ယွန်းဘေဂျွန်း-၁

15.5K 684 31
                                    

ယွန်းဘေဂျွန်း-၁

@@@@@@

ဘေဂျွန်းစစ်သူကြီး၊ သူက ယွန်းမျိုးရိုးက၊ ယွန်းမျိုးရိုး ဆိုတာက မျိုးနဲ့ရိုးနဲ့ စစ်သူကြီး ဖြစ်လာတာ၊ ဘေဂျွန်းစစ်သူကြီး ဆိုတာက ဂုဏ်ပုဒ်အားဖြင့် စစ်သူကြီး အဖြစ်သာ၊ လူကို မြင်လိုက်တာနဲ့ ဘယ်လိုများ စစ်သူကြီး ဖြစ်လာတာလဲဟု ဆိုရမလိုလို၊ သို့ပေသိ အကြောင်းသိသူ တွေအားလုံးကတော့ဖြင့် ဘေဂျွန်းကို နာမည်တစ်လုံးနဲ့ ကင်ပွန်းတပ်ကြတယ်။ ရိုင်းစိုင်းသော နတ်သားဟူ၍၊

ယွန်းဘေဂျွန်း၊ အသက်ဆယ့်နှစ်နှစ်ကနေ စပြီးတော့ စစ်ထဲကို လိုက်ပါလာခဲ့တဲ့ ယွန်းစစ်သူကြီးအိမ်တော်က တရားဝင် ဒုတိယသခင်လေး။ လက်ရှိအိမ်ရှေ့စံ ဂျီဝူးရဲ့ငယ်သူငယ်ချင်း၊ ယွန်းဘေဂျွန်းအကြောင်း ပြောရရင် အိမ်ရှေ့စံမင်းသား ဆော့ဂျီဝူးကို မေ့ပစ်လို့ကလည်း မရသေး။ လက်ရှိမင်းကြီးရဲ့ ခုနှစ်ယောက်မြောက်သော သားတော် ဆော့ဂျီဝူး၊ မွေးလနဲ့ မွေးနှစ်က ယွန်းဘေဂျွန်းနဲ့အတူတူ ပေမယ့် ကွာဟတာက မွေးရက်ကလေး အနည်းငယ်မျှသာ၊ ယွန်းဘေဂျွန်းထက်ကို ငါးရက်လောက်နောက်ကျပြီးတော့ မွေးဖွားလာတဲ့ ဆော့ဂျီဝူးက ယွန်းဘေဂျွန်းကို လေးလေးစားစား ဆက်ဆံလေ့ ရှိတယ်။

ဆော့ဂျီဝူး လေးစားတဲ့ လူတွေကို လက်ချိုးပြီး ရေတွက်လိုက်ရင် သေချာပေါက် ငါးဦးတောင်မပြည့်၊ အဲ့ဒီငါးဦးထဲမှာ ယွန်းဘေဂျွန်းပါဝင်တယ်။ ဆော့ဂျီဝူးရဲ့နောက်ခံက လက်ရှိ ဂိုဂူလျောပြည်ရဲ့ဧကရီမယ်မယ်ရဲ့သားအရင်းနှစ်ဦးထားက ဒုတိယမြောက်သား၊ ပုံမှန်အားဖြင့် ဒုတိယသားတွေကို ပိုပြီး အလိုလိုက်ချစ်ခင်လေ့ မရှိကြဘူးလို့ ဆိုရပေမယ့် ဂျီဝူးကတော့ ဧကရီမယ်မယ်ရဲ့ အချစ်ရဆုံးသော သားဖြစ်တယ်။ ဘာလို့ဆို ဆော့ဂျီဝူးရဲ့အစ်ကိုကြီး ဆော့ဂျီအန်းက နန်းတော်ဆိုတာကြီးကို အမှိုက်ပုံလို သဘောထားတဲ့လူမျိုးမို့၊

သူက အမှိုက်ပုံကြီးမှာ မနေချင်ပါဘူးလို့ ဆိုလိုက်တဲ့အခါ တခြားသော မင်းသားတွေနဲ့ မိဖုရားတွေက တအံ့တသြ ဖြစ်ရုံသာ ဖြစ်ကြပေမယ့် ခမည်းတော် မင်းကြီးကတော့ ဒေါသပုန်ထပြီးနောက် နန်းတော်ကနေ မြိုင်ရပ်ကို နှင်လေတယ်။ ဂျီအန်းကလည်း ပျော်ပျော်ပါးပါးနဲ့ကို မြိုင်ရပ်ကို ထွက်ခွာသွားတော့တယ်။ နန်းတော်တွင်း ခြေပြန်မချရ အမိန့်နဲ့ သူ့ဖာသာသူ အရောင်းအဝယ် လုပ်စားနေလေရဲ့၊

ယွန်းဘေဂျွန်းHikayelerin yaşadığı yer. Şimdi keşfedin