ဖူးစာမယ်​ရဲ့အတ္တ သို့ မာန အပိုင်း ၄၂

25 3 0
                                    

သော်နိုး တို့ကျောင်းပြန်ရောက်တော့ ဘာမှ အထွေအထူးပြောင်းလဲမှုမရှိခဲ့ပေမဲ့ နန္ဒာက ကျောင်းကို ယုစံနဲ့အတူမလာတဲ့ရက်တွေက များလာသည်။ခါတိုင်းအတူလာနေကြသူတွေက ခုတော့တစ်ယောက်စီလာဖြစ်တာများနေ၏။ပုံမှန် ပျော်ပျော်နေတတ်တဲ့သူ နန္ဒာက အရင်လောက်မတက်ကြွတော့သလို ပုံမှန်ထက်ပိုတိတ်ဆိတ်သွားတဲ့ ယုစံ။ဘာကို ဘယ်လိုမေးမေး 'ဘာမှမဖြစ်ပါဘူး' ဆိုတာကို ဒိုင်ခံဖြေနေတဲ့နှစ်ယောက်ကြောင့် ဒီအခြေအနေကိုမနေတတ်သူ သော်နိုး ကပဲ စဖြေရှင်းပေးဖို့ကြံရတော့သည်။

"မာလာရှမ်းကော သွားစားရအောင်"

သော်နိုး စကားကို အင်းအဲ မလုပ်သေးသူနှစ်ဦးကြောင့် သော်နိုး စိတ်မရှည်။

"Spicy Pot မှာ မာလာရှမ်းကောသွားစားကြပါမယ်ဆိုမှ"

"ငါ toilet အရင်ဝင်လိုက်ဦးမယ်.."

ပြောပြီး ထသွားသူက နန္ဒာ...၁၅ မိနစ်ကျော်သည်ထိ ပြန်ထွက်မလာသေး။Toilet ထဲဝင်ကြည့်တော့လည်း ထွက်လာမည့်အရိပ်အယောင်ပင် မမြင်ရ။သော်နိုး ကအသံပြုမိတော့မှ

"ငါကြာဦးမှာမို့ နင်တို့အရင်သွားနှင့်လိုက်..ပြီးမှ ငါနောက်က လိုက်ခဲ့မယ်"

သိတယ်။နန္ဒာ ဘာကြံနေတယ်ဆိုတာကို သော်နိုး သိတယ်။မလိုက်ရအောင် အိမ်သာထဲမှာ -ျီးနံ့ရှုပြီး နေခဲ့မယ်ပေါ့။စဉ်းစားလေ ဆုတောင်း။သော်နိုးကို ဒါမျိုးလုပ်လို့ရမယ် အားကြီး။

"နင် စောင့်နေခဲ့တော့ ယုစံ..ငါဟိုမှာ မှာပြီးစောင့်နေလိုက်မယ်..ကြာနေရင် နေ့လည်အတန်းချိန်မမှီပဲနေမယ်"

သော်နိုး စကားကြောင့် ယုစံက ရယ်ချင်စိတ်ကိုမနည်းချုပ်တည်းထားရဟန်နဲ့ ခပ်တည်တည်ပင်ပြန်မေးလာ၏။

"နင်ကဘာနဲ့သွားမှာလဲ"

"နင့်ဆိုင်ကယ်နဲ့ ပေး သော့"

ပြောပြီးတာနဲ့ ယုစံ လက်ထဲက သော့ကို ယူကာ လှေကားတွေပေါ်ကနေပြေးဆင်းသွားသူကြောင့် ယုစံ အလန့်တကြားနဲ့ အော်ခေါ်မိသည်။

"ဟဲ့ သော်နိုး ဖြစ်..."

ယုစံက ဝရန်တာကနေလှမ်းအော်ချိန် သော်နိုး ကလှည့်ကြည့်ကာ နှုတ်ခမ်းပေါ်လက်တင်ပြီး toilet ဘက်ကို လက်ညှိုးညွှန်ပြလာတာကြောင့် ယုစံ ပြောလက်စ စကားတွေရပ်တန့်သွားရ၏။ 'ဒီလောက်ကတော့ အေးဆေး' ဆိုတဲ့ပုံစံနဲ့ မျက်စိတစ်ဖက်မှိတ်ပြကာ လက်ညှိုးမှာ သော့တရမ်းရမ်းနဲ့ ထွက်သွားသူကို ကြည့်ရင်း ယုစံ သက်ပြင်းချမိ၏။ဆိုင်ကယ်နဲ့ထွက်သွားသူကို စိတ်မချလို့လိုက်သွားပြန်ရင်လည်း အထဲကဟာလေးက လိုက်မလာပဲနေဦးမည်။နောက်ဆုံးတော့လည်း ဝရန်တာမှာ ချထားတဲ့ စာရေးခုံမှာပဲ လွယ်အိတ်လေးပိုက်ကာ ပြန်ထိုင်ဖြစ်တော့သည်။

ဖူးစာ​မယ်​ရဲ့အတ္တ သို့ မာနWhere stories live. Discover now