ယွန်းဘေဂျွန်း-၅၈

229 39 2
                                    

58 01

ယွန်းဘေဂျွန်း-၅၈

ဂင်အိမ်တော်ရဲ့ အပြင်အဆင်က ပွဲလမ်းသဘင်အတွက်မှန်း သိသိသာသာ ဖြစ်နေတယ်။ ရောင်စုံစက္ကူကြိုးတန်းတွေကို ချိတ်ဆွဲထားပြီးတော့ လှပတဲ့ အခင်းအကျင်းတွေလည်း ရှိနေတယ်။ အခန်းထဲမှာတော့ မီးရောင်မှိန်မှိန်လေးက တလဲ့လဲ့ တောက်ပနေတယ်။

ယူဒိုရဲ့ ရင်ခွင်ထဲက ကလေးငယ်လေးက ခေါင်းမော့ပြီးတော့ မေးမြန်းလာတယ်။

"အစ်ကိုယူဒို ကျွန်တော်က ကျင့်ဝတ်တရားစာအုပ်နဲ့ အဆင့်မြင့်ပညာရပ်စာအုပ်ကို အလွတ် ရွတ်နိုင်သွားရင် ဆုတစ်ခု တောင်းလို့ ရမလား"

"ဂျွန်းလေးက ဘာလိုချင်လို့လဲ"

ယူဒိုက ဂျွန်းလေးကို စိတ်လက်ကြည်သာစွာနဲ့ အမေးထုတ်လိုက်ပါတယ်။ ကလေးငယ်လေးက မပျော်ရွှင်နေဘူးဆိုတာကို ယူဒိုက ကိုယ်တိုင် ထိန်းခဲ့တဲ့ ကလေးငယ်လေးမို့ သိနေပါတယ်။

"အစ်ကိုယူဒို ပေးမှာလား ဆိုတာကို သိချင်တာ။ ပြန်မမေးရဘူး"

ရင်ခွင်ထဲက ကလေးငယ်လေးက စိတ်မလုံခြုံနေဘူးဆိုတာကို ခြေထောက်လေးတွေ လက်လေးတွေ ပိုပို ကွေးညွှတ်သွားတာကနေ ခံစားသိနိုင်တယ်။

"ဂျွန်းလေး လိုချင်တာကို သိမှ အစ်ကိုယူဒိုက ပေးနိုင်မှာလား မပေးနိုင်ဘူးလား ဆိုတာကို ပြောနိုင်မှာပေါ့"

"ဂျွန်းလေး လိုချင်တာက... ဂျွန်းလေး လိုချင်တာက တန်ဖိုးကြီးတယ်။ ပြောလို့မရဘူး။ အစ်ကိုယူဒို ပေးမယ် ဆိုမှ... ပြီးတော့ ဂျွန်းလေးက အလွတ်ရွတ်ဆိုနိုင်ပြီးမှ အဲဒါကို ထုတ်ပြောလို့ ရမှာ..."

ယူဒိုက ကလေးငယ်လေး စိတ်မလုံမခြုံ ဖြစ်နေတာကို ပြေပျောက်စေချင်တဲ့ ဆန္ဒနဲ့ ရင်ခွင်ထဲက ကလေးလေးကို လက်နှစ်ဖက်လုံးနဲ့ တင်းတင်း ပွေ့ပိုက်ပြီးတော့ ခေါင်းညိတ်ပြလိုက်တယ်။ ကလေးလေး ခေါင်းပေါ်မှာ မေးစေ့လေး တင်လိုက်ပြီးတော့ သေသေချာချာလေး ပြောလိုက်တယ်။

"ကောင်းပြီ ဂျွန်းလေး ဖြစ်ချင်တာကို အစ်ကို လုပ်ပေးမယ် ဟုတ်ပြီလား"

+++++

အဲဒီဆုက ဘယ်တုန်းကမှ မပြည့်ခဲ့ဘူး။ ဆုတောင်းခဲ့တဲ့ ကလေးငယ်လေးကို နာကျင်စေခဲ့တာ ကလွဲလို့ ယူဒိုက အဲဒီဆုကို မဖြည့်ဆည်းပေးနိုင်ခဲ့ဘူး။ အခုအထိပါပဲ။

ယွန်းဘေဂျွန်းOù les histoires vivent. Découvrez maintenant