နန္ဒာ့ရဲ့ မည်းသွားတဲ့ မျက်နှာကြီးကို ပြန်တွေးတိုင်း သော်နိုး ရယ်ချင်မိသည်။မဟုတ်တောင် အချစ်လေး အသဲလေးနဲ့ သူပဲစနောက်နေပြီး သော်နိုး ကစလိုက်မှ ခါတိုင်းနဲ့မတူပဲ အရှက်ပိုကာ လူကိုထုရိုက်ချင်နေသည့် နန္ဒာ။သော်နိုး ပြောပြီးတာနဲ့ ပြေးထွက်ခဲ့တော့ မလုပ်လိုက်ရလို့ မကျေမချမ်းဖြစ်နေတဲ့ နန္ဒာ မျက်နှာက ဘယ်ချိန်တွေးတွေး ရယ်ချင်စရာမို့ သော်နိုး မျက်နှာက စပ်ဖြီးဖြီးဖြစ်နေသည်။
အခန်းဖော် မြင်သွားမှာစိုးတာကြောင့် လေးထပ်ဆောင် ပန်းခြံကနေမထွက်ပဲ မြန်မာစာဌာနရှေ့ကပင် ထွက်လာခဲ့မိသည်။ဒီနေ့ ညနေခင်း ဘာလုပ်ရင်ကောင်းမလဲ စဉ်းစားနေတုန်း ဆိုင်ကယ်ဟွန်းတီးသံကြောင့် သော်နိုး နောက်လှည့်မကြည့်ပဲ ဘေးသို့ကပ်လျှောက်မိလျှင်
"သော်နိုး!!"
ကိုယ့်နာမည်ကို စိတ်ဆိုးမာန်ဆိုး ခေါ်လိုက်သံကြောင့် သော်နိုး အသံလာရာကို တအံ့တသြလှည့်ကြည့်မိတော့ ပိုင်ရှင်းဦး ဖြစ်နေသည်။သူ့အသံကို ကိုယ်က မှတ်မိပေမယ့်လည်း မမှတ်မိသလို ဟန်ဆောင်မိသည်။အံ့သြခြင်းကတော့ ဟန်ဆောင်ခြင်းမဟုတ်ပဲ အမှန်ပင်ဖြစ်သည်။သူတို့ဌာန ရှေ့က ဖြောင့်တန်းနေတဲ့လမ်းမကြီးကိုကျော်ပြီး ယခုလို တကွေ့တပတ် ကွေ့ပတ်လာရတဲ့ ဓမ္မာရုံလမ်းဘက်သို့ ထွက်လာလိမ့်မည်ဟု မထင်ခဲ့ရိုး အမှန်။
သော်နိုး ရဲ့တအံ့တသြအမူအရာကို တစ်ဖက်က သဘောကျသွားသည်ထင်၏။အပြုံးရေးရေးလေးက သူ့မျက်နှာထက် ပနံသင့်စွာဖြစ်တည်လာ၏။ကွေးတက်သွားတဲ့ နှုတ်ခမ်းပါးနှင့်အတူ ရယ်မြူးရိပ်သန်းနေတဲ့ မျက်ဝန်းနဲ့ မျက်တောင်လေးတွေရဲ့ လှုပ်ရှားမှုက အစ နောက်သို့ အနည်းငယ်တွန့်သွားလေတဲ့ ပါးရိုးလေးရဲ့ လှုပ်ရှားမှုအဆုံး တမေ့တမော ငေးနေမိသည်က သော်နိုး။သွားဖြီးကြီးနဲ့ လိုက်ငေးနေမိပြီးမှ တစ်ဖက်ကချောင်းဟန့်သံကြောင့် သော်နိုး ပါးစပ်ပိတ်မိ၏။
"ဘာတွေ တစ်ယောက်တည်း ဖြီးနေတာလဲ.."
သော်နိုး အဘယ်သို့ပြန်ဖြေလျှင် ပိုင်ရှင်း သူ့ကိုမလှောင်မည်နည်းဟုတွေးနေတုန်း
![](https://img.wattpad.com/cover/174365332-288-k803626.jpg)
YOU ARE READING
ဖူးစာမယ်ရဲ့အတ္တ သို့ မာန
Romantiekငါ့ရဲ့ဖြစ်တည်မှုကတခြားသူတွေကိုအနှောင့်အယှက်ဖြစ်စေလိမ့်မယ်လို့တခါမှမတွေးဖူးဘူးအထူးသဖြင့်နင့်အတွက်ငါ့ဖြစ်တည်မှုကိုတန်ဖိုးထားခဲ့တဲ့နင့်အတွက် ဖြိုးသော်နိုး အချစ်ကထူးဆန်းသလိုဖူးစာ...