အခန်း-၄၃
မင်းကြီးနဲ့ သီးခြားတွေ့ဆုံတဲ့ အမှုထမ်းတွေ အမတ်တွေက ဘယ်လိုနေမလဲတော့ မကြားရဘူး။ အဲဒီမှာ ဂျွန်းလေးက စစ်သေနာပတိတစ်ဦးရဲ့ အရှိန်အဝါတွေနဲ့ ထိုင်နေရလောက်တယ်။ ပြီးတော့ သေရည်သောက်နေမှာလား။ ဒီနေ့မှာ နန်းတော်ကနေ အလှလေးတွေကို မင်းကြီးက ခွင့်ပြုထားတော့ ဂုဏ်သရေရှိ လူကြီးတွေနားမှာကော အလှလေးတွေက ရှိနေမှာလား။
တွေးလိုက်မိတော့ စိတ်ထဲမှာ နည်းနည်း နေထိုင်မကောင်း ဖြစ်မိတယ်။ ဂျွန်းလေးအနားမှာဆိုရင်တော့ ဘယ်သူကမှ အလိုက်သတိနဲ့ အမျိုးသားငယ်လေး ပို့ပေးမှာ မဟုတ်ဘူးလို့လည်း တွေးမိလိုက်တယ်။
တဲရဲ့လိုက်ကာစက ဖြတ်ခနဲ လှုပ်ရှားသွားတယ်။ လှမ်းကြည့်လိုက်တော့ လေတိုးတာလား။ မသေချာ မရေရာလိုက်ဘူး။ တုတ်ကို ချလိုက်မိပြီးမှ တဲအတွင်း ပတ်ပတ်လည်ကို ကြည့်လိုက်မိတယ်။ ဘာမှ မတွေ့လို့ တုတ်ကို ပြန်ကောက်လိုက်တော့မှ အနောက်ကနေ တင်းတင်းကျပ်ကျပ် ပွေ့ဖက်မှုကို ခံစားလိုက်ရတယ်။
"ဘာလုပ်နေတာလဲ"
အနောက်ကနေ ပွေ့ဖက်လာပြီး စကားစပြောလိုက်တာနဲ့ သေရည်နံ့က နှာခေါင်းထဲကို တိုးဝင်လာတယ်။ သေရည်မူးလာတာလား။ တွေးမိပေမဲ့ မမေးမိတော့ဘူး။
"ဂျွန်းလေး.."
ယူဒို ခေါ်လိုက်ပေမဲ့ သူကတော့ ပခုံးကနေ လူကို သိုင်းဖက်ထားတာကို မလွတ်လိုက်ဘူး။ အဲဒီအစား လက်တစ်ဖက်ကို လွှတ်လိုက်ပြီးတော့ ယူဒို တုတ်ကိုင်ထားတဲ့ လက်ကို အပေါ်ကနေ အုပ်ကိုင်လိုက်တယ်။
အရင်က လက်သေးသေးလေးက အခုကျတော့ ယူဒိုရဲ့လက်ထက်ကို သိသိသာသာပဲ ကြီးမားပြီးတော့ လက်ချောင်းတွေက ရှည်သွယ်ပြီး ပြန့်ကားနေတယ်။ မေးဖျားကို ယူဒိုရဲ့ပခုံးပေါ်မှာ မှီပြီး တင်ထားပေမဲ့ တစ်ကိုယ်လုံးကို မှီထားတာတော့ မဟုတ်ပြန်ဘူး။
"နာမည်ရေးနေတာလား.. ကျွန်တော့်နာမည်ပဲ"
ပြောလိုက်ပေမဲ့ ရပ်တန့်သွားတာမျိုး မဟုတ်ဘူး။ ယူဒိုရဲ့လက်ကို ထပ်ကိုင်ထားပြီးတော့ တုတ်ငယ်လေးကို ရွေ့လျားလိုက်တယ်။ ပြီးတော့ တုတ်နဲ့တစ်ချက်ချင်း စာလုံးကို ရေးဆွဲတယ်။ နောက်ဆုံးမှာ ဂျွန်းလေးရဲ့နာမည်ဘေးနားမှာ ယူဒိုရဲ့နာမည်က ရေးလို့ ပြီးသွားတယ်။
![](https://img.wattpad.com/cover/207979988-288-k689898.jpg)
YOU ARE READING
ယွန်းဘေဂျွန်း
Historical Fictionယွန်းဘေဂျွန်းဆိုတဲ့ စစ်သူကြီးက ရုပ်လေးလှသလောက် ဆိုးသွမ်းတယ် ဆိုပြီး နာမည်ကျော်တယ်။ သူ ဆိုးတဲ့ပုံစံက တစ်မျိုး.. သူ သေပေးချင်တဲ့သူအတွက်ဆိုရင် အသက်ပါပေးရဲပြီးတော့ သူ ဖျက်ဆီးပစ်ချင်တဲ့သူ ဆိုရင် အမှုန်အမွှားဖြစ်တဲ့အထိ ဖျက်ဆီးပစ်ချင်ပါတယ်တဲ့။ ဒါနဲ့ သူက င...