ဖူးစာမယ်​ရဲ့အတ္တ သို့ မာန အပိုင်း ၂၈

24 3 0
                                    

ပြည့်သျှန် ၏ဖွားဖွားက နေသိပ်မကောင်းချင်တာကြောင့် သောကြာနေ့ညနေတွင် သော်နိုး အဆောင်အားခွင့်တိုင်ပြီး ပြည့်သျှန်တို့အိမ်၌နေရလေသည်။

တီထားနဲ့ ဦး ပြောလျှင် ဖွားဖွား က 'ဆေးမသောက်ရရေး ဒို့အရေး' ဟုသတ်မှတ်ကာ နည်းမျိုးစုံနဲ့ လှည့်ပတ်တတ်ခြင်းကြောင့် သော်နိုး ကိုခေါ်ထားခြင်းဖြစ်သည်။ဖွားဖွား ကိုနေ့လည်ခင်းဆိုအစားပုံမှန်စား ဆေးသောက်ဖို့ သော်နိုး ကတာဝန်ယူရသည်။အအေးမိတာဆိုပေတည့် ၂ရက်နဲ့ပျောက်မည်ကို ဆေးပုံမှန်မသောက်တာကြောင့်ရော အစားကိုကောင်းစွာမစားတာကြောင့်ပါ ဗုဒ္ဓဟူးနေ့ကတည်းကဖြစ်သည့် နေမကောင်းခြင်းသည် စနေနေ့ရောက်သည်ထိ အရှင်းမပျောက်သေးပေ။

"ဖွားဖွား ရေ ဆေးသောက်ရအောင်"

သော်နိုး တီထားကို ထမင်းဝိုင်းကူသိမ်းပေးပြီးနောက် ဖွားဖွား အခန်းသို့သွားကာ ဆေးတိုက်ဖို့ သွားလျှင် ကုတင်ပေါ်၌ဖုန်းပြောနေသော ဖွားဖွားက သော်နိုး ကိုလက်ကာပြကာ တစ်ဖက်ကိုဆက်ပြောနေလေသည်။

"အေး သဘောပဲပေါ့ ငါ့မြေး ကမန်းလေးရောက်နေတာတောင် ဖွားနေမကောင်းဘူးဆိုတာသိရက်နဲ့ ဖွားဆီမလာနိုင်တော့လည်း အဆင်ပြေပါတယ် မြေး... အဟွတ် အဟွတ်"

ပြောရင်းက ချောင်းဆိုးလိုက်တဲ့ ဖွား ကြောင့် သော်နိုး ထွေးခံယူပေးဖို့ပြင်တော့ သော်နိုး ကိုမလုပ်ရန် မျက်နှာရိပ်မျက်နှာကဲဖြင့်ပြောလာသည့် ဖွား ကိုကြည့်ရင်း သော်နိုး ခေါင်းညိတ်ပြလိုက်သည်။

"အေး အေး ဟုတ်ပြီ ဒါဆိုလည်းမနက်ဖြန်ပေါ့ မြေးရယ်"

ပြောပြီး ဖုန်းချလိုက်ပြီးနောက် ဖွားဖွားက သော်နိုး လက်ထဲကဆေးတို့ကိုကြည့်ကာ

"ဖွားကသက်သာနေပါပြီ နိုးနိုး ရယ်"

ဆေးမသောက်လိုသောကြောင့် ဖွားဖွား က ညည်းညည်းညူညူနဲ့ပြောလာသည့်အခါ သော်နိုး ဖွားဖွားကို ဆေးသောက်အောင်အရင်ကဆေးတိုက်ရန်ချော့သည့်အတိုင်းပင်

"ဖွားဖွား ကသက်သာပေမယ့် အရှင်းမပျောက်သေးဘူးလေ စောစောကတောင်ချောင်းတွေဆိုးနေသေးတာကို အဲ့ဒါကြောင့် နိုးနိုး ကဆေးလာတိုက်တာကို ဖွားဖွား ကသောက်ရမယ် နော် ဆေးကလည်း နှစ်ခွက်စာပဲကျန်တော့တာ နက်ဖြန် ပြီးရင် ဖွားဖွား ကဆေးသောက်ချင်ပါတယ်ဆိုတောင်သောက်ရတော့မှာမဟုတ်ဘူး ဖွားဖွားကလိမ္မာပါတယ် ဆေးသောက်လိုက်ပါနော်"

ဖူးစာ​မယ်​ရဲ့အတ္တ သို့ မာနWhere stories live. Discover now