အခန်း-၄၈
"ဒီ အီဒူယော့က ကြားဖူးတယ် ဘေဂျွန်းစစ်သူကြီးက သူ့မျက်နှာကို ကြည့်တာ မကြိုက်ဘူးတဲ့ ဒီတော့ ကျွန်မက မျက်နှာကို မကြည့်ဘဲနဲ့ အဝတ်တွေကို ချွတ်ပြီးပဲ ကြည့်မယ် ဆိုရင်ကော.."
ဘေဂျွန်း ထိုနေရာတွင် ရပ်နေမိဆဲ ဖြစ်ကာ.. တိုးကပ်လာတဲ့သူမနဲ့ သူ့ကိုယ်အကြားမှာ ဓားကို တည့်မတ်စွာ ထောက်ထားလိုက်တယ်။
"ကံဆိုးတာပဲ ရင်သားတွေကို စိတ်မဝင်စားဘူး"
စစ်သူကြီးက တစ်ခုခု လုပ်ချပစ်လိုက်တော့မယ်လို့ တွေးလိုက်မိတဲ့ ကင်ဆိုအီကတော့ ဟင်းခနဲ သက်ပြင်းချလိုက်မိတယ်။ ကုန်သည်အီက ခါးထောက် ခေါင်းမော့ပြီး ရယ်နေတယ်။
"သေချာသွားပြီပေါ့.. ကျွန်မက လှတယ်လို့ ကိုယ့်ကိုယ်ကိုယ် ထင်တာပါပဲ ဆွဲဆောင်မှု မရှိလို့လား"
"မင်း လိုနေတာက ငါ့ကို မဟုတ်ဘူးလေ.."
"အဟက် ဟား ဟား.. ယွန်းဘေဂျွန်းကတော့ ယွန်းဘေဂျွန်းပါပဲ.."
"အလှတရားက လူတိုင်းမှာ ရှိတာ မဟုတ်သလို လူတိုင်းက ခံစားနိုင်တာမျိုး မဟုတ်ဘူး"
ကုန်သည်အီက ခုနက ပစ်ချထားတဲ့ အပေါ်ရုံကို ပြန်ကောက်တယ်။ ခါလိုက်ပြီးတော့ သူမကိုယ်ပေါ်မှာ ပြန်ပတ်လိုက်တယ်။
"ဒါနဲ့ မင်းရဲ့အလှတရားလေး ပြန်ရောက်နေပြီဆို ငါကြားတယ်"
"အင်း.."
ဘေဂျွန်းက အင်းတစ်လုံးတည်းကို ဖြေလိုက်ပြီးတော့ ရေနွေးကန်ရှိတဲ့နေရာကနေ ဘေးနားက အခန်းထဲကို လှမ်းဝင်သွားလိုက်တယ်။ မကြာခင်မှာပဲ ကင်ဆိုအီနဲ့ အီဒူယော့က လိုက်ဝင်လာတယ်။
အခုကျတော့ အီဒူယော့က အမျိုးကောင်းသားပုံစံလေးနဲ့ ပိုးသားဝတ်ရုံပြည့်ကို ဝတ်ဆင်ထားပြီးတော့ ဦးထုပ်ကို ကိုင်ဆောင်ထားတယ်။ မျက်ခုံးထင်းထင်းနဲ့ ဒီမိန်းကလေးက အမှန်တကယ် သန်မာတယ် ဆိုတာကို ဘေဂျွန်းတောင်မှ အသိအမှတ်မပြုလို့ မရနိုင်ဘူး။
အီဒူယော့က ဝင်ထိုင်လိုက်တာနဲ့ သူရထားတဲ့အရာတွေကို စပြောပြတယ်။
ESTÁS LEYENDO
ယွန်းဘေဂျွန်း
Ficción históricaယွန်းဘေဂျွန်းဆိုတဲ့ စစ်သူကြီးက ရုပ်လေးလှသလောက် ဆိုးသွမ်းတယ် ဆိုပြီး နာမည်ကျော်တယ်။ သူ ဆိုးတဲ့ပုံစံက တစ်မျိုး.. သူ သေပေးချင်တဲ့သူအတွက်ဆိုရင် အသက်ပါပေးရဲပြီးတော့ သူ ဖျက်ဆီးပစ်ချင်တဲ့သူ ဆိုရင် အမှုန်အမွှားဖြစ်တဲ့အထိ ဖျက်ဆီးပစ်ချင်ပါတယ်တဲ့။ ဒါနဲ့ သူက င...