အခန်း-၄၆
တောင်ခါးပန်းမှ အိမ်ငယ်လေးက တိတ်ဆိတ်နေတယ်။ လေအဝှေ့ကြောင့် သစ်ရွက်ကြွေတွေက ခြံဝန်းငယ်အတွင်း ပြည့်နှက်နေတယ်။ သိသိသာသာကို ခြောက်ကပ်နေမှန်း သိသာစေတယ်။
ပုံမှန်ဆိုရင် ဆရာဝူဂျောင်းက မနက်လင်းတာနဲ့ ခြံဝန်းငယ်လေးကို တံမြတ်စည်းလှဲလေ့ ရှိတယ်။ အိမ်ငယ်လေးက မပြည့်စုံပေမဲ့ ဆရာဝူဂျောင်းရဲ့နေထိုင်ပုံက သပ်ရပ်သန့်ရှင်းတယ်။ အိမ်ငယ်လေးကလည်း သေးငယ်ပေမဲ့ နေထိုင်ဖို့တော့ အကောင်းဆုံး အနေအထားလို့တောင် ဆိုလို့ရနိုင်တယ်။
အခုတော့ တိတ်ဆိတ်နေတယ်။ တကယ်တမ်းမှာ ဘေဂျွန်းက တပ်စွဲထားတဲ့ စခန်းနဲ့ သိပ်မဝေးလို့ အလာလမ်းမှာတင် ဆော့လေးရှိတဲ့နေရာကို ဝင်လာတာ ဖြစ်တယ်။
"သခင်လေး.. အိမ်က လူမရှိဘူး"
ဂျောင်ဆူးက အထဲကို ဝင်ကြည့်ပြီးတော့ ထွက်လာပြီးမှ လှမ်းပြောတယ်။ ဘေဂျွန်း ခေါင်းညိတ်ပြလိုက်ပြီးမှ အိမ်ငယ်လေးကို ကျောခိုင်းလိုက်တယ်။
"သူတို့ဆရာတပည့်နှစ်ယောက် ခရီးတိုတစ်ခုခု သွားတာ ဖြစ်နိုင်တယ် ဒါမှမဟုတ်.. သင်ကြားရေးအတွက် လိုတာ တစ်ခုခု သွားလုပ်တာ နေမှာပေါ့.. ထားလိုက်တော့ အပြန်ကျမှ ဝင်ကြည့်မယ်.."
ဂျောင်ဆူးက ဘေဂျွန်းအနားထိ ရောက်လာပြီးတော့ မေးတယ်။
"ဘယ်သွားတာလဲ ဆိုတာကို ခေါ်မေးချင်လား.."
"မလိုတော့ဘူး.. အပြန်ဝင်မယ်"
မြို့တော်မှာ အိမ်ရှေ့စံက စောင့်နေလိမ့်မယ် ပြန်လာတဲ့အခါကျမှ ဝင်လိုက်မယ်.. ဂျောင်ဆူးက သခင်လေး ထုတ်မပြောတဲ့ စကားအဆက်အစပ်ကို သိနားလည်ပြီးသား ဖြစ်ကာ ထပ်မမေးတော့ဘဲ အနောက်မှ လိုက်ပါလာတယ်။
ဘေဂျွန်း မြင်းပေါ်ကို တက်လိုက်ပြီးမှ မြို့တော်ကို ခရီးပြင်းနှင်လိုက်တော့တယ်။ ထင်ထားသလိုပဲ အိမ်ရှေ့မင်းသားက အိမ်တော်ကနေ ဘေဂျွန်းကို စောင့်ဆိုင်းနေတယ်။ ဘေဂျွန်းဝင်လာတယ် ကြားတာနဲ့ သူက ထမခုန်ရုံတမယ်ဘဲ အိမ်တော်အခန်းထဲမှာ ပျာယာခတ်နေတယ်။
BẠN ĐANG ĐỌC
ယွန်းဘေဂျွန်း
Tiểu thuyết Lịch sửယွန်းဘေဂျွန်းဆိုတဲ့ စစ်သူကြီးက ရုပ်လေးလှသလောက် ဆိုးသွမ်းတယ် ဆိုပြီး နာမည်ကျော်တယ်။ သူ ဆိုးတဲ့ပုံစံက တစ်မျိုး.. သူ သေပေးချင်တဲ့သူအတွက်ဆိုရင် အသက်ပါပေးရဲပြီးတော့ သူ ဖျက်ဆီးပစ်ချင်တဲ့သူ ဆိုရင် အမှုန်အမွှားဖြစ်တဲ့အထိ ဖျက်ဆီးပစ်ချင်ပါတယ်တဲ့။ ဒါနဲ့ သူက င...