ယွန်းဘေဂျွန်း-၄၅

495 76 1
                                    

အခန်း-၄၅

ဆရာဝူဂျောင်းက ရုတ်ခြည်း ထိတ်လန့်သွားတယ်။ ပြီးတော့မှ ကလေးငယ်ရဲ့မျက်နှာကို ရှင်းလင်းအောင် ဆံပင်ကို သပ်လိုက်ပြီး ပြောတယ်။

"ဘာလို့လဲ သမားတော်ကြီး ကျွန်တော့်ကို ရှင်းရှင်းလင်းလင်း ပြောစေချင်ပါတယ်"

သမားတော်ကြီးက ဆီမီးခွက်ကို နံဘေးတွင် ချလိုက်ပြီးနောက် ကလေးငယ်ရဲ့ဆံပင်ကို သပ်လိုက်ပြီးတော့ တုန်တုန်ယင်ယင်နဲ့ ပြောတယ်။

"သူက လက်ရှိမင်းကြီး ငယ်တုန်းကနဲ့ တစ်ပုံစံတည်းပဲ ဆိုရင် မင်းယုံမှာလား"

ဆရာဝူဂျောင်းက ထိတ်လန့်နေဆဲ ဖြစ်ပေမဲ့ အမူအရာကို ထိန်းသိမ်းလိုက်ပြီးတော့ ပြန်မေးလိုက်တယ်။

"သမားတော်ကြီး.. သူက စစ်သူကြီးရဲ့သားပါပဲ ဒါပေမဲ့ သမားတော်ကြီးက မင်းကြီးရဲ့ငယ်ဘဝကို မြင်တွေ့ထားဖူးတော့.. သူတို့က တကယ်ပဲ တူညီနေတာလား"

နန်းတော်အတွင်း နေထိုင်ပြီး တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ လူအိုများက များများစားစား မရှိတော့ချေ။ ဆိုရလျှင် လက်ရှိမင်းကြီးရဲ့ငယ်ရုပ်သွင်ကို မြင်ခဲ့ဖူးတဲ့ လူအိုတွေဆိုတာ လက်ချိုးရေတွက်လို့ ရနေပြီဖြစ်တယ်။

ဒီသမားတော်ကြီးကတော့ လက်ရှိမင်းကြီးရဲ့ငယ်ရုပ်သွင်ကို မြင်ဖူးထားတဲ့သူ တစ်ယောက်ဖြစ်တယ်။ လက်ရှိမင်းကြီးက အသက်ငါးဆယ်ကျော်နေပြီ ဖြစ်ပေမဲ့ ဒီသမားတော်ကြီးရဲ့အသက်က ခုနှစ်ဆယ်ကျော်နေပြီ ဖြစ်တယ်။

ဒီသမားတော်ကြီး ငယ်စဉ်ကတည်းက နန်းတော်မှာ နန်းတွင်းအကူသမားတော်အနေနဲ့ လုပ်ကိုင်ခဲ့ဖူးတယ်။ ဒါကြောင့် မင်းကြီးငယ်စဉ်က မျက်နှာကို မြင်ဖူးတာက မဆန်းကျယ်ဘူး။

"သမားတော်ကြီး.. ဒါက.."

"ဒီကိစ္စက သိပ်ကို အရေးကြီးတယ် မဟုတ်ရင် ဒီကလေးရဲ့အဖေက ကျွန်တော်တို့ကို အလွတ်ပေးမှာ မဟုတ်ဘူး.."

"သူက ဘယ်သူလဲ.."

"သူက လက်ရှိစစ်သေနာပတိ ယွန်းဘေဂျွန်းပဲ.."

နှစ်ယောက်သားက ငြိမ်သက်သွားကြလေတယ်။ လက်ရှိသေနာပတိအား တွန်းလှန်နိုင်သူမှာ များများစားစား မရှိပေ။ လက်ရှိသေနာပတိအတွက်မူ လူနှစ်ယောက်အား ရှင်းပစ်ခြင်းက မခက်ခဲသော ကိစ္စရပ်သာ။

ယွန်းဘေဂျွန်းWhere stories live. Discover now