ယွန်းဘေဂျွန်း-၁၆
ဘေဂျွန်း ရင်ဘတ်တွေက ပြည့်နှက် တင်းကျပ်နေသည်။ ဆို့နစ်ခြင်း ကျပ်စည်းခံထားရခြင်းတို့ဖြင့် အသားအရေကလည်း စိုစိုစွတ်စွတ်နှင့် ခြောက်ကပ်နေသည့် နေရာက ခြောက်ကပ်နေပြန်သည်။ အသိတရားတို့က ဝင်တစ်လှည့် မဝင်တစ်လှည့်၊ အသက်ရှုမဝတဝတွင် ပါးစပ်ဖြင့် ရှုဖို့ ကြိုးစားလိုက်တော့ အရည်တွေက အလိပ်လိုက် ပါးစပ်အတွင်းဝယ် ပြည့်ကျပ်သွားပြန်သည်။
အရည်တွေ၊ ဆိုတာကို အာရုံရလိုက်သည်နှင့် ရေနစ်နေတာလားဟု ပထမဆုံး အတွေးဝင်မိသည်။ ရေနှစ်နေရင်လည်း တစ်ကိုယ်လုံး စိုရမည်။ အခုကျ ထိုသို့မဟုတ်၊
ဘေဂျွန်း အလျော့အတင်း နည်းပါးလှသော အသိတရားကို ကိုယ်ဆီကို အရောက် မနည်းပြန်ကပ်ရသည်။ ပါးစပ်ထဲမှာ မွန်းနေတဲ့ အရည်တွေက ရေတွေတော့ မဟုတ်၊ စေးပျစ်ပျစ်နှင့် သွေးတွေ၊ အသိဝင်လာသည်နှင့် အနားတွင် ခပ်တိုးတိုး ခေါ်နေသော အသံကို စတင် ကြားရသည်။
"ဘေဂျွန်း.. ယွန်းဘေဂျွန်း မင်း ဒီလိုနဲ့ သွားလိုက်လို့ မရဘူးလေ၊ ဘေဂျွန်း"
ငိုတော့မလို ရယ်တော့မလို အသံက တကယ့်ကို ငှက်ဆိုးထိုးသံအလား၊ ဆော့ဂျီဝူး။ ဒီကောင် ငိုမှာလား ရယ်မှာလား၊
"အဟွတ် အဟွတ် အ အွတ် ဖူး"
ဘေဂျွန်း လဲအိပ်နေရာက လူးလဲ ထရပ်လိုက်တော့ ချောင်းထဆိုးကာ ပါးစပ်အတွင်းမှ သွေးတို့က အပြင်ဖက်သို့ ကန်ထွက်လာသည်။ အသိတရားတို့ လုံးလုံး ပြန်ကပ်သွားပြီ ဖြစ်သည်။ နှလုံးနှင့် နီးသော ရင်ဘတ်အပေါ်ပိုင်းတွင် မြှားနှစ်စင်းက ရင်ဘတ်မှာ တန်းလန်း ဖြစ်နေဆဲ ဖြစ်သည်။
"ဆော့ဂျီဝူး"
"အင်း ငါ ရှိတယ်၊ ငါရှိတယ်"
"မင်း သောက်ပါးစပ်ပိတ်ထား!"
ဘေဂျွန်းက ခေါ်လိုက်လို့ အားရဝမ်းသာ ဖြစ်သွားသော ဂျီဝူးက ဘေဂျွန်း၏ စကားကြောင့် အတန်ငယ် ငြိမ်သက်သွားပြီး စိတ်အေးသွားဟန် တူသည်။ အနီးအနားပတ်ဝန်းကျင်တွင် မည်သူမျှ ရှိမနေပါပဲနှင့် ဘေဂျွန်းတစ်ကိုယ်လုံး ဒဏ်ရာဒဏ်ချက်တွေနဲ့ သွေးတို့ကလည်း ဟိုတစ်စ ဒီတစ်စ စိမ့်ထွက်နေခဲ့ပြီး ခြောက်သွေ့သွားသော နေရာတချို့က တင်းတင်းကပ်ကပ်နှင့်၊
JE LEEST
ယွန်းဘေဂျွန်း
Historische fictieယွန်းဘေဂျွန်းဆိုတဲ့ စစ်သူကြီးက ရုပ်လေးလှသလောက် ဆိုးသွမ်းတယ် ဆိုပြီး နာမည်ကျော်တယ်။ သူ ဆိုးတဲ့ပုံစံက တစ်မျိုး.. သူ သေပေးချင်တဲ့သူအတွက်ဆိုရင် အသက်ပါပေးရဲပြီးတော့ သူ ဖျက်ဆီးပစ်ချင်တဲ့သူ ဆိုရင် အမှုန်အမွှားဖြစ်တဲ့အထိ ဖျက်ဆီးပစ်ချင်ပါတယ်တဲ့။ ဒါနဲ့ သူက င...