ပိုင်ရှင်းဦး ဘေးကနေစာလုပ်ဖို့တိုင်ပင်နေတဲ့လူတွေစကားမကြားနိုင်လောက်အောင် ရှေ့ကကားထဲကိုသာအာရုံရနေသည်။
*ဟိုလူကြီးကချစ်ခွင့်ပန်လိုက်တာပေါ့...လူတွေအများကြီးရှိနေတာတောင် သူ့သိက္ခာကိုဂရုမစိုက်ဘဲဒူးထောက်ပြီးတောင်ချစ်ခွင့်ပန်မယ်စိတ်ကူးထားတယ်ပေါ့...
ပိုင်ရှင်း သူတို့ဘယ်လိုဆက်ဖြစ်မည်ကိုသိချင်လို့စိတ်ပါဝင်စားစွာကြည့်နေလိုက်သည်။တစ်ယောက်နဲ့တစ်ယောက်စကားတွေပြောနေပြီး သော်နိုး ကဘာပြောလိုက်သည်မသိ ထိုလူကရုတ်တရတ်မျက်နှာတည်ကာ စိတ်လှုပ်ရှားနေရာကလိုချင်သည့်အဖြေမဟုတ်သည်ကိုရလိုက်သည့်နှယ် ငြိမ်သွားလေသည်။တစ်ခဏအကြာ သော်နိုး ကဘာဆက်ပြောလိုက်သည်မသိ ထိုလူက၀မ်းသာအားရပြုံးရွှင်သွားရပြီး လက်ဆန့်ကာတစ်စုံတစ်ရာပြောလိုက်ရာ သော်နိုး ကလည်းကြောင်ကြည့်နေရာမှ ထိုလူအားသိုင်းဖက်လိုက်၏။နှစ်ဦးလုံးပြုံးရယ်နေသည်ကိုမြင်သော် ဤသည်က၀မ်းသာစရာအဖြေစကားပင်ဖြစ်လိမ့်မည်။ပိုင်ရှင်းစိတ်ထဲဘာကိုအလိုမကျတော့သည်ဟူ၍မသိသော်ငြား မပျော်တော့သည်ကအသေအချာ။
"ငါဒီနေ့စာမလုပ်တော့ဘူး နင်တို့ဘာသာပဲသွားလုပ်လိုက်တော့"
ပိုင်ရှင်းဦး ရဲ့စကားကိုကြားလျှင် စကားဝိုင်းကတိတ်ဆိတ်သွားရပြီး ရွှေစင်က
"စာမလုပ်လည်းလိုက်ခဲ့ရမှာပဲ အဖွဲ့နဲ့လုပ်နေတဲ့အလုပ်ကိုလေးစားမှုရှိစမ်းပါ ငါ့ကောင်လေးရယ်"
ထိုစကားကြားသော် အုပ်စုတစ်ခုလုံးပွဲကျသွားလေသည်။ပိုင်ရှင်း ကိုယ်တိုင်လည်းပြုံးမိသွားပြီးမှ ကိုယ့်ရှေ့ကမြင်ကွင်းကိုပြန်ကြည့်မိချိန် မိမိအားလှမ်းကြည့်နေသောမျက်ဝန်းတစ်စုံကိုတွေ့လိုက်ရသည်မို့ အပြုံးကရပ်တန့်သွား၏။မျက်လုံးချင်းအကြည့်ဆုံချိန်ကမည်မျှပင်မကြာလိုက်သေး သူသည်ကအဆောင်တွင်းသို့ဝင်သွားလေပြီ။
သော်နိုး အဆောင်ထဲဝင်ပြီးမကြာ ချက်ချင်းပင် ကားထွက်သွားသော ဦး ကြောင့် သော်နိုး ခေါင်းအသာရမ်းမိသည်။အဆောင်တွင်းဝင်ဝင်ချင်းပင် ဆူး ကအပြေးအလွှားနှင့်ထွက်လာပြီး သော်နိုး ကိုမြင်မှကိုယ်ရှိန်သတ်လိုက်ပြီး
YOU ARE READING
ဖူးစာမယ်ရဲ့အတ္တ သို့ မာန
Romantizmငါ့ရဲ့ဖြစ်တည်မှုကတခြားသူတွေကိုအနှောင့်အယှက်ဖြစ်စေလိမ့်မယ်လို့တခါမှမတွေးဖူးဘူးအထူးသဖြင့်နင့်အတွက်ငါ့ဖြစ်တည်မှုကိုတန်ဖိုးထားခဲ့တဲ့နင့်အတွက် ဖြိုးသော်နိုး အချစ်ကထူးဆန်းသလိုဖူးစာ...