ကျွန်မတို့ကျောင်းတက်ရက်များ များပြားလာသည်နှင့်အမျှ
ကျောင်းပွဲတော်တော်များများကိုလည်းဖြတ်သန်းရလေသည်။မေဂျာ welcome အပြင် The Whole Welcome တွေပါဆင်နွှဲပျော်ပါးရသေးသည်။ကျောင်းကပွဲဖြစ်တဲ့ ဈေးပွဲတော်နေ့မှာ နိုး အတွက်ကံဆိုးခြင်းများစတင်ရန်အကြောင်းဖန်လာခဲ့တော့သည်။ကျမတို့ကျောင်းမှာဈေးပွဲတော်နေ့လုပ်တော့ ဆူး ကသူ့မေဂျာကိုသွားပြီးကူရတယ် သူတို့မေဂျာကဖျော်ရည်နဲ့ Sandwich ရောင်းရတာ နိုးတို့မေဂျာမှာကမြန်မာစာတွေပီပီ မြန်မာကိုကိုယ်စားပြုတဲ့ မုန့်ဟင်းခါး ရောင်းတယ့်နေ့၊ ဆူးကမြန်မာစစ်စစ်ပေမယ့်မုန့်ဟင်းခါးလုံးဝမကြိုက်တဲ့သူ၊ အဆောင်မှာမုန့်ဟင်းခါးကျွေးတဲ့နေ့ဆိုအပြင်ပဲသွားစားတဲ့သူတစ်ယောက်။နိုးတို့မေဂျာဆီ ၁၁နာရီလောက်ရောက်လာပြီး
"နိုး နေ့လည်စာစားပြီးပြီလား မစားရသေးရင် ဆူးနဲ့သွားစားရအောင်"
"Arr...ဆူး..ဟို..ဆူးပဲသွားစားလိုက်တော့..နိုးကဒီမှာလူမရှိလို့စောင့်ပေးရဦးမယ်"
"ဟိုဟာတွေကလူတွေမဟုတ်တော့ဘာလဲ သူတို့နဲ့ခဏထားခဲ့လိုက်လေ"
ဆူးကမကျေမနပ်ပြောဆိုရင်း မုန့်ဟင်းခါးအိုးနားကလူတွေ၊မုန့်ပွဲပြင်တဲ့နားကလူတွေကိုလက်ညှိုးထိုးနေတာကြောင့်
"မဟုတ်ဘူးလေ ခဏနေဆိုလူတွေလာကြတော့မှာ သိမ်းခါနီးဆိုလူတွေတအားပြုံလာတတ်လို့ နိုးတို့ကိုမပြန်သေးဘဲကူညီပေးဖို့မှာထားလို့"
"အဲ့ဒါဆိုနေ့လည်စာကဘယ်လိုလုပ်မှာလဲ အစာလွန်လို့တစ်ခုခုဖြစ်ခဲ့ရင်ရော"
နိုးကိုစိတ်ပူပြီးကရုဏာဒေါသောကြောင့် ဆူးအသံကမကျေမနပ်သံတွေပါလာနေတာမို့ ဘာလုပ်ရမှန်းမသိချိန် နိုးတို့အတန်းထဲကကောင်လေးတစ်ယောက်နိုးတို့အနား ရောက်လာပြီး
"သော်နိုး မုန့်ဟင်းခါးစားရအောင်တဲ့"
"Omm..လာခဲ့လိုက်မယ်"
YOU ARE READING
ဖူးစာမယ်ရဲ့အတ္တ သို့ မာန
Romanceငါ့ရဲ့ဖြစ်တည်မှုကတခြားသူတွေကိုအနှောင့်အယှက်ဖြစ်စေလိမ့်မယ်လို့တခါမှမတွေးဖူးဘူးအထူးသဖြင့်နင့်အတွက်ငါ့ဖြစ်တည်မှုကိုတန်ဖိုးထားခဲ့တဲ့နင့်အတွက် ဖြိုးသော်နိုး အချစ်ကထူးဆန်းသလိုဖူးစာ...