ယွန်းဘေကျွန်း-၅၂

345 40 0
                                    

ယွန်းဘေဂျွန်း-၅၂

သူ့လက်အား လျော့သွားတာကို အခွင့်ကောင်း ယူလိုက်ပြီး ဂျွန်းလေးနှင့် မျက်နှာချင်းဆိုင် လှည့်လိုက်သည်။

"ဂျွန်းလေး... ဗိုက်ဆာနေတာလား"

သွေးစများ ပေကျံနေသော မျက်နှာပေါ်မှ အပြုံးများက ရပ်ဆိုင်းသွားသည်။ ပြီးနောက် လှုပ်ရှားမှု မှန်သမျှက ပြေလျော့ကျသွား၏။ ပြီးနောက် ခပ်လေးလေး ခေါင်းညိတ်ပြသည်။

"အင်း... ဗိုက်ဆာနေတာ"

"ထပ်စားချင်သေးလား"

ယူဒို မေးလိုက်တော့ သူကိုက်ထားသည့် ယူဒို၏ လည်ပင်းနေရာကို မျက်လွှာများ စိုက်ကြည့်လာ၏။ ပြီးနောက် ခေါင်းခါသည်။

"အဲဒါက အသားအစိမ်းကြီး..."

"ဒါဆို အသားကင် စားကြမလား"

ဂျွန်းလေးက မယုံကြည်နိုင်ဖွယ် မှင်တက်နေဆဲ ဖြစ်သည်။ ပြီးနောက် သူ့ကို သေသေချာချာ မြင်သွားဟန် ရ၏။

"အစ်ကိုယူဒို..."

"အင်း... ငါ ဒီမှာ"

"အစ်ကိုယူဒို..."

"သမင်အစိမ်းက အရသာမရှိဘူး။ မယ်မယ်က မရှိတော့ဘူး။ အစ်ကိုကလည်း မရှိတော့ဘူး။ ကျွန်တော့်ကို ဘယ်သူကမှ အသားကင်ပေးမှာ မဟုတ်တော့ဘူး"

ဂျွန်းလေးက သမင်းသားအစိမ်းကို ဒီအတိုင်း စားဖူးတာလား။ ဒါက ဘယ်လို အတွေ့အကြုံမျိုးလဲ။ သူ့ အသက် ဘယ်လောက်တုန်းကလဲ။ သွေးကိုတောင် ကြောက်တတ်တဲ့ ကလေးကလေ၊ သမင်သားအစိမ်းကို စားခဲ့ဖူးတာလား။

"အခု အသားကင် စားကြမယ်လေ... အစ်ကိုယူဒိုက ကင်ပေးမယ်"

ချလွမ်...

ဂျွန်းလေးလက်ထဲမှ ဓားက အောက်သို့ ပြုတ်ကျသွား၏။ ပြီးနောက် ယူဒိုကို စူးစူးစိုက်စိုက် ကြည့်လာပြီး ပြောလာသည်။

"အစ်ကိုယူဒို... တောနက်က အေးတယ်။ ဖက်ထားပေး..."

"အင်း..."

ယူဒို နောက်ထပ် မပြောတော့ဘဲနှင့် ဂျွန်းလေးကို လက်ဆန့်တန်းလျက် ပွေ့ဖက်လိုက်သည်။ သူ့နောက်ကျောကို ယူဒိုရဲ့လက် ထိလိုက်သည်နှင့် ဂျွန်းလေး၏ လှုပ်ရှားမှု အသေးလေးများက ရပ်တန့်သွားကာ မယုံနိုင်ဟန်ဖြင့် ဆိုလာသည်။

ယွန်းဘေဂျွန်းDonde viven las historias. Descúbrelo ahora