ယွန်းဘေဂျွန်း-၂၉
ညနက်နက်တွက် အမှောင်က ကြီးစိုးနေတယ်။ တပ်သားများက ကင်းလှည့်သူလှည့် နေကြတယ်။ ဝါးကို ဓားနဲ့ဖျင်နေတဲ့သူတွေဖျင်၊ ထောင်ချောက်အတွက် ပြင်ဆင်သူတွေက ပြင်ဆင်နဲ့ ယူဒိုတို့တပ်စခန်းက အသက်ဝင်နေဆဲ ဖြစ်တယ်။
ယူဒိုရဲ့အကြံစည်ကို နောက်ဆုံးမှာ သူတို့က လက်ခံလိုက်ကြတယ်။ ယူဒိုကိုတော့ ထောင်ချောက်တွေကို ကြီးကြပ်စေဖို့် စေခိုင်းထားတယ်။ ထောင်ခြောက်တွေကို ထောင်ခြောက်တွေမှန်း မသိသာစေဖို့် ဝါးကိုင်းတချို့နဲ့ သစ်ရွက်ခြောက်တွေကို အသုံးပြုရတယ်။
အားလုံးက တက်ညီလက်ညီနဲ့ လှုပ်ရှားကြတယ်။ မိုးသောက်လုမှာ ဝါးနဲ့ပတ်သတ်တာ တချို့ကို ပြီးစီးသွားတယ်။ ဝါးချောင်းတွေကို မြှားအဖြစ်အသုံးပြုဖို့ ယူဒိုတို့ မြှားသမားတွေကို အညီအမျှ ခွဲဝေလိုက်တော့ မြှားသမားတွေဆီမှာ မြှားတံအရေအတွက်က ထပ်တိုးလာတယ်။ ဝါးကနေ ပြုလုပ်ထားတဲ့ မြှားတံတွေက နေလှမ်း ကျပ်ကင်ထားပြီး မြှားခေါင်းပါတဲ့ မြှားတွေလောက် အရည်အသွေး မကောင်းပေမယ့် လက်နက်တစ်ခု အဖြစ်တော့ အသုံးပြု နိုင်သေးတယ်။
မိုးသောက်တော့ တောအတွင်းမှာ ဟစ်အော်သံတချို့ ကြားရတယ်။ တပ်မှူးတွေက ယူဒိုတို့ကို နယ်နိမိတ်စည်း သတ်မှတ်ထားတဲ့အတွင်းကနေ မထွက်စေဘူး။ ထောင်ခြောက်တွေကို အမှားအယွင်းမရှိ တပ်ဆင်ပြီးတဲ့နောက် ခြေလှမ်းနှစ်ဆယ်အတွင်းမှာ အဲ့ဒီအနီးအနားကို ဖြတ်သွားဖို့် အချင်းချင်း ပြောဆိုတားမြစ်ကြပြီး ဖြစ်တယ်။
ဒီလို အနေအထားနဲ့ဆိုရင် ကောင်းမွန်တဲ့ ခံစစ်အတွက် အဆင်သင့်ဖြစ်လုနီးပါးလို့ ဆိုနိုင်ပြီ ဖြစ်တယ်။ လက်ရွေးစင်စစ်သည်တော်တွေက ထောင်ခြောက်တွေအနားမှာ အဆင်သင့်စောင့်ဆိုင်း နေကြတယ်။ တစ်ဖက်ကနေ လူတွေ ကျွံလာတာနဲ့ လျင်မြန်စွာ တုန့်ပြန်နိုင်စေမယ့် အနေအထားကို ယူထားကြတယ်။
ယူဒိုတို့လို တပ်သားအငယ်လေးတွေကတော့ ထောင်ခြောက်ကနေ ကျွံဝင်လာပြီး နောက်တစ်ဆင့်အတွက် မြေဝပ်ကျင်းထဲမှာ တိုက်ခိုက်ကြဖို့် ပြင်ဆင်ထားကြတယ်။ ယူဒိုတို့ မသိလိုက်တာက သူတို့အနီးအနားမှာ အမှတ်ပေးဖို့ အကဲဖြတ်နေတဲ့ အရိပ်ကိုယ်ရံတော်တွေ ရှိတယ် ဆိုတာကို ဖြစ်တယ်။
![](https://img.wattpad.com/cover/207979988-288-k689898.jpg)
DU LIEST GERADE
ယွန်းဘေဂျွန်း
Historische Romaneယွန်းဘေဂျွန်းဆိုတဲ့ စစ်သူကြီးက ရုပ်လေးလှသလောက် ဆိုးသွမ်းတယ် ဆိုပြီး နာမည်ကျော်တယ်။ သူ ဆိုးတဲ့ပုံစံက တစ်မျိုး.. သူ သေပေးချင်တဲ့သူအတွက်ဆိုရင် အသက်ပါပေးရဲပြီးတော့ သူ ဖျက်ဆီးပစ်ချင်တဲ့သူ ဆိုရင် အမှုန်အမွှားဖြစ်တဲ့အထိ ဖျက်ဆီးပစ်ချင်ပါတယ်တဲ့။ ဒါနဲ့ သူက င...