ယွန်းဘေဂျွန်း-၃၅
မနက်လင်းလို့ ဂျွန်းလေး နိုးလာတော့မှ ယူဒိုပါ ထရတယ်။ ဂျွန်းလေးက ဘာအမှားမှ မရှိတဲ့အတိုင်း အိပ်ရာကနေ ထပြီးတော့ ထွက်သွားတယ်။ ဆော့လေးကလည်း နိုးလာတော့ သူ့ခေါင်းဦးလေးကို သူ ယူပြီးတော့ ထရပ်လိုက်တယ်။
"ဖေဖေယူဒို ညက ကောင်းကောင်း အိပ်ခဲ့ရပါတယ်"
ယူဒိုလည်း အိပ်ရာကို သိမ်းလိုက်တယ်။ ပြီးမှ အခန်းထဲကနေ ထွက်လာပြီး ကိုယ်လက် သန့်စင်လိုက်တယ်။ ဒီနေ့အတွက် မြှားတံအရေအတွက်က ပိုများနေတာကို တွေ့ရတယ်။ အခုဆိုရင် ယူဒို တစ်ရက်ကို ရှစ်နာရီလုံး လေ့ကျင့်နေတာကြောင့် လက်ချောင်းတွေက ပိုပြီးတော့ သန်မာလာတယ်။
ပြီးတော့ အမြင်အာရုံက ပိုပြီးတော့ စူးရှလာတယ်။ ညပိုင်းမှာ လေ့ကျင့်ရတဲ့ မြှားချောင်းတွေကို ရိုက်ထုတ်တာက အမြင်အာရုံကို စူးရှစေပြီးတော့ လှုပ်ရှားမှုတစ်ခုချင်းစီကို အာရုံမှာ ထင်ထင်ရှားရှား မြင်လာစေတယ်။ ထင်ထင်ရှားရှား မြင်လာစေခြင်းရဲ့ အနောက်မှာ သွက်လက်တဲ့ တန်ပြန်လှုပ်ရှားမှုကို ချက်ချင်း ပြုလုပ်နိုင်တယ်။
အခုဆို ယူဒိုက မြှာအချောင်း တစ်ရာနဲ့ ငါးဆယ်ထဲကနေ အဝတ်စနီပတ်ထားတဲ့ မြှားတံနှစ်ချောင်းကို ရိုက်ထုတ်နိုင်သွားပြီ ဖြစ်တယ်။ သုံးရက်အတွင်း မြှားကောင်းကောင်း ပစ်နိုင်သွားတာက ယူဒိုအတွက် တိုးတက်မှုက မနှေးကွေးဘူးလို့ ဆိုနိုင်တယ်။ တခြားသော လက်ထောက်စစ်သူကြီးတွေ ကိုယ်ရံတော်တွေနဲ့ မယှဉ်နိုင်သေးပေမဲ့ သာမာန်လူနဲ့တော့ ကွာခြားသွားပြီ ဖြစ်တယ်။
မြှားတံတွေကို တစ်ချက် ကြည့်လိုက်ပြီးတော့ လေးကိုင်းကို ကိုင်ဖို့ ပြင်လိုက်စဉ်မှာ။
"သခင်လေး ယူဒို သခင်လေးက အိမ်တော်အဝင်မှာ စောင့်နေပါတယ်"
ယူဒို လေးကိုင်းကိုင်မယ့် လက်ကနေ ဂျောင်ဆူးအနားကို ရောက်သွားပြီး မေးလိုက်မိတယ်။
"ဘာတဲ့လဲ။ ဘာကြောင့်.."
"မသိပါဘူး။ သခင်လေးဆီကို ကိုယ်တိုင်မေးလိုက်ပါ။ မိသားစုကိစ္စတွေက ကျွန်တော်မျိုး ဝင်မပါသင့်ပါဘူး"

ВЫ ЧИТАЕТЕ
ယွန်းဘေဂျွန်း
Исторические романыယွန်းဘေဂျွန်းဆိုတဲ့ စစ်သူကြီးက ရုပ်လေးလှသလောက် ဆိုးသွမ်းတယ် ဆိုပြီး နာမည်ကျော်တယ်။ သူ ဆိုးတဲ့ပုံစံက တစ်မျိုး.. သူ သေပေးချင်တဲ့သူအတွက်ဆိုရင် အသက်ပါပေးရဲပြီးတော့ သူ ဖျက်ဆီးပစ်ချင်တဲ့သူ ဆိုရင် အမှုန်အမွှားဖြစ်တဲ့အထိ ဖျက်ဆီးပစ်ချင်ပါတယ်တဲ့။ ဒါနဲ့ သူက င...