ယွန်းဘေဂျွန်း-၂၈

2.6K 365 89
                                    

ယွန်းဘေဂျွန်း-၂၈

ယူဒိုတို့ တောထဲကို ပြေးဝင်လာပြီးနောက် ပထမဆုံး လုပ်တာက ယာယီတပ်ခွဲမှုးတွေကို ဦးဆောင်ဖို့ ရွေးချယ်ကြတာပဲ ဖြစ်တယ်။ ဆယ်ယောက်ကို ရွေးထုတ်လိုက်ပြီးနောက်မှာ အဲဒီဆယ်ယောက်ရဲ့ ညွှန်ကြားချက်ကို လိုက်နာကြဖို့ ပြင်ကြတယ်။

အားလုံးက ကိုယ်ပိုင်တပ်စခန်း ပုံစံကျကျ ညအိပ်တည်းများကို အယောက်နှစ်ဆယ် တစ်လုံးနှုန်းနဲ့ တည်ဆောက်လိုက်ကြတယ်။ ပြီးတော့ ဓားရှည်ကိုင်သူတွေက ဓားရှည်တွေကို အသုံးပြုပြီးတော့ ဝါးများ သစ်လုံးများကို ခုတ်ထွင်တယ်။ ဝါးများနဲ့ ထောင်ချောက်ငယ်များ ပြုလုပ်တယ်။ ကန့်သတ်နေရာအတွက် သစ်လုံခံတပ်ငယ်များ ပြုလုပ်တယ်။

တင်မြောက်လိုက်တဲ့ တပ်မှုးဆယ်ယောက်က အပြင်ထွက်ပြီး တိုက်ခိုက်ဖို့ထက်ကို ခံစစ်နဲ့ကစားဖို့ ဆုံးဖြတ်ခဲ့ကြတယ်။ အဖွဲ့အတွင်း ကန့်ကွက်လိုသူ အနည်းငယ် ရှိပေမယ့် ဒီနည်းလမ်းကို လက်ခံသူက ပိုများတယ်။ ဓားမြှောင်ကိုင်တပ်သားတွေက ဝါးများကို မြှားတံအဖြစ် ပြောင်းလဲစေတယ်။ အဲဒီနည်းနဲ့ လက်နက်အနည်းငယ်ကို တိုးပွားလာစေဖို့ သူတို့က မျှော်လင့်တယ်။

ဒါပေမယ့် ဒီနည်းလမ်းတချို့တစ်လေက သူတို့ ခံတပ်ကို ကာကွယ်နိုင်ဖို့ မသေချာသလို ယူဒို ခံစားရတယ်။ ဒါပေမယ့် လိုအပ်နေတာက ဘာလဲ ဆိုတာကိုတော့ ယူဒို မသေချာသေးဘူး။ ညနေရောက်တော့ ကင်းအဖွဲ့သားတွေနဲ့ တာဝန်ကျသူတွေက စတင်ပြီးတော့ ကင်းလှည့်ကြတယ်။

ငါးရက်ဆိုတဲ့ အချိန်က ကြာမလိုလို ထင်ရပေမယ့် အခုပဲ စတင်နေပြီ ဖြစ်တယ်။ အရှုံးမလား နိုင်မလား၊ ဘယ်သူတွေပဲ ရှုံးရှုံးနိုင်နိုင် ယူဒိုကတော့ အယောက်တစ်ရာထဲကို ပါဖို့လိုတယ်။ နောက်တစ်ကြိမ် ဒါက အပြစ်ကြွေးဆပ်တဲ့ ပုံစံလား ဆိုတဲ့ မေးခွန်း ထပ်မေးမခံရအောင်တော့ ကြိုးစားရမယ်။

တပ်သားတွေ အားလုံးက စီမံထားမှုအတိုင်း တက်ညီလက်ညီ လှုပ်ရှားနေကြတယ်။ ဒီပွဲကနေ အဖွဲ့လိုက် အနိုင်ရရှိရင်ကို သူတို့တွေက အိမ်အတွက် ငွေသားတချို့နဲ့ အထည်အလိပ်တချို့ကို ပို့ပေးနိုင်မှာ ဖြစ်တယ်။ ယူဒိုက အိမ်ကို ငွေသားတချို့ အထည်အလိပ် ဒါမှမဟုတ် တခြားအရာတစ်ခုခုကို ပို့ပေးဖို့ မလိုပေမယ့် ဒုတိယအဆင့် ပြိုင်ပွဲအထိတော့ အသက်မသေသေးရင် ပါဝင်ဖို့ လိုသေးတယ်။

ယွန်းဘေဂျွန်းWhere stories live. Discover now