ကားလေးက မန္တလေးမြို့မှထွက်ကာ စစ်ကိုင်းတံတားကိုကျော်လာသည့်အခါ သော်နိုး အသံတိတ်မနေနိုင်တော့ပါ။
"ငါတို့က အခုဘယ်သွားနေတာလဲ''
ပိုင်ရှင်း က မောင်းသူကို ကားရပ်ဖို့ အချက်ပြလိုက်ပြီး သော်နိုး ကိုလှည့်ကြည့်ကာ ပြောလာ၏။
"ရောက်ရင် သိမှာပေါ့..ခုတော့ မနက်စာ စားရအောင်"
ကားကို ခိုတောင်ရွာက လမ်းဘေးဆိုင်လေးမှာရပ်လိုက်ပြီးကားပေါ်က လူအကုန်ဆင်းဖို့ပြင်နေပြီမို့ သော်နိုး လည်း ဆင်းရတော့သည်။
"ခိုတောင်မုန့်တီ လေးပွဲ..အမ.."
ပန်းကန်တွေလာချတော့ ပိုင်ရှင်း က သော်နိုး ကို တူ ဖောက်ပြီး ကမ်းပေးလာ၏။သော်နိုး နှာခေါင်းရှုံ့ကာ ကိုယ့် ဘာသာ တူ ဘူးထဲက တူကိုယူမိတော့ ခပ်ဟဟရယ်သံကြားလိုက်ရ၏။
သော်နိုး ပြောဖို့ပြင်ပြီးမှ သူ့ညီမနဲ့ အခြားသူစိမ်းတစ်ဦးရှိနေသေးတာကြောင့် ဘာမှပြန်မပြောတော့ပဲ မုန့်တီ သာဆက်စားနေလိုက်သည်။စားသောက်ပြီးစီးလို့ပိုက်ဆံရှင်းမယ်ဆိုတော့လည်း သီရိရှင်းဦး က ပိုင်ရှင်း ရှင်းလိမ့်မယ်ဆိုကာ သော်နိုး ကိုဆွဲခေါ်ထွက်လာလေ၏။သော်နိုး တို့ကားနားရောက်တော့ သီရိရှင်းဦး ကရှေ့ခန်းမှာသွားထိုင်တာမို့ ပိုင်ရှင်း နဲ့ သော်နိုး နှစ်ယောက်တည်း နောက်ခန်းမှာကျန်နေလေ၏။
ကားက ပုံမှန်အရှိန်လေးနဲ့သွားနေရာ ကြက်ထောင့်ရွာရှိ ကြက်ထောင့်ကန် ကိုလှမ်းမြင်နေရ၏။တစ်ဖြည်းဖြည်းနဲ့နောက်ကျန်ရစ်ခဲ့သည့် ကန်ကြီးကိုကြည့်ကာ သော်နိုး စိတ်ထဲအတန်ငယ် ဝမ်းနည်းမိသလို။တစ်ချိန်က လူသားတွေကိုအကျိုးပြုခဲ့တဲ့ရေကန်ကြီးက ခုတော့ လူသားတွေရဲ့စွန့်ပစ်မှု(ဂရုမစိုက်မှု)ကြောင့် အရင်လိုလှပမနေတော့ပေ။လူသားတစ်ယောက်ရဲ့အချစ်က သူချစ်တဲ့အရာကိုလှပစေသလို သူရဲ့ဂရုမစိုက်မှုက တစ်ဖက်ကိုနစ်နာစေသည်။
လိုအပ်တဲ့အချိန်တုန်းက ကောင်းပေးခဲ့ပြီး မလိုအပ်ချိန်မှာ စွန့်ပစ်တတ်တာ လူတွေရဲ့သဘာဝလား။လူတွေက ပြောင်းလဲတတ်တဲ့သဘောရှိတယ်ဆိုရင် သူတို့ရဲ့စိတ်တွေက ဘယ်လောက်ထိပြောင်းလဲသွားနိုင်လဲ။အားလုံးထဲမှာမှ တစ်စုံတစ်ယောက်အပေါ်မှာထားတဲ့ ခံစားချက်ဖြစ်တဲ့ အချစ် ဆိုတာကြီးက ထာဝရတည်မြဲပါ့မလား။သော်နိုး ရဲ့အချစ်ကရော..သော်နိုး ဘက်ကတည်မြဲခဲ့ရင်တောင် တစ်ဖက်လူရဲ့အချစ်ကရော။
YOU ARE READING
ဖူးစာမယ်ရဲ့အတ္တ သို့ မာန
Romanceငါ့ရဲ့ဖြစ်တည်မှုကတခြားသူတွေကိုအနှောင့်အယှက်ဖြစ်စေလိမ့်မယ်လို့တခါမှမတွေးဖူးဘူးအထူးသဖြင့်နင့်အတွက်ငါ့ဖြစ်တည်မှုကိုတန်ဖိုးထားခဲ့တဲ့နင့်အတွက် ဖြိုးသော်နိုး အချစ်ကထူးဆန်းသလိုဖူးစာ...