ယွန်းဘေဂျွန်း-၂
မြင်းစီးလာတဲ့ လူတစ်ယောက်၊ ခါးမှာ ဓားရှည်ကို ချပ်ထားတယ်။ အနောက်မှာ လေးနဲ့မြှားကို လွယ်ပိုးထားတယ်။ ဦးထုပ် ဆောင်းထားတယ်။ ဦးထုပ်အောက်ကနေ မေးရိုးထင်းထင်းနဲ့ အပေါ်နဲ့အောက် ညီတူညီမျှ ဖြစ်နေတဲ့ နှုတ်ခမ်းလွှာလှလှကို မြင်နိုင်တယ်။ သေချာတာကတော့ အဲ့ဒီနှုတ်ခမ်းတွေ မျက်နှာပေါ်က အစိတ်အပိုင်းတွေကို ဘယ်သူကမှ ပြူးပြဲပြီး မကြည့်ရဲကြဘူး။
သန်မာထွားကြိုင်းတဲ့ မြင်းပေါ်မှာ လိုက်ပါလာတဲ့ ပျင်းရိပျင်းတွဲ လူတစ်ယောက်။ အပြည့်အစုံ ပြောရမယ် ဆိုရင် ဂိုဂူလျောရဲ့ မြောက်ပိုင်းတပ်မဟာတစ်ခုလုံးကို အပိုင်ရထားတဲ့ ယွန်းစစ်သူကြီး ယွန်းဘေဂျွန်း၊
"သခင်လေး.. ရေ"
အင်း၊ သခင်လေးပေါ့၊ သခင်ကြီးလို့ ခေါ်လို့မှ မရသေးတာ၊ အိမ်သူသက်ထားဇနီးမယားလည်း သူ့မှာ မရှိသေးတော့၊ အိမ်သူသက်ထား ဇနီးမယား ဆိုကာမှ သူ့နှုတ်ခမ်းတွေက လူးခနဲ လွန့်ခနဲ ပြုံးလိုက်မိသည်။ သူ့မှာ ဘယ်လိုလုပ်ပြီးတော့ ဇနီးမယားရနိုင်မှာလဲ၊ မဖြစ်နိုင်တာ၊
သခင်လေး ပြုံးလိုက်တာလား၊ သခင်လေးပြုံးလိုက်တာကို ငေးမောမိရင်း လက်ထဲက ရေဘူးက လျောခနဲ ပြုတ်ကျသွားမိသော ဒိုဂျောင်၊ ဆတ်ခနဲ အသိပြန်ဝင်လာတော့မှ မှားသွားပြီ ဆိုတာက နောက်မှ၊ သခင်လေးလက်ထဲကို ရေဘူးမရောက်သေးခင် ပြုတ်ကျသွားခြင်းကတစ်ပြစ်၊ သခင်လေးရဲ့ကိုယ်ပေါ်တွင် ရေတွေစိုသွားခြင်းက တစ်ပြစ်၊
ညို့ခနဲ ဖြစ်သွားတဲ့ မျက်ခုံးတန်းညီညီ ထူထူတွေကို ငေးမိပြန်တယ်။
"ဒိုဂျောင်၊ မင်း နေခဲ့လိုက်တော့"
"သခင်လေး၊ ကျွန်တော်မှားသွားပါတယ်၊ ခွင့်လွတ်ပေးပါ၊ ကျွန်တော်"
"ဂျောင်ဆူးရေ မင်း ကျွန်ဈေးမှာ သွားရောင်းဖို့ လူတစ်ယောက်ရပြီ"
ပျင်းရိပျင်းတွဲ အသံဆုံးမှာ မြင်းက သခင့်အလိုကို သိတဲ့အလား အနောက်မှာ ဘာတွေ ဖြစ်ကျန်နေခဲ့မယ် ဆိုတာကို ဂရုမစိုက်ပဲနှင့် အရှေ့သို့သာ လှမ်းတယ်။ ဂျောင်ဆူးဆိုတာက ဘေဂျွန်းရဲ့ဘေးနားမှာ ငယ်ကတည်းက ရှိနေခဲ့တဲ့ အထိန်းတော်လည်းဟုတ် ကိုယ်ရံတော်လည်းဟုတ်၊ ဒါပေမယ့် ဝေယျာဝိစ္စတွေကို လုပ်ပေးရသူတော့ မဟုတ်ဘူး။
![](https://img.wattpad.com/cover/207979988-288-k689898.jpg)
YOU ARE READING
ယွန်းဘေဂျွန်း
Historical Fictionယွန်းဘေဂျွန်းဆိုတဲ့ စစ်သူကြီးက ရုပ်လေးလှသလောက် ဆိုးသွမ်းတယ် ဆိုပြီး နာမည်ကျော်တယ်။ သူ ဆိုးတဲ့ပုံစံက တစ်မျိုး.. သူ သေပေးချင်တဲ့သူအတွက်ဆိုရင် အသက်ပါပေးရဲပြီးတော့ သူ ဖျက်ဆီးပစ်ချင်တဲ့သူ ဆိုရင် အမှုန်အမွှားဖြစ်တဲ့အထိ ဖျက်ဆီးပစ်ချင်ပါတယ်တဲ့။ ဒါနဲ့ သူက င...