သော်နိုး ဖုန်းကိုသာကြောင်ကြည့်နေမိသည်။အဘယ်သို့သောအကြောင်းကြောင့်များ သူနဲ့ ဦး ကိုမှားသွားရသနည်း။လက်ထဲက Cover photo ကိုအတန်ကြာကြည့်နေမိပြီးမှ အသိဝင်လာရကာ
💬ဦးနဲ့မှားပို့မိတာ ဖျက်ပစ်လိုက်ပါ ပိုင်ရှင်းဦး
💬သိတယ် ဖျက်ပြီးပြီ
ချက်ချင်းကိုစာပြန်လာသည့်အတွက် သော်နိုး မျက်ဝန်းတွေကမယုံနိုင်ဖြစ်သွားရသည်။
💬Aww ကောင်းတာပေါ့
ဖျက်ပစ်ရမှာပေါ့...ရွှေစင်သိရင်သူပြသနာတက်နိုင်တဲ့ကိစ္စကို
💬နေပါဦး မင်းက ဒီနေ့မှဘာလို့ငါ့ကိုစကားတွေလာပြောနေရတာလဲ
ထိုစာကိုမြင်ချိန် သော်နိုး မျက်ဝန်းများပြူးကာကြောင်အသွားရ၏။စွပ်စွပ်စွဲစွဲ သူ့ကိုစကားလာပြောချင်နေတယ်များမှတ်နေလား?နင့်ကိုပြောမယ့်ပြောတော့ဒီလိုပြောပါ့မလား ငါနင့်ကိုကြိုက်နေတာကြာပြီလို့ပဲလာပြောမှာပေါ့ crush ရဲ့ဦးနှောက်ကလေးဘာလေးသုံးပေါ့
💬နင့်ကိုပြောချင်လို့ပြောတာမဟုတ်ဘူး ငါက ဦး အမှတ်နဲ့ပြောတာ ပြီးတော့
*နင်အရင်တုန်းက Acc နာမည်က Paing Shin လေခုမှဘာလို့ PŚO ဖြစ်သွားရတာလဲ အဲ့တာက ဦး ရဲ့ acc name လေ ခါတိုင်းလူပုံမဟုတ်ရင်ကာတွန်းပုံတင်တဲ့နင်ကဘာကိစ္စ ရှုခင်းပုံဖြစ်သွားရတာလဲ အဲ့ဒါတွေကြောင့် ဦး Acc မှတ်သွားတာလေ စမန်မတက်ချင်နဲ့ crush ရဲ့နင့်ကိုစကားလာမပြောပေမယ့် နင်ကဘယ်နေ့ကဘယ်သွားပြီး ဘာတွေလုပ်တယ် နင့် acc ကဘယ်လိုဆိုတာငါအကုန်သိတယ်
သော်နိုး အတွေးကိုတော့ထုတ်မပြောဖြစ်ခဲ့ပဲ ဘာဆက်ပြောရမည်ကိုစဉ်းစားနေချိန်
💬ပြီးတော့? ဘာဖြစ်လို့လဲ
💬ပြီးတော့ ငါက wave ယုံတင်ကို နင်ကစပြီး စကားလာပြောတာလေ ငါကစပြောတာမဟုတ်ဘူး နင်ကစပြောတာ
သော်နိုး သည်ကား နှာရှုတ်ရင်းစာပြန်ပို့လိုက်လေသည့်အခါ တစ်ဖက်ကစာလုပ်နေတဲ့ ဆူး တို့အုပ်စုက သော်နိုး ကိုနားမလည်စွာကြည့်လာလေ၏။စောနလေနုသွေးလေးကခုတော့ မိုးမှောင်နေလို့ထင်သည်။သော်နိုး သွားလေးဖြီးကာ ဖုန်းလေးထောင်ပြရင်း
![](https://img.wattpad.com/cover/174365332-288-k803626.jpg)
YOU ARE READING
ဖူးစာမယ်ရဲ့အတ္တ သို့ မာန
Roman d'amourငါ့ရဲ့ဖြစ်တည်မှုကတခြားသူတွေကိုအနှောင့်အယှက်ဖြစ်စေလိမ့်မယ်လို့တခါမှမတွေးဖူးဘူးအထူးသဖြင့်နင့်အတွက်ငါ့ဖြစ်တည်မှုကိုတန်ဖိုးထားခဲ့တဲ့နင့်အတွက် ဖြိုးသော်နိုး အချစ်ကထူးဆန်းသလိုဖူးစာ...