သော်နိုး ရဲ့ပြုံးတော့မည့်မျက်နှာလေးကို ချက်ချင်းပင်အုံ့မှိုင်းသွားစေသည့်မြင်ကွင်းလေးက.....
လက်ချင်းချိတ်တော့မတတ်...နီးကပ်လွန်းနေသည့်လူနှစ်ယောက်...ပျော်နေသည်က မျက်နှာမှာအထင်းသား...သော်နိုး စိတ်တိုနေမိသည်မှာ မိမိရည်းစားဖောက်ပြန်နေသည်ကို ပက်ပင်းမိသည့်အလား...သော်နိုး ချက်ချင်းပင်ထိုအတွဲရှေ့ရောက်မိသွားတော့ ပြောလက်စစကားတို့ပြတ်ကာ သူ့ထံနှစ်ဦးလုံး၏အကြည့်တို့ရောက်ရှိလာပြီး ကောင်လေးကပင်
"ဖြိုးသော်နိုး...နင်တစ်ယောက်တည်းလား"
ကျီးကန်းတောင်းမှောက်ကြည့်နေတဲ့ ပိုင်ရှင်းဦး မျက်လုံးများ..သို့တိုင် စိုးရိမ်ပူပန်နေခြင်းမရှိသည့်မျက်ဝန်းများကြောင့် သော်နိုး ပိုစိတ်တိုလာမိသည်။
"ရွှေစင်ရော..."
ပိုင်ရှင်းဦးနှင့် ရွှေစင်မဟုတ်သည့်ကောင်မလေးကြောင့် သော်နိုး မေးမိတော့ ကောင်မလေးက ပိုင်ရှင်းလက်မောင်းကိုဆွဲကာသူနဲ့အကြည့်ဆုံစေပြီး
"ကိုကို ရွှေစင် ဆိုတာ...."
*ကိုကို* ဆိုတဲ့နာမ်စားကြောင့် သော်နိုး မကြည်ကြည့်တို့ကထိုကောင်မလေးထံ ဒိုင်းကနဲ...ပိုင်ရှင်း ဘယ်လိုဖြေမယ်သိချင်တာကြောင့် သူ့ကိုကြည့်မိတော့ သူကအေးဆေးစွာပင်
"ကိုကို့ချစ်သူလေ..."
မျက်နှာပြောင်တိုက်လွန်းတဲ့ ပိုင်ရှင်းကို ကောင်မလေးမည်သို့တုံ့ပြန်မည်ကိုစိတ်ဝင်တစားကြည့်နေမိတဲ့ သော်နိုး ကိုပို၍အံ့အားသင့်စေသည်က ပိုင်ရှင်းရဲ့နောက်ဆက်တွဲစကား
"ဒီကအပြန်...ညီမလေးနဲ့မိတ်ဆက်ပေးမယ်...မေမေ့ကိုတော့မပြောသေးနဲ့နော် ကိုကို့ဘာသာပြောမယ်"
သော်နိုး ကြောင်တောင်တောင်မျက်လုံးပြူးကြည့်တော့
YOU ARE READING
ဖူးစာမယ်ရဲ့အတ္တ သို့ မာန
Romanceငါ့ရဲ့ဖြစ်တည်မှုကတခြားသူတွေကိုအနှောင့်အယှက်ဖြစ်စေလိမ့်မယ်လို့တခါမှမတွေးဖူးဘူးအထူးသဖြင့်နင့်အတွက်ငါ့ဖြစ်တည်မှုကိုတန်ဖိုးထားခဲ့တဲ့နင့်အတွက် ဖြိုးသော်နိုး အချစ်ကထူးဆန်းသလိုဖူးစာ...