ဖူးစာမယ်​ရဲ့အတ္တ သို့ မာန အပိုင်း ၄၈

38 1 0
                                    

"ဟိုတစ်ယောက်က ပါမလာဘူး...နင်က ဘာကိစ္စအပြင်ထွက်စောင့်နေတာလဲ သတို့သားလောင်း ဘက်ကို အားနာစရာကြီး"

သော်နိုး တို့များ လူက ဆိုင်ကယ်ပေါ်က မဆင်းရသေးပေမယ့် အပြစ်တင်စကားက အရင်လာ ၏။နန္ဒာ နှာခေါင်းရှုံ့ကာ နှုတ်ခမ်းဆူမိတော့
သော်နိုး က

"သူလည်း အိပ်ရာကမထနိုင်လို့ပါဟယ်..ငါတောင် ဒီကအပြန် သူ့အဒေါ်အိမ်သွားပြီး သတင်းမေးရဦးမှာ..သူတော်တော် နေမကောင်းဖြစ်နေတာနဲ့တူတယ်..ငါ့ဖုန်းတောင် သူ့အဒေါ်လာဖြေပေးတာ.."

"ညက များသွားလို့နေမှာပေါ့"

သော်နိုး ရဲ့ရှင်းပြချက်အဆုံး ရုတ်တရတ်မေးလိုက်တဲ့ နန္ဒာ့ အမေးကြောင့် သော်နိုး ပါးစပ်လေးဟစိဖြစ်သွားရသည်။

"ဘာ...ဘာ များတာလဲ"

သော်နိုး သိနေသည့်မေးခွန်းကို မသိချင်ယောင်ဆောင်ကာ မေးလိုက်ရသည့်အတွက် စကားလုံးတို့က ထစ်ထစ်အအဖြင့် ထွက်လာရသည်။နန္ဒာ က 'ဟွန့်' ကနဲနှာခေါင်းမှုတ်၏။နန္ဒာ ကစကားလုံးများများစားစား ထပ်မပြောသည့်တိုင် ထိုသည်ကိုက သူအားလုံးသိပြီးသား ဆိုသည့်သဘောပေမို့ သော်နိုး လည်း အတင်းထပ်မမေးတော့။

"ဟယ်..ယုစံ ကတကယ်မလာဘူးလား..သော်နိုး သမီးမှန်မှန်ပြော..သူတို့ကျောင်းမှာရန်ဖြစ်ထားတာမလား"

သော်နိုး အိမ်ထဲဝင်လိုက်သည်နှင့် ဆီးကြိုမေးလိုက်သည့် အန်တီ့ စကားကြောင့် သော်နိုး ခေါင်းရမ်းရင်း ပြန်ဖြေဖို့ပြင်တော့ အန်တီက စကားဆက်၏။

"ယုစံနဲ့ နန္ဒာ တစ်ခုခုဖြစ်ထားတာတော့ သေချာတယ် ခါတိုင်း နန္ဒာ့ ကိုလာကြို လာပို့လုပ်ပေးပြီး အားတိုင်း ဒီအိမ်မှာနေတဲ့ကလေးမက ခုတော့ အိမ်ကိုအလည်မလာတော့သလို ရပ်ကွက်ထဲကထွက်ပြီး သူ့အဒေါ်အိမ်မှာ သွားနေတာ တစ်လပြည့်တော့မယ်တဲ့..သူတို့နှစ်ယောက် ဘာဖြစ်ထားတာလဲ သမီး"

"မဖြစ်ပါဘူး အန်တီ..ယုစံက..."

သော်နိုး ဘာဆက်ပြောရမည်နည်း။ယုစံ မနေ့ညကသောက်တာများသွားလို့ အန်ဖတ်စို့ပြီး ခုသေနေတယ်လို့လား။သို့မဟုတ် ကြည့်ကောင်းအောင် နန္ဒာ့ ကိုပြောသလို သူဖျားနေလို့ပါ ဆိုပြီး ညာပြောပေးရမှာလား။သော်နိုး ရဲ့ဖြေရခက်နေပုံကိုကြည့်ပြီး အန်တီက စိတ်လျော့လိုက်ကာ

ဖူးစာ​မယ်​ရဲ့အတ္တ သို့ မာနWhere stories live. Discover now