ယွန်းဘေဂျွန်း-၇
အားလျော့စွာ ပြောလိုက်သော အသံနောက်တွင် ဘေဂျွန်း၏ စိတ်ဝိဉာဉ်ပါ ပါသွားတော့မတတ်ပင်၊ တစ်သက်လုံး ပြေးနေခဲ့တာလား၊ ဘာအတွက်လဲ၊ ပြန်တောင်းပန်ဖို့ မတွေးပဲနဲ့ ပြေးဖို့ တွေးနေခဲ့တာလား၊ သူက ပြန်တောင်းပန်ဖို့ မထိုက်တန်လောက်အောင်..၊
အတွေးက ထိုတွင် ရပ်တန့်သွားလေသည်။ သောက်ကျိုးနဲပဲ၊ သူက တောင်းပန်ဖို့ စကားတောင် ပြောဖို့ မထိုက်တန်တဲ့ကောင်ပေါ့။ ပြီးတော့ သူ့ဘဝတစ်ခုလုံးကို ပြောင်းပြန်လှန် ပစ်လိုက်ပြီးတာတောင်မှလေ၊
"ဂျောင်ဆူး၊ မင်းသားကို အိမ်တော်ကို ပြန်ပို့ပေးလိုက်ပါ၊ ကောင်းကောင်း မွန်မွန်လေး"
"ယူဒို မင်း ဒီမှာနေခဲ့လို့ မရဘူး၊ ဒါက မင်းမှားတဲ့ ဆုံးဖြတ်ချက်နော်၊ ယူဒို"
"ငါ ပင်ပန်းနေပြီ ဂျီအန်း"
"တွေ့လား မင်းနောက်ကို သူ မလိုက်ချင်ဘူး၊ တစ်ညတည်းပေမယ့် ငါ့ရဲ့စွမ်းဆောင်ရည်က သောက်ကျိုးနဲအောင် ကောင်းတယ်လေ၊ မခွဲချင်ဘူးဖြစ်သွားတာတော့ မတတ်နိုင်ဘူး"
"ယွန်းဘေဂျွန်း!! မင်း ညစ်တီးညစ်ပတ်တွေ မပြောနဲ့"
"ဂျီအန်း သွားတော့"
ဂင်ယူဒိုက ပြောပြီးသည်နှင့် အိမ်တော်ဘက်သို့ ဦးတည်လိုက်ပြီး ဖြည်းလေးစွာဖြင့် လျှောက်သွားလေသည်။ မင်းသားဂျီအန်းက လက်မလျော့ချင်သေးဟန် ဖြစ်သော်လည်း၊
"ယွန်းဘေဂျွန်း! မင်း ယူဒိုကို တစ်ခုခု ပြင်းပြင်းထန်ထန် လုပ်မယ် ဆိုရင် ငါ မင်းကို သေချာပေါက် လက်တုန့်ပြန်မယ်"
"အဲ့ဒါမှ ပြသနာပဲ၊ ငါက သူ့ကို ညတိုင်း ပြင်းပြင်းထန်ထန် လုပ်မှာ"
ဘေဂျွန်း မင်းသားဂျီအန်းကို မျက်နှာလွဲလိုက်တာနှင့် အိမ်တော်ဘက်ကသို့ တရွေ့ရွေ့သွားနေသော ထိုလူသားထံသို့ ခြေလှမ်းကျဲကျဲဖြင့် လျှောက်သွားပြီးနောက် ဂုတ်မှဆွဲကိုင်ကာ အိမ်ပေါ်သို့ လှမ်းတက်လိုက်သည်။ သူ့လက်ထဲမှာ ယက်ကန်ယက်ကန် ပါလာသော ထိုလူသားက အတန်ငယ် ရုန်းကန်နေသေးသည်။
BẠN ĐANG ĐỌC
ယွန်းဘေဂျွန်း
Tiểu thuyết Lịch sửယွန်းဘေဂျွန်းဆိုတဲ့ စစ်သူကြီးက ရုပ်လေးလှသလောက် ဆိုးသွမ်းတယ် ဆိုပြီး နာမည်ကျော်တယ်။ သူ ဆိုးတဲ့ပုံစံက တစ်မျိုး.. သူ သေပေးချင်တဲ့သူအတွက်ဆိုရင် အသက်ပါပေးရဲပြီးတော့ သူ ဖျက်ဆီးပစ်ချင်တဲ့သူ ဆိုရင် အမှုန်အမွှားဖြစ်တဲ့အထိ ဖျက်ဆီးပစ်ချင်ပါတယ်တဲ့။ ဒါနဲ့ သူက င...