"သော်....နိုး....!!"
အဆောင် ကော်ရစ်တာ တစ်လျှောက် နန္ဒာ့ အသံက လွှမ်းမိုးသွားပြီးနောက် သော်နိုး ကိုယ်လေးလည်း နန္ဒာ၏ အရှိန်နှင့် လှမ်းဖက်လိုက်ခြင်းကြောင့် နောက်ကျောနှင့် တံခါးဘောင်တို့ မိတ်ဆက်သွားရ၏။
"အ့...အသာလုပ်ပါ နန္ဒာ ရယ်"
သော်နိုး ရဲ့ ခပ်တိုးတိုး အသံနဲ့ နောက်ကျောကိုအသာဖိရင်း ပြောမှုကြောင့် နန္ဒာက သွားဖြီးလျက်
"ဟီး..ဆောတီး..ဆောတီး...ငါက လွမ်းလွန်းလို့ အရှိန်မထိန်းနိုင်ဖြစ်သွားတာ"
သော်နိုး အခန်းသော့ဖွင့်ပြီးသည်နှင့် အခန်းထဲပြေးဝင်ကာ သော်နိုး ကုတင်ပေါ်လှဲအိပ်လိုက်သည့် နန္ဒာက အခန်းထဲလက်ညှိုးထိုးလျက်
"လာ အဆင်ပြေတဲ့ နေရာ ဝင်ထိုင်လိုက်"
မသိရင် သူကပဲ အခန်းရှင်လိုလို..သော်နိုး လက်ထဲက ပစ္စည်းတွေကို စားပွဲပေါ်ထားပြီး ကုတင်ပေါ်ထိုင်ရန် ပြင်ချိန်တွင် အရိပ်တစ်ခုက ကုတင်ပေါ်ပစ်လှဲလိုက်ပြန်၏။
"ပါမှပါ ပါ့မလားလို့..ပါတော်မူသားပဲ.."
ပြောပြောဆိုဆို ကုတင်ပေါ် ဝင်ထိုင်ဖို့ပြင်တဲ့ သော်နိုး ကို ယုစံ ကလက်ကာပြ၏။
"ထိုင်ခုံပေါ်ထိုင်စမ်းပါ..ကုတင်သေးသေးလေးကို နင်ကပါ လာအိပ်ချင်နေသေးတာလား..ထိုင်ခုံမှာထိုင်..ထိုင်ခုံမှာထိုင်"
"သြော်..အေး အေး...အေးပေါ့ အေး..နင်တို့ကအခန်းရှင်ပဲ"
သော်နိုး သံရှည်ဆွဲလျက် ရွဲ့တဲ့တဲ့ပြောလျှင် ကုတင်ပေါ်မှ နှစ်ကောင်က ခေါင်းတညိတ်ညိတ်လုပ်နေသေး၏။သော်နိုး ထိုနှစ်ကောင်ကို မျက်စောင်းထိုးလိုက်ပြီး
"နင်တို့အတန်းမတက်ဘူးလား"
သော်နိုး အမေးကို တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီးမှ နန္ဒာက
"နင်ပြန်လာပြီဆိုလို့ အတန်းဖျက်လိုက်တာ..သိတယ်မလား ငါတို့က နင့်ကိုသိပ်ချစ်ကြတာ..နင့်ကိုချစ်လွန်းလို့ ဌာနမှူးအချိန်ကိုတောင် ဖျက်ပြီးထွက်လာတာ..ဟုတ်တယ်မလား ယုစံ"
![](https://img.wattpad.com/cover/174365332-288-k803626.jpg)
YOU ARE READING
ဖူးစာမယ်ရဲ့အတ္တ သို့ မာန
Romanceငါ့ရဲ့ဖြစ်တည်မှုကတခြားသူတွေကိုအနှောင့်အယှက်ဖြစ်စေလိမ့်မယ်လို့တခါမှမတွေးဖူးဘူးအထူးသဖြင့်နင့်အတွက်ငါ့ဖြစ်တည်မှုကိုတန်ဖိုးထားခဲ့တဲ့နင့်အတွက် ဖြိုးသော်နိုး အချစ်ကထူးဆန်းသလိုဖူးစာ...