ယွန်းဘေဂျွန်း-၁၁
ယူဒို မျက်လုံးတွေ ပွင့်လာတော့ အဝတ်စတွေ အထပ်ထပ်နဲ့ တစ်ကိုယ်လုံးကို ကျပ်စီးထားသလို ဖြစ်နေသည်။ အိပ်ရာပေါ်က ထထိုင်ဖို့ ကြိုးစားလိုက်တော့ တင်းကျပ်နေတဲ့ ပတ်တီးစတို့နှင့် တင်းခနဲ ဆွဲလိုက်သလို ဖြစ်ပြီး နာကျင်သွားမှုဟာ မျက်ရည်စတို့ လိမ့်ခနဲ လိမ့်ခနဲ ကျဆင်းလာတော့မလိုပင်၊
အားတင်းပြီး ထထိုင်လိုက်တော့ အိပ်ရာနွေးနွေးတစ်ခုပေါ်မှာ ဖြစ်သည်။ တစ်ခန်းလုံး ဆီမီးတိုင်တို့ လင်းထိန်နေ၍ ညအချိန်သို့ ရောက်ရှိသွားမှန်း သိနားလည်လိုက်သည်။
"နိုးလာပြီလား"
အမေးစကားမှာ ဆတ်ခနဲ လှည့်ကြည့်မိတော့ ပုခုံးနားမှ ဒဏ်ရာက ဆတ်ခနဲ မျက်ခနဲ၊ ယူဒို မျက်နှာကို ရှုံ့မဲ့မိတော့မလိုပင်၊ ဂျွန်းလေးက အခန်းထောင့်တွင် ငြိမ်သက်စွာ ထိုင်နေခဲ့ဟန် တူသည်။ အခုကျတော့ ပျင်းရိပျင်းတွဲဟန်ဖြင့် ထရပ်လာပြီးနောက် မနီးမဝေးမှာ ရှိတဲ့ ထမင်းဟင်းတွေ ခင်းထားပြီးသား စားပွဲကို မယူလာသည်။ ယူဒို၏အရှေ့တွင် ချလိုက်ပြီးနောက် တူတစ်စုံနှင့် ဇွန်းကို ယူဒိုဘက်တွင် ကျကျနန တင်ပေး၏။
မနေ့ညတုန်းကလည်း ထမင်းစားပွဲတော့ ကျကျနန ပြင်ထားတာပဲ၊ ဒါပေမယ့် အဆုံးသတ်မှာ ထမင်းတွေ ဟင်းတွေ ဆုံးရှုံးခဲ့ရတာပဲ အဖတ်တင်သည်။ ဒီနေ့နဲ့ ဆိုရင် ယူဒို အစားမစားရတာ သုံးရက် ပြည့်တော့မည်။ ခန္ဓာကိုယ်က ဘယ်အထိ အစားမစားပဲ ခံနိုင်ရည်ရှိနိုင်မလဲ ဆိုတာကို ယူဒို သေချာတော့ မသိပေမယ့် ဟိုးအရင် ပြေးလွှာရင်း လှေမှောက်သွားတုန်းက ဘယ်ကို ရောက်နေမှန်း မသိပါပဲနှင့် တောထဲတောင်ထဲမှာ ခုနှစ်ရက်ရှစ်ရက်ထက် မနည်း အစားငတ်ခဲ့ဖူးသည်။
စားလို့ရမရ မသေချာတဲ့ အသီးတွေကို မစားရဲသလို တောကောင်တွေကို သတ်စားဖို့က ယူဒိုက အမဲလိုက်တာကို မကျွမ်းကျင်ခဲ့သူ ဆိုတော့ တတ်နိုင်တာက စမ်းရေကို သောက်နေရုံသာ သောက်နိုင်ခဲ့သည်။ နောက်ဆုံးမှာတော့ ထိုတောထဲကနေ ပြန်ထွက်လာနိုင်ခဲ့ပြီး ထိုမှတစ်ဆင့် နန်းမြို့တော်မှ သတင်းပို့ရန် ခက်ခဲသော တခြားတစ်နေရာသို့..၊ ထားလိုက်ပါတော့ လွန်ခဲ့တဲ့ ဆယ့်လေးနှစ်လုံး ပြေးလွှားနေခဲ့ရတဲ့ အကြောင်းအရင်းကို၊

BẠN ĐANG ĐỌC
ယွန်းဘေဂျွန်း
Tiểu thuyết Lịch sửယွန်းဘေဂျွန်းဆိုတဲ့ စစ်သူကြီးက ရုပ်လေးလှသလောက် ဆိုးသွမ်းတယ် ဆိုပြီး နာမည်ကျော်တယ်။ သူ ဆိုးတဲ့ပုံစံက တစ်မျိုး.. သူ သေပေးချင်တဲ့သူအတွက်ဆိုရင် အသက်ပါပေးရဲပြီးတော့ သူ ဖျက်ဆီးပစ်ချင်တဲ့သူ ဆိုရင် အမှုန်အမွှားဖြစ်တဲ့အထိ ဖျက်ဆီးပစ်ချင်ပါတယ်တဲ့။ ဒါနဲ့ သူက င...