ချိန်းဆိုထားသည့်နေရာသို့ ဝင်သွားလိုက်သည်နှင့် ဘားက ကောင်လေးက သူ့ရှေ့မှမိန်းကလေးကို pink lady တစ်ခွက်အား လှပစွာဖျော်စပ်ပြနေရင်း သူ့ကိုခေါင်းညိတ်နှုတ်ဆက်လာလေ၏။သူလက်ပြလိုက်ပြီးနောက် ချိန်းဆိုထားသည့်အခန်းထဲသို့ဝင်လိုက်လျှင် ရင်းနှီးနေသည့်လူတစ်ယောက်က ထိုင်ခုံမှာ ခပ်မတ်မတ်ထိုင်နေရင်း သူ့ကို ပြုံးကြည့်နေလေ၏။
"ပြန်မတွေ့ချင်လည်း ပြန်တွေ့ရတာပဲနော်"
တစ်ဖက်လူ၏စကားကို မင်းသခင် မျက်မှောင်ကျုံ့လျက်
"လိုရင်းပြော"
စကားတစ်ခွန်းကပင် အရင်လိုအထက်စီးဆန်နေတုန်းဆိုသည့်တိုင် ထိုသူ့ကို အရင်ကလောက်မကြောက်တော့ပေ။
"လောလှချည်လား..ဖြည်းဖြည်းပေါ့..မဟုတ်လည်း အချိန်တွေအများကြီးရှိနေတာပဲမလား"
မင်းသခင် ကစိတ်ရှည်သည့်လူမဟုတ်သလို ဒီလိုလူနဲ့တွေ့စရာ ဘာအကြောင်းမှ မရှိသည့်တိုင် သူ့လူများရဲ့သတင်းပေးချက်အရ သော်နိုး ဆေးရုံတက်ရသည့်ကိစ္စအတွက် ခန့်သစ် ကလိုက်စုံစမ်းနေပြီး ထိုကိစ္စနောက်ကွယ်တွင် သူ့ရှေ့ကလူက ပါဝင်ပတ်သက်နေနိုင်ချေရှိသည်ဆို၍သာ။ထို့ပြင် တစ်ဖက်လူက ဖြူးလေးနဲ့ဆိုင်သည့် သတင်းပေးမည်ဆို၍ လာတွေ့ခြင်းမို့ အခြားသောအပိုစကားများကို နားမထောင်လိုပေ။
"အပိုတွေပြောနေမှာလား"
မင်းသခင် စကားကြောင့် တစ်ဖက်လူက မျက်ခုံးပင့်လျက်
"နားမထောင်ချင်ရင်လည်း ခင်ဗျား သဘောပဲ"
မင်းသခင် ချက်ချင်းပင် ထပြန်တော့မည်အချိန်တွင် ထိုလူက ဖုန်းထဲက အသံဖိုင်တစ်ခုကိုဖွင့်ပြလာလေ၏။
"ငါ နင့်ကိုချစ်တယ် သော်နိုး.."
ဘယ်သူ့အသံလဲမေးစရာမလိုအောင် ထိုအသံကို သူရင်းနှီးပါ၏။ချစ်ခင်မြတ်နိုးဖွယ်ရာ ထိုအသံပိုင်ရှင်က ဖွင့်ဟဝန်ခံနေသည့် အမည်နာမပိုင်ရှင် မိန်းကလေးကိုလည်း သူသိပါ၏။သူတွယ်တာရသည့် ထိုမိန်းကလေးပင်မလား။သို့တိုင် အဘယ့်ကြောင့်ရယ် မသိ သူပြုံးမိ၏။
![](https://img.wattpad.com/cover/174365332-288-k803626.jpg)
YOU ARE READING
ဖူးစာမယ်ရဲ့အတ္တ သို့ မာန
Romanceငါ့ရဲ့ဖြစ်တည်မှုကတခြားသူတွေကိုအနှောင့်အယှက်ဖြစ်စေလိမ့်မယ်လို့တခါမှမတွေးဖူးဘူးအထူးသဖြင့်နင့်အတွက်ငါ့ဖြစ်တည်မှုကိုတန်ဖိုးထားခဲ့တဲ့နင့်အတွက် ဖြိုးသော်နိုး အချစ်ကထူးဆန်းသလိုဖူးစာ...