ယွန်းဘေဂျွန်း-၂၁

2.3K 356 137
                                    

ယွန်းဘေဂျွန်း-၂၁

"စစ်ဆေးရေးတဲ!"

ယူဒို စစ်ဆေးရေးတဲ ဆိုတာကို မသိဘူး၊ ဒါပေမယ့် ကောင်းတဲ့နေရာတော့ မဖြစ်နိုင်ဘူးဆိုတာ အသံကြားတာနဲ့ နားလည်နေသည်။ ယူဒိုကို တွန်းထိုးခေါ်ဆောင် သွားပြီးနောက် တစ်နေရာအရောက်တွင် ထိုင်ခုံတစ်ခုတွင် ခြေထောက်ကို ချည်နှောင်နေတာကို ခံစားလိုက်ရသည်။

"မင်းတို့ ဘာလုပ်.. အား!!"

မေးမြန်းလိုက်သော စကားပင် မဆုံးလိုက်သေး သူ့ခြေထောက်တွေကို ကန့်လန့်တုတ်ဖြင့် ညှပ်ခံလိုက်ရသဖြင့် ယူဒို အော်ဟစ်လိုက်မိသည်။ သို့သော် တစ်ကြိမ်တည်း ဖြစ်ကာ ကျန်သော ထပ်မံ၍ ကျရောက်လာသော ညင်းပန်းမှုများအတွက် အသံတစ်စမျှ မထွက်စေရန် အံတင်းတင်းသာ ကြိတ်ထားမိတော့သည်။

"မင်းကို ဘယ်သူက ဒီကို လာနေဖို့ စေခိုင်းတာလဲ ပြောစမ်း!"

"မင်း အပိုတွေ မေးနေတာပဲ၊ မင်းတို့ အဖြေကို သိပြီးသား မဟုတ်လား"

နာကျင်လွန်း၍ အသံတွေ တုန်နေသည့်တိုင် ယူဒို ပြန်လည်ဖြေကြားမိသည်။ မြောက်ပိုင်းတပ်မဟာ ဆိုသောနေရာက ယူဒိုအနေနှင့် မည်သို့မျှ အပ်စပ်သော နေရာတစ်ခု မဟုတ်ပေ။ အကယ်၍ ဂင်အမတ်မင်း၏ သားအဖြစ် နေနေအုံးမည် ဆိုပါလျှင်တောင်မှ စစ်သည်တော် ဟူသော ဝေါဟာရက သူနှင့် သက်ဆိုင်လိမ့်မည် မဟုတ်ပေ။

"မင်း၊ ဒီဒဏ်ကို ခံနိုင်ပါ့မလားပဲ ငါ သိချင်သေးတယ်"

ယူဒို၏ လက်ချောင်းများအား တစ်ချောင်းချင်းစီကို လက်ချောင်းများအား ညှပ်ကာ အပြစ်ပေးသော ကားညှပ်အတွင်းသို့ ထည့်လိုက်လေသည်။ ယူဒို ပထမတွင် ရုန်းကန်မိသေးသည်။

သို့သော် တွေးလိုက်မိခြင်း အကြောင်းအရာက ယူဒို၏ ရုန်းကန်နေမှုများ အားလုံးကို ရပ်တန့်သွားစေသည်။ ဒီနေရာက ဂျွန်းလေး၏ ပိုင်နက်အတွင်းမှာမှ အခိုင်မာဆုံးသော ပိုင်နက်ဟု ဆိုနိုင်မည်။ ဒါကို အခုလို အခြေအနေကို ဂျွန်းလေး မသိတာ ဖြစ်နိုင်ပါ့မလား၊ ရှင်လျက်နဲ့ သေမလို ဆိုခြင်းက ဒီလိုအခြေအနေမျိုးမှာမှ ပြီးပြည့်စုံတာ မဟုတ်လား။ ဂျွန်းလေးက အမြဲတမ်း ဉာဏ်ကောင်းခဲ့တာ၊ ဘယ်တုန်းကမှ မတုံးအခဲ့ဘူး။ သူ့လို ဘာမှမဟုတ်တဲ့သူအတွက် သူ့လက်တွေကို အပေမခံနိုင်တာက ပုံမှန်ဖြစ်လွန်းနေတာပဲ၊

ယွန်းဘေဂျွန်းWhere stories live. Discover now