"ကိုမင်းသခင်!!"
သူ့နာမည်ကို ခေါ်လိုက်တဲ့အတွက် အနည်းငယ်အံ့သြသွားသည်လား..ဇွဲလျှံ ကိုမြင်လိုက်ရတဲ့အတွက် အံ့သြသွားသည်လား မသိပေမယ့် ထိုလူ့မျက်ခုံးတွေ အတန်ငယ်ပင့်တက်သွားတာကိုတော့ ဇွဲလျှံ သေချာမြင်လိုက်ရသည်။ဇွဲလျှံ ကဘာမှပင်မဆိုရသေး ထိုသူက ဇွဲလျှံ ကိုကြည့်ရင်း လှောင်ပြုံးပြုံးလာလေ၏။
"ပြန်ရောက်လာပြီပဲ..ဟိုမှာနေရတာ ဘယ်လိုလဲ"
"ခင်ဗျား ကျေးဇူးကြောင့် စိတ်ဝင်စားစရာတွေ အများကြီး ကြုံတွေ့ခဲ့ရပါတယ်"
သူက ခပ်ထေ့ထေ့လှောင်ရယ်ရင်း ဇွဲလျှံ ရှေ့က ထိုင်ခုံမှာဝင်ထိုင်လေ၏။
"ငါ့ကို ကျေးဇူးတင်စရာမလိုပါဘူး..မင်းကျေးဇူးတင်ချင်ရင် မင်းကိုအဲ့လိုလုပ်ခဲ့သူကိုပဲ ကျေးဇူးတင်လိုက်ပါလား"
"အဟက်!..ကျနော့်ကို အဲ့လိုဖြစ်အောင်လုပ်ခဲ့သူက အသုံးချခံသပ်သပ်ပဲလေ..အဓိကကြိုးကိုင်သူက ခင်ဗျားပဲကို"
သူ့ထံက အကြည့်စူးစူးတစ်ချက်ကို ဇွဲလျှံ မရှောင်လွှဲမိပါ။ခပ်တည်တည်ပင် ပြန်ကြည့်နေမိတော့ သူက နှုတ်ခမ်းတစ်ဖက် ကော့ညွတ်သွားပြီး
"မိတ်ဆက်တာတော့ ဒီလောက်ပဲပေါ့..လိုရင်းက"
သူ့စကားဆုံးသွားတာနဲ့ ဇွဲလျှံ လက်တွေကို ဖုန်းပေါ်ပြေးလွှားအလုပ်ပေးလိုက်ပြီး ထိုသူ့ရှေ့ တွန်းပို့ပေးလိုက်သည်။ထိုသူက ဖုန်းကို ယူမကြည့်ပဲ တစ်ချက်သာလှမ်းကြည့်လိုက်တာမို့
"သေချာကြည့်လိုက်ရင် ကျနော် ပြောချင်တာကို သိပါလိမ့်မယ်"
သူစိတ်မပါစွာပင် ထိုဖုန်းကိုယူကြည့်မိလိုက်တော့ ပုံရိပ်အချို့ကိုတွေ့လိုက်ရသည်။ဦးပိန်တံတားပေါ် လက်ချင်းတွဲလျက် လျှောက်သွားနေသည့်ပုံ ၊ ကောင်လေး ရင်ခွင်ထဲ ကောင်မလေး ရောက်နေလေသည့်ပုံ ၊ ကောင်လေးက ကောင်မလေးဘက်ယိမ်းကာ ခုံလက်ကိုင်ကိုအတင်းဆွဲထားသည့်ပုံ ၊ ကောင်လေးက ကောင်မလေးကို မျက်လုံးပြူးပြနေတဲ့ပုံ ၊ ကောင်လေး ပခုံးပေါ် ကောင်မလေး ခေါင်းမှီနေတဲ့ပုံ စသည့်စသည့် ကောင်လေးနှင့် ကောင်မလေးရဲ့ပုံရိပ်တွေ ခြုံပြောရရင် သော်နိုး နဲ့ ပိုင်ရှင်းရဲ့ပုံတွေပင်။
YOU ARE READING
ဖူးစာမယ်ရဲ့အတ္တ သို့ မာန
Romansaငါ့ရဲ့ဖြစ်တည်မှုကတခြားသူတွေကိုအနှောင့်အယှက်ဖြစ်စေလိမ့်မယ်လို့တခါမှမတွေးဖူးဘူးအထူးသဖြင့်နင့်အတွက်ငါ့ဖြစ်တည်မှုကိုတန်ဖိုးထားခဲ့တဲ့နင့်အတွက် ဖြိုးသော်နိုး အချစ်ကထူးဆန်းသလိုဖူးစာ...