သော်နိုး ကိုစိုက်ကြည့်နေတဲ့မျက်ဝန်းတွေကြောင့် သော်နိုး အဆောင်ထဲ ဝင်လာခဲ့လိုက်ပြီး ရွှေစင်တို့ ဘေးနားထိ သွားရပ်လိုက်ကာ
"နိုး က ဦး ဆိုင်ကိုပြန်လိုက်လာတာ..ဦး ကပြန်ပို့ဖို့ အဆင်မပြေဖြစ်နေလို့ရော အစက ကိုယ့်ဘာသာအဆောင်ပြန်လာဖို့လုပ်ပေမယ့် ပြန်လာဖို့အဆင်မပြေတာကြောင့်ပါ သူနဲ့ လမ်းကြုံလိုက်လာခဲ့တာပါ.."
ရွှေစင်က သော်နိုး စကားကြားပြီး လှမ်းပြုံးပြနေသည့်တိုင် တစ်ယောက်သောသူက မျက်မှောင်ကျုံ့နေဆဲ။သော်နိုး မတ်တပ်ရပ်နေတဲ့ ထိုသူ့အနား အသာကပ်သွားလိုက်ပြီး
"ခန်းဖော်..ထမင်းစားပြီးပြီလား..ဘာဟင်းလဲဟင်.."
သော်နိုး မေးခွန်းကြောင့် ပို၍ မျက်မှောင်ကြုတ်သွားတဲ့ ဆူး..
"ညနေစာ စားမလာဘူးလား"
ဆူး မေးခွန်းကြောင့် သော်နိုး သွားဖြီးပြလိုက်ကာ
"ဟီး..နောက်ကျနေမှာစိုးလို့ မစားခဲ့ရသေးဘူး"
"ကိုယ်တို့က စားပြီးပြီ..ဒီနေ့က..."
📲You are my sunshine....My only sunshine
You make me happy while sky are grey
"ဟုတ် ဦး"သော်နိုး ဦး ဖုန်းကိုပြန်ဖြေလိုက်ပြီးတဲ့နောက် ဆူး ကိုလှမ်းကြည့်မိချိန် အလိုမကျမှုတွေစိုးမိုးနေတဲ့ ဆူး မျက်နှာကြောင့် လက်ဟန်ပြကာ လေသံတိုးတိုးဖြင့် တောင်းပန်မိ၏။သော်နိုး ဖုန်းကိုနားမှခွာကာ လက်နဲ့အသာအုပ်ပြီး လူနဲ့ ခပ်ဝေးဝေးထားလိုက်ပြီးမှ
"ခဏနော် ဆူး..နိုး ဖုန်းပြန်ဖြေလိုက်ဦးမယ်..ပြီးရင်ပြန်လာခဲ့မယ်..ခဏလေးနော်"
သော်နိုး ပြောပြီးသည်နှင့် ဖုန်းကိုနားမှာပြန်ကပ်လျက် ဆူး တို့နဲ့ဝေးရာဆီ ထွက်လာခဲ့မိ၏။
"ကိုယ်ဘာပြောတာလဲ နိုး"
"အမ်!ဟို နိုး မကြားလိုက်လို့ ပြန်ပြောလို့ရလား ဦး..."
တစ်ဖက်က သက်ပြင်းချသံသဲ့သဲ့ကြောင့် သော်နိုး မျက်ခုံးလှုပ်မိ၏။ညနေကတည်းက ဒေါသထွက်နေတာ ခုထိမပြီးသေးဘူးလား ဟူသောအတွေးကြောင့် မျက်ခုံး ပိုလှုပ်မိ၏။
YOU ARE READING
ဖူးစာမယ်ရဲ့အတ္တ သို့ မာန
Romanceငါ့ရဲ့ဖြစ်တည်မှုကတခြားသူတွေကိုအနှောင့်အယှက်ဖြစ်စေလိမ့်မယ်လို့တခါမှမတွေးဖူးဘူးအထူးသဖြင့်နင့်အတွက်ငါ့ဖြစ်တည်မှုကိုတန်ဖိုးထားခဲ့တဲ့နင့်အတွက် ဖြိုးသော်နိုး အချစ်ကထူးဆန်းသလိုဖူးစာ...