မပျင်းမရိ ဆော့ကစားတတ်တာကို ဂျောင်ဆူး တွေ့ကြုံဖူး၍ ထိုမျှသာ မှတ်ချက်ချမိသည်။

သခင်လေးက ဓားကိုပင် လက်ချောင်းလေးများဖြင့် လှည့်ပတ်ကာ ဆော့ကစားရင်း အရှေ့မှသွားတော့ ဂျောင်ဆူးက အနောက်မှ မေ့မျောနေသောလူတစ်ဦးကို ထမ်းကာ လိုက်ပါလာရုံသာ တတ်နိုင်တော့သည်။

@@@@@

(အောက်ပါအကြောင်းအရာများသည် ကိုယ်ပိုင်စိတ်ကူးစိတ်သန်းအတွေးမျှသာ ဖြစ်သောကြောင့် ချို့ယွင်းချက် တစ်ခုခု ရှိလာခဲ့ပါက ရေးသားသူ၏တာဝန်သာ ဖြစ်ပြီး မည်သည့်သမိုင်းကိုမျှ ဖတ်ရှု၍ သီးသန့်မှီငြမ်းထားခြင်း မရှိပါပဲနှင့် ဖတ်ရှုထားမိသမျှ၏ လွှမ်းမိုးမှုခံထားရမှုကိုသာ အခြေခံထားပါသည်။ အကြံပြုချက်များ ပေးလိုပါက အပြုသဘောဆောင်သော ဝေဖန်ခြင်းကိုသာ လက်သင့်ခံမည် ဖြစ်ပြီး အကယ်၍ ဆိုးဝါးသော တုန့်ပြန်မှုများ ရှိလာပါက ထိုသူအား မည်သို့ တုန့်ပြန်မိမည်မှန်း မသိပါ။)

ဂိုဂူလျော၏ တပ်မဟာက ရှေးယခင်ကတော့ တောင်ပိုင်း မြောက်ပိုင်းနှင့် အနောက်ပိုင်းဟူ၍ သုံးပိုင်း ပိုင်းခြားထားသော်လည်း လက်ရှိတပ်မဟာသည်က တောင်ပိုင်းနှင့် မြောက်ပိုင်းဟူ၍သာ ပိုင်းခြားထားခြင်း ဖြစ်သည်။ ယွန်းဘေဂန်စစ်သူကြီး (ယွန်းဘေဂျွန်း၏အဖိုး) လက်ထက်တွင် ယွန်းမိသားစုက ရှင်ဘုရင်မင်းမြတ်နှင့် တွဲဖက်၍ အနောက်ပိုင်း တပ်မဟာကို ထိန်းချုပ်သော်လည်း ဘေဂျွန်း၏ဖခင်လက်ထက်တွင် အနောက်ပိုင်း တပ်မဟာအုပ်စုက အစည်းပြေကာ ကွဲလုနီးပါး အခြေအနေသို့ ဆိုက်ရောက်ခဲ့လေသည်။

ထိုတွင် ဘေဂျွန်းက မြောက်ပိုင်းတပ်မဟာအတွင်းသို့ အိမ်ရှေ့မင်းသားနှင့်အတူ ဝင်ရောက်ခဲ့ပြီး မြောက်ပိုင်းတပ်မဟာ တစ်ခုလုံးကို အသက်နှစ်ဆယ့်တစ်နှစ်တွေ အရယူနိုင်ခဲ့ပြီးနောက် ယွန်းသခင်ကြီးမှ စစ်တပ်တွင်း အနားယူမှုတွင် အနောက်ပိုင်း တပ်မဟာနှင့် မြောက်ပိုင်း တပ်မဟာ နှစ်ခု ပူးပေါင်းလိုက်သည်။ ထိုတွင် ဂိုဂူလျော၏ သုံးခုသော တပ်မဟာသည်က အနောက်ပိုင်းတပ်မဟာ ပျောက်သွားကာ မြောက်ပိုင်း တပ်မဟာသည်က တောင်ပိုင်းတပ်မဟာထက် သာ၍ အင်အားများပြီး ဗျူဟာကျကျ ဖွဲ့စည်းထားခြင်းဖြင့်သာ ကျန်နေရစ်ခဲ့တော့သည်။

ယွန်းဘေဂျွန်းDonde viven las historias. Descúbrelo ahora