သော်နိုး မျက်ရည်တွေကိုလက်ခုံနဲ့သုတ်ဖယ်လိုက်ရင်း ခေါင်းခါရမ်းလိုက်မိသည်က တောင်းပန်စရာမလိုဘူးဆိုသည့်သဘော...
"နောက်ခါ နိုး ကိုအဲ့လိုမပြောတော့ဘူး...နိုး ကိုတောင်းပန်ပါတယ်...အဲ့နေ့ကအတွက်ရော...ခုအတွက်ပါ..."
ပြည့်သျှန် မော့ကြည့်လာတဲ့သူ့မျက်ဝန်းထဲက မျက်ရည်တွေကိုသုတ်ပေးလိုက်ပြီး ပါးလေးနှစ်ဖက်ကိုလက်ဝါးနဲ့အုပ်ကိုင်လိုက်ရင်း
"ကိုယ့်ကိုပြုံးပြပါဦး...ကြောင်ပေါက်လေးရဲ့.."
ပြည့်သျှန်စကားကြောင့် သော်နိုး ပြုံးပြလိုက်တော့ ပြည့်သျှန် ကပါးနှစ်ဖက်ကို ဆွဲကာခေါင်းလေးပါပုတ်လိုက်သေးသည်။
သော်နိုးတို့ဓမ္မာရုံလမ်းကိုကူးဖို့ပြင်လိုက်တော့ ကန်တင်းဘက်ကပြန်လာတယ်ထင်ရတဲ့ ဆိုင်ကယ်တစ်စီးကအရှိန်ပြင်းစွာနဲ့မောင်းလာတာမို့ သော်နိုး ကြောင်ကြည့်နေတုန်း ဦး ကလှမ်းဆွဲတာကြောင့် ဦး ရင်ခွင်ထဲရောက်သွားရသည်။ဆိုင်ကယ်သမားကလည်း သော်နိုးကိုရှောင်လိုက်တာမို့ ဘေးသို့အနည်းငယ်ယိုင်သွားပေမယ့် သူကကျွမ်းကျင်စွာပြန်ထိန်းလိုက်သည်။
ဆိုင်ကယ်သမားကတောင်းပန်စကားတစ်ခွန်းမဆို လမ်းကိုကြည့်မကူးဘူးဆိုတဲ့သဘောနဲ့တောက်ပါခေါက်သွားလိုက်သေးသည်။သော်နိုး ဦး ရင်ခွင်ထဲကထွက်လိုက်ပြီး ဆိုင်ကယ်သမားကိုလှမ်းကြည့်ကာ
"ကျေးဇူးပဲ..ဦး...ကျောင်းထဲအဲ့လောက်အရှိန်နဲ့မောင်းသူမရှိဘူးရယ်...အပြင်လူထင်တယ်"
သော်နိုး ပြောစကားကို အင်းအဲမလုပ်ပါဘဲ ရှေ့ဆက်သွားတဲ့ ဦး ကြောင့် သော်နိုး ခုချိန်ထိ ဦး စိတ်ဆိုးစေမည့် စကားတစ်ခွန်း၊အပြုအမူတစ်ခုမပါတာမို့ ဦး အလျင်လိုနေသည်ပဲထင်မိသည်။အဆောင်ရှေ့ရောက်တော့ထင်သည့်အတိုင်း ကားပေါ်မှာ မရွှေရည်ကိုမြင်လိုက်ရသည်။သော်နိုး တို့ကိုမြင်တာနဲ့ ကားပေါ်ကဆင်းလာပြီး အပြုံးတွေဝေေ၀ဆာဆာနဲ့ပြုံးပြနေသည်။သော်နိုး ခေါင်းညိတ် ဦးညွတ်ကာပြန်နှုတ်ဆက်လိုက်သည်။
YOU ARE READING
ဖူးစာမယ်ရဲ့အတ္တ သို့ မာန
Romanceငါ့ရဲ့ဖြစ်တည်မှုကတခြားသူတွေကိုအနှောင့်အယှက်ဖြစ်စေလိမ့်မယ်လို့တခါမှမတွေးဖူးဘူးအထူးသဖြင့်နင့်အတွက်ငါ့ဖြစ်တည်မှုကိုတန်ဖိုးထားခဲ့တဲ့နင့်အတွက် ဖြိုးသော်နိုး အချစ်ကထူးဆန်းသလိုဖူးစာ...