သော်နိုး တကယ်ကိုမတွေးတတ်တော့...ဦး ကဘာ့ကြောင့်များ မန္တလေးမှာအခြေချချင်နေရတာလဲ...ခါတိုင်းဆို မေပြည့်က ကျောင်းပိတ်ရက်လေး ဖွားဖွားတို့ဆီသွားနေလို့ပြောရုံရှိသေး...မျက်နှာကရှုံ့မဲ့ပြီး
'မေမေ ကလည်းမန်းလေးမှာ ဒီလောက်ပူတာ မနေချင်ဘူး အေးအေးချမ်းချမ်းနဲ့ဒီမြို့လေးကခွဲပြီး ပူတဲ့မြို့ကိုဘာလို့သွားမှာတုန်း....ဖွားကိုဒီပဲခေါ်ပါ...မေမေရာ'
အမြဲလိုအဒွန့်တက်တတ်သော ဦး ကြောင့် မေပြည့်ကလည်း အမြဲလိုပြောတတ်သည့်စကားမှာ
'အေး...ပြောထား...ပြောထား...မင်းယူတဲ့မိန်းကလေးကအပူပိုင်းကကောင်မလေးဖြစ်နေတဲ့အချိန် အိမ်မနေပဲအဲ့ကောင်မလေးမြို့လိုက်သွားရင်တော့လား...'
အဲ့လိုပြောလိုက်တာနဲ့ ဦး ကမေပြည့်ကိုတစ်ခြားအကြောင်းတွေမရမကပြောကာ ခေါင်းစဉ်ပြောင်း၍ချော့တတ်သည်။ဒီလိုလူက အခုမန်းလေးမှာနှစ်ဝက်လောက်နေတယ်ဆိုတော့ကာ မေပြည့်ပြောသလိုများလား...ဦး ကမရွှေရည်ကြောင့်အပြောင်းလဲကြီးပြောင်းလဲသွားပါပေါ့လား...
သော်နိုး ခေါင်းလေးကိုမသက်မသာခါရမ်းကာ အတွေးဆက်ရန်ပြင်စဉ် ဆိုင်ကယ်ဟွန်းသံကြောင့် လန့်ပြီး ရှောင်ကာမှနောက်တစ်စီးနဲ့တိုက်မိမလိုဖြစ်သွား၍ သော်နိုး ပိုလန့်ပြီးလူကကျောက်ရုပ်ဖြစ်သွားသည်။သော်နိုး ပခုံးထက်ရောက်ရှိလာတဲ့လက်များကြောင့် သော်နိုး လက်ရှိကိုအသိစိတ်ကပ်မိချိန် ရှေ့ကလူမျက်နှာထက်စိုးရိမ်မှုတွေကအထင်းသား....
"နိုး...အဆင်ပြေရဲ့လား?...ထိမိသေးလား?...ကိုယ်အမြန်တော့ဘရိတ်ဆွဲလိုက်တာပဲ...ဘယ်နားခိုက်မိသွားလဲ?"
သော်နိုး လက်တွေကိုစိုးရိမ်တကြီး ဒဏ်ရာရှာဖွေနေသူ၏လက်တစ်ဖက်တွင် သွေးများထွက်နေသည်...
"နိုး...နိုးကအဆင်ပြေတယ်...ပိုင်ရှင်းဦး..နင်...နင့်လက်မှာသာသွေးတွေ..."
YOU ARE READING
ဖူးစာမယ်ရဲ့အတ္တ သို့ မာန
Romanceငါ့ရဲ့ဖြစ်တည်မှုကတခြားသူတွေကိုအနှောင့်အယှက်ဖြစ်စေလိမ့်မယ်လို့တခါမှမတွေးဖူးဘူးအထူးသဖြင့်နင့်အတွက်ငါ့ဖြစ်တည်မှုကိုတန်ဖိုးထားခဲ့တဲ့နင့်အတွက် ဖြိုးသော်နိုး အချစ်ကထူးဆန်းသလိုဖူးစာ...