"ဒါနဲ့ နင်က ဒီဆိုင်မှာ ငါရှိမှန်း ဘယ်လိုသိလဲ"
သော်နိုး က ဖျော်ရည်တစ်ငုံသောက်လိုက်ပြီးမှ
"မသိပါဘူး..မက်မန်းသီး ခူးချင်လို့ လျှောက်ပြောလိုက်တာ..ပိုင်ရှင်သားက သူများခေါ်တိုင်း အားအားယားယား ရောက်လာမယ်လည်း မထင်လို့ ပြောမိတာကို နင်ရောက်လာတာပဲ"
သော်နိုး အမှန်အတိုင်းပင်ပြောလိုက်တော့ သူက သဘောတကျပြုံး၏။
"အခုရော မက်မန်းသီး ခူးချင်သေးလား.."
ထိုသူကအပြုံးတစ်ခုနဲ့ မေးလာတာကြောင့် သော်နိုး လက်ထဲက ပစ္စည်းတွေအကုန်ချပြီး မျက်နှာထက်မှာ ဒီနေ့အတွက် အလှပဆုံးနဲ့ အစစ်မှန်ဆုံး အပြုံးတစ်ခုဆင်မြန်းကာခေါင်းညိတ်ပြမိ၏။
"ဟားဟား...ချစ်ဖို့ကောင်းချက်...သွားမယ်"
သော်နိုး စားပွဲဝိုင်းက လူတွေကို 'လိုက်မလား' ဟူသောသဘောနဲ့ မေးဆတ်ပြလျှင် ခေါင်းရမ်း ပြသူကများ၏။ယုစံနဲ့ နန္ဒာကတော့ လိုက်မည်ဟုဆိုသည်။အဖော်ပါသွားတာမို့ ပြည့်သျှန် လည်း သော်နိုး တို့နဲ့မလိုက်ဘဲ စားပွဲဝိုင်းမှာသာနေခဲ့တော့သည်။သော်နိုး တို့ထွက်သွားတာနဲ့ ပြည့်သျှန်က ပုစွန်ဟင်းထပ်မှာလိုက်ပြီး အခွံခွာကာ ပန်းကန်လွတ်တစ်ခုထဲထည့်လိုက်သည်။အားလုံးအခွံခွာပြီးမှ သော်နိုး ထမင်းပန်းကန် ရှေ့ချထားပေးလိုက်၏။ဝေယံကလည်း ပုစွန်အချို့နွှာကာ ထိုပန်းကန်ထဲထည့်ပေးလိုက်၏။ပြည့်သျှန် မျက်ခုံးပင့်လိုက်ကာ ကြည့်မိသော်ငြား ဘာမှတော့မပြောမိ။
သော်နိုး တို့ မက်မန်းပင်တွေဘက်ရောက်လာတော့ မက်မန်းပင်အောက်မှာ ခါးထောက်ရပ်ရင်း အပင်ပေါ်မော့ကြည့်နေတဲ့ ကောင်လေးတစ်ယောက်ကို တွေ့လိုက်ရ၏။ထိုကောင်လေးက တီရှပ်အပွနဲ့ ဘောင်းဘီတိုကို ဖိနပ်ပါးလေးနဲ့ ဝတ်ဆင်ထား၏။ခြေသလုံး ဖွေးဖွေးထက် မွေးညှင်းစိမ်းစိမ်းလေးတွေက ကြည့်ရဆိုးမနေဘဲ ပိုလိုက်သယောင်။သော်နိုး တို့ဘေးက လူက ရုတ်တရတ် အပြေးသွားကာ
"ဇွဲလျှံ!!!...ဘာလို့နေပူကြီးထဲရပ်နေတာလဲ...အိမ်ထဲမှာနေဆိုတာကို နားမထောင်ဘူးကွာ...ထပ်ဖျားရင် ဘယ်လိုလုပ်မလဲ"
YOU ARE READING
ဖူးစာမယ်ရဲ့အတ္တ သို့ မာန
Romanceငါ့ရဲ့ဖြစ်တည်မှုကတခြားသူတွေကိုအနှောင့်အယှက်ဖြစ်စေလိမ့်မယ်လို့တခါမှမတွေးဖူးဘူးအထူးသဖြင့်နင့်အတွက်ငါ့ဖြစ်တည်မှုကိုတန်ဖိုးထားခဲ့တဲ့နင့်အတွက် ဖြိုးသော်နိုး အချစ်ကထူးဆန်းသလိုဖူးစာ...