ပြည့်သျှန် City Mart ထဲကိုအလုပ်ကိစ္စနဲ့ ရောက်လာချိန် လှမ်းမြင်လိုက်ရတဲ့ သော်နိုး ကြောင့် အလုပ်ကိစ္စပြောနေတာကို ရပ်ကာ အပြင်ခဏထွက်လာခဲ့လိုက်၏။ပြည့်သျှန် ဆိုင်သို့ရောက်လာရန်အချိန်မရှိဘဲ သူငယ်ချင်းတွေနဲ့ အပြင်ကို ထွက်လည်ကာ ရယ်မောပျော်ရွှင်ရန်အချိန်ရှိနေသည့် သော်နိုး ကို သူ ဖုန်းခေါ်မိ၏။
မလှမ်းမကမ်းကနေလှမ်းမြင်နေရတဲ့ သော်နိုး ကို သူလှမ်းကြည့်နေမြဲ။သော်နိုး ကဖုန်းကိုတစ်ချက်ကြည့်ပြီးသည်နှင့် ရယ်မောခြင်းကိုရပ်တန့်လိုက်ကာ လက်နှစ်ဖက်ကို သူကြည့်နေကြသိုင်းကားတွေထဲကလို အတွင်းအားစုစည်းသည့်ပုံစံအတိုင်း အပေါ်ကနေ အောက်သို့ တဖြည်းဖြည်းဖိချကာ နှုတ်ခမ်းကိုလည်းတဆူဆူနဲ့ လေတွေမှုတ်ထုတ်နေသေး၏။ဘေးနားက သူငယ်ချင်းတွေကို တိုးတိုးနေရန် အချက်ပြလိုက်သေး၏။
*ဒီကလေးမ သူ့ကိုလိမ်ဖို့ ကြိုးစားနေပြီပဲ
သော်နိုး နောက်ဆုံးအနေနဲ့လေကိုမှုတ်ထုတ်လိုက်ပြီးနောက် ဆံပင်ကိုသပ်တင်ကာ အချိုသာဆုံးအပြုံးတစ်ခုနဲ့ ဖုန်းကိုကိုင်လိုက်၏။
"ဟဲလို..ဦး..."
"နိုးနိုး..ကလေး ခုဘာလုပ်နေလဲ"
ပြည့်သျှန် ပုံမှန်အတိုင်းပင် မေးခွန်းမေးလိုက်သော်ငြား အသံက လိုအပ်သည်ထိ ပိုမိုချိုသာသွားသယောင်ရှိ၏။သော်နိုး က ဖုန်းကို နားကခွာကာ မျက်မှောင်ကျုံ့ကြည့်ရင်း ခေါင်းလေးစောင်းလျက် သူ့စကားကိုနားမလည်သယောင်။ပြီးမှ ဖုန်းကို နား အနားပြန်ကပ်ကာ
"အမ်...မုန့်စားနေတာလေ ဦး ဘာလို့လဲ"
"ဟုတ်လား..ဒါဆို နိုးနိုး ကခုအဆောင်မှာလား"
ပြည့်သျှန် သူ့ကိုညာဖို့ အစွမ်းကုန်ပြင်ဆင်ထားတဲ့ ကလေးရဲ့ အလိမ်အညာစကားတွေကို နားထောင်ရအောင် သိသိရက်နဲ့ပင် မေးလိုက်၏။
"ဟုတ်ဘူး...နိုး ကခု အပြင်မှာ..City Mart ကိုသူငယ်ချင်းတွေနဲ့ ရောက်နေတာ..ဘာဖြစ်လို့လဲ ဦး"
သူ့အမေးကို မဆိုင်းမတွနဲ့ အမှန်အတိုင်းချက်ချင်းပြန်ဖြေလိုက်တာကြောင့် ပြည့်သျှန် ဘာပြောရမှန်းမသိဖြစ်သွား၏။အစက သူ့ကိုညာရင် ဘယ်လိုအစ်မယ်ဆိုပြီးစဉ်းစားထားသမျှ ခုကလေးက အကုန်အမှန်အတိုင်းပြောလာသည်မို့ ပြည့်သျှန် ကော်ဖီဆိုင်ထဲ ပြန်ဝင်ထိုင်လိုက်ပြီး ချောင်းတစ်ချက်ဟန့်ကာ
YOU ARE READING
ဖူးစာမယ်ရဲ့အတ္တ သို့ မာန
Romantikငါ့ရဲ့ဖြစ်တည်မှုကတခြားသူတွေကိုအနှောင့်အယှက်ဖြစ်စေလိမ့်မယ်လို့တခါမှမတွေးဖူးဘူးအထူးသဖြင့်နင့်အတွက်ငါ့ဖြစ်တည်မှုကိုတန်ဖိုးထားခဲ့တဲ့နင့်အတွက် ဖြိုးသော်နိုး အချစ်ကထူးဆန်းသလိုဖူးစာ...