ယွန်းဘေဂျွန်း-၁၂
မြောက်ပိုင်း တပ်မဟာမှာ ပြောနေကျ စကားတစ်ခွန်းရှိတယ်။ ငရဲကို ကြုံဖူးချင်ရင် ဘေဂျွန်းစစ်သူကြီးကို ထိပါးလိုက်ပါတဲ့၊ ဒါကို ကိုယ်တိုင် ကိုယ်ကျ မခံစားဖူးတဲ့ သူတွေ တောင်မှ တွေ့ဖူးမြင်ဖူးရုံနဲ့ လက်သင့်ခံကြရတယ်။
ဘေဂျွန်းစစ်သူကြီးရဲ့ အထူးတလည် အပြုအမူတွေအရ စကားများများပြောလေလေ ပိုပြီး ကြောက်ဖို့ကောင်းလေလေပဲတဲ့၊ ဒါနဲ့ စကားမပြောရင်ရော် ဆိုတော့ စကားမပြောရင် အေးစက်နေတဲ့ ရေခဲလူသားလိုမျိုး၊
ယွန်းဘေဂျွန်း ပုံမှန်လုပ်လေ့ ရှိတာက တိုက်မယ်၊ သတ်မယ်၊ အပြစ်ပေးမယ်၊ တိုက်မယ် ဆိုတာက စစ်တိုက်ခါနီးမှာ အကျုံးဝင်တယ်။ သတ်မယ် ဆိုတာက စစ်ပွဲအတွင်းမှာ လုပ်လေ့ရှိတယ်။ အပြစ်ပေးမယ် ဆိုတာကျတော့ နည်းနည်းတော့ သမာရိုးကျ ဖြစ်လေ့ မရှိဘူး။
အပြစ်ပေးမယ် ဆိုတာရဲ့ နောက်ကွယ်မှာ ဘေဂျွန်း စစ်သူကြီး သတ်မှတ်ထားတဲ့ ပြစ်မှုနာမည်တွေကိုသာ တခြားသောစစ်တပ်အတွင်းမှလူများ မဟုတ်ပဲ ကြားပါက ဒီခေါင်းစဉ်တွေက ရယ်ဖွယ်များဟု မှတ်ထင်နိုင်သော်လည်း ထိုခေါင်းစည်းများအတွက် ရရှိသော အပြစ်ဒဏ်သည်က အလွန်အမင်း ကြောက်မက်ဖွယ် ကောင်းသည်ဆိုခြင်းကိုမူ တပ်မဟာအတွင်းမှ တပ်သားများသာလျှင် သိရှိကြလေသည်။
မနက်နိုးလာတော့ အနားတွင် မည်သူမျှမရှိပဲ တိတ်ဆိတ်နေသော အခန်းတွင်းအား ယူဒို လှည့်ပတ်ကြည့်လိုက်ပြီးမှ ကိုယ်ပေါ်မှာ တင်ထားတဲ့ စောင်ကို ဖယ်ချလိုက်ပြီးနောက် သိမ်းဆည်းကာ သေတ္တာငယ်ပေါ်တွင် သေသပ်စွာ တင်ထားလိုက်သည်။ အခန်းတံခါးကို ဖွင့်လိုက်ပြီးနောက် ထွက်လာတော့ အာရုံဦးက အေးမြမြလေးပင်၊
နွေဦးဆိုပေမယ့် အအေးဓာတ်လက်ကျန်က မနက်ခင်းပိုင်းမျာ ကျန်နေတတ်တာက ဒီအရပ်ဒေသ၏ ပုံစံအမှန်ပင် ဖြစ်လေသည်။ ယူဒို ဖိနပ်ကို စီးလိုက်ကာ မြေပြင်ပေါ်သို့ ခြေထောက်နှင့် ထိလိုက်သည်နှင့် ခြံဝန်းအတွင်း သန့်ရှင်းရေး ပြုလုပ်နေသော အစေခံတစ်ဦးမှ တစ်ချက်မျှ ရပ်ကာ ကြည့်လာသည်။

VOCÊ ESTÁ LENDO
ယွန်းဘေဂျွန်း
Ficção Históricaယွန်းဘေဂျွန်းဆိုတဲ့ စစ်သူကြီးက ရုပ်လေးလှသလောက် ဆိုးသွမ်းတယ် ဆိုပြီး နာမည်ကျော်တယ်။ သူ ဆိုးတဲ့ပုံစံက တစ်မျိုး.. သူ သေပေးချင်တဲ့သူအတွက်ဆိုရင် အသက်ပါပေးရဲပြီးတော့ သူ ဖျက်ဆီးပစ်ချင်တဲ့သူ ဆိုရင် အမှုန်အမွှားဖြစ်တဲ့အထိ ဖျက်ဆီးပစ်ချင်ပါတယ်တဲ့။ ဒါနဲ့ သူက င...