ဖူးစာမယ်​ရဲ့အတ္တ သို့ မာန အပိုင်း ၂၁

67 3 0
                                    

ဆရာဝန်သောက်ဆေးပေးနေတဲ့အချိန် နောက်ကျောမလုံတာကြောင့်လှည့်ကြည့်မိချိန် တစ်စုံနှစ်ယောက်သောသူတို့၏အကြည့်များကိုတွေ့လိုက်ရသည်။ပိုင်ရှင်းဦး၏စိုးရိမ်ကြည့်ကြောင့်ကြည်နူးမိ၍ပြုံးပြမိသော်ငြား စစ်ပြည့်သျှန်ဦး၏ဒေါသချောင်းချောင်းထွက်နေတဲ့အကြည့်ကိုမြင်သောအခါ အပြုံးတို့ရပ်တန့်သွားလေသည်။

"ပြီးရင်လည်းပြန်မယ်"

ဆောင့်ဆောင့်အောင့်အောင့်ထွက်လာတဲ့ စကားကြောင့် သော်နိုး အမြန်ထရပ်သည့်အခါ ခြေထောက်တွင်ဖိနပ်မပါ။သော်နိုး ကို ပိုင်ရှင်းဦး ကလာတွဲသော်လည်း ပြည့်သျှန် ကတော့ဂရုပင်မစိုက်။သော်နိုး တို့ကိုလည်းမစောင့်ဘဲထွက်သွားတာကြောင့် ပြည့်သျှန် စိတ်ဆိုးမပြေသေးကြောင်းသိလိုက်သည်။

ကားရှေ့ခန်းထဲ သော်နိုး ကိုပို့မည်ထင်သော်ငြား ပိုင်ရှင်းဦး ဆိုသည့်လူငယ်က သော်နိုး ကိုသူနဲ့အတူထိုင်စေပြီး သူ့သူငယ်ချင်းကို ရှေ့ခန်းပို့လိုက်တာမို့ ပြည့်သျှန် အလိုမကျသော်လည်းဘာမှမပြောလို။

"ဦး အဆောင်တန်းမပြန်သေးဘဲ မရွှေရည် ကိုပေးစရာရှိလို့ဆိုင်ကိုဝင်ဦးမယ်နော်"

သော်နိုး ပြောစကားကိုမကြားသလိုနေနေတဲ့ ပြည့်သျှန် ထံဖုန်းဝင်လာတာကြောင့်ကြည့်မိတော့ သော်နိုး ဖြစ်နေသည်။နောက်ကြည့်မှန်ကနေကြည့်မိတော့ မျက်နှာငယ်လေးနဲ့ လက်အုပ်လေးချီကာ ဖုန်းကိုလက်ညှိုးထိုးပြလာသည့်အတွက်ပြည့်သျှန် မကြည့်ဘဲ ဖုန်းကိုပြန်ချထားလိုက်တော့ ရှုံ့မဲ့သွားတဲ့မျက်နှာလေးကို နောက်ကြည့်မှန်ကနေ မြင်ဖြစ်အောင်မြင်လိုက်သေးသည်။

✉️လိုက်ပို့ပေးနော်
✉️ဦး စိတ်ဆိုးနေတာလား
✉️ဦး စိတ်မဆိုးတော့နဲ့နော်
✉️ဦး နိုး ကိုစိတ်မဆိုးပါနဲ့
✉️မရွှေရည်ကိုပေးစရာရှိလို့ ခဏဝင်မယ်လေ
✉️ဦး နိုးကိုအတည်စကားပြန်မပြောတော့ဘူး လား
✉️နိုး ပြောစကားကိုအရေးမလုပ်တော့ဘူးပေါ့

ခဏတိုင်းပို့ပေမယ့် ဖွင့်ကြည့်ဖို့နေနေသာသာ ဖုန်းကိုပင်မှောက်လိုက်တာမို့

ဖူးစာ​မယ်​ရဲ့အတ္တ သို့ မာနWhere stories live. Discover now