ယွန်းဘေဂျွန်း-၃၀
ဖြတ်ခနဲ ဝတ်ရုံလွှာတစ်ခု လှုပ်ရှာသံ သဲ့သဲ့၊ အဲဒီနောက်မှာ ယူဒိုရဲ့ခန္ဓာကိုယ်က မြောက်ခနဲ လေပေါ်ကို မြောက်တက်သွားတယ်။ ကျောပြင်နဲ့ ကြမ်းခင်းရဲ့အထိအတွေ့က..။
"ဘုတ်.. အ"
ညီးညူသံ သဲ့သဲ့က အံကြိတ်ထားတဲ့ကြားက သွားကြားထဲက ထွက်ဖြစ်အောင် ထွက်လာသေးတယ်။ ကျောတစ်ပြင်လုံး အောင့်တက်သွားတာက အသာအယာလေး မဟုတ်ခဲ့ဘဲ။
ဂျွန်လေးက လည်ပင်းကနေ ကိုင်မြောက်ခြင်း ဆောင့်ချခြင်း နှစ်မျိုးလုံးကို လျင်မြန်တဲ့အဟုန်နဲ့ လှုပ်ရှားလိုက်တာမို့ အားလုံးက အကြောင်သားဖြင့် ငေးနေကြတယ်။
ဂျောင်ဆူးကတော့ သခင်လေး လှစ်ခနဲ လှုပ်ရှားလိုက်တာကို လက်ဆန့်တန်းပြီး တားမိမလို ရှိလိုက်သေးတယ်။ ဒါပေမဲ့ လက်ကို အသာအယာ ပြန်သိမ်းထားလိုက်ပြီး မြင်ကွင်းကို အသာကြည့်မိတယ်။
ခုန်တယ်။ အနားကို ရောက်သွားတယ်။ ဒူးကွေးတယ်။ လက်တစ်ဖက်တည်းကပဲ အသာအယာ ရွေ့လျားတယ်။ ပြီးတော့ ခါးကိုပါ မြောက်အောင် မထားပြီးတော့ ကျောပြင်နဲ့ အတိအကျ မြေပြင်ကို ရိုက်ခတ်စေတယ်။ ဂျောင်ဆူး စိတ်ထဲမှာ တိုးတိုး ရေရွတ်မိတယ်။ ~မထိခိုက်စေဘူး။ အပြင်ကနေ နည်းနည်းပဲ နာတာ~..။
ကြည့်ရတာ သူ့သခင်လေးက သူ့ဒေါသကိုတောင်မှ အတော်အတန် ထိန်းသိမ်းသွားနိုင်ပြီနဲ့ တူတယ်။ အများအမြင်မှာ ပြင်းထန်စွာ အပြစ်ပေးလိုက်တယ်ပေါ့။ ဒါပေမဲ့ ဒီလှုပ်ရှားမှုတွေကို ဂျောင်ဆူးအဆင့်လောက်ထိ တိုက်ခိုက်ရေး မြင့်မားတဲ့သူကတော့ အသေချာ နားလည်လိမ့်မယ်။ ဒါက လုံးဝကို အတွင်းမှာ ဒဏ်ရာမရစေဘူး။
အလှပြ လှုပ်ရှားမှု သက်သက်ပဲ။ အလှပြ လှုပ်ရှားမှု ဆိုပေမဲ့လည်း ဂျောင်ဆူးကတော့ ထုတ်ပြောလိမ့်မည် မဟုတ်ပေ။ ဘယ်သူကများ သတ်ဖြတ်တဲ့နတ်ဆိုးကို ရန်စရဲမှာလဲ ဂျောင်ဆူးတော့ မပါဘူး။ သခင်လေး လုပ်နေသမျှကို သိနေရင်တောင် ဂျောင်ဆူးက မျက်နှာပဲ လွဲနေမှာ သေချာတယ်။ မှားနေရင်တောင်မှ သခင်လေး မှားနေပါတယ် ဆိုတာမျိုး ပြောမှာ မဟုတ်ဘူး။ သခင်လေးက စင်ပေါ်ကို ပြန်တက်လာပြီး ထွက်သွားတော့ အနောက်ကနေ လိုက်သွားတယ်။
YOU ARE READING
ယွန်းဘေဂျွန်း
Historical Fictionယွန်းဘေဂျွန်းဆိုတဲ့ စစ်သူကြီးက ရုပ်လေးလှသလောက် ဆိုးသွမ်းတယ် ဆိုပြီး နာမည်ကျော်တယ်။ သူ ဆိုးတဲ့ပုံစံက တစ်မျိုး.. သူ သေပေးချင်တဲ့သူအတွက်ဆိုရင် အသက်ပါပေးရဲပြီးတော့ သူ ဖျက်ဆီးပစ်ချင်တဲ့သူ ဆိုရင် အမှုန်အမွှားဖြစ်တဲ့အထိ ဖျက်ဆီးပစ်ချင်ပါတယ်တဲ့။ ဒါနဲ့ သူက င...