သော်နိုး ဆေးရုံတစ်ပတ်ခန့်တက်ပြီး ပြန်ဆင်းလာချိန်တွင် ကျောင်းပြန်ဖွင့်နေလေပြီ။သို့သော်လည်း ကျောက်ပတ်တီးမဖြည်ရသေးတဲ့လက်ကို အကြောင်းပြကာ ခုထိ အတန်းမသွားသေးတာကြောင့် ခန့်သစ် လည်း ရန်ကုန်မပြန်နိုင်သေးပဲ မန္တလေးမှာပင် သောင်တင်လျက်ရှိနေရသည်။
"ကလေး ခဏနေဆေးသောက်ရတော့မှာ နေ့လည်စာဘာစားမှာလဲ"
"ကိုလတ် ကအိမ်ကနေ ထမင်းချိုင့် ယူလာခဲ့ပေးမယ်ဆိုလို့ စောင့်နေတာ ဦး"
ဖုန်း ကိုလက်တစ်ဖက်တည်းနဲ့ စာရိုက်နေရင်းက ပြန်ဖြေလာတဲ့ ကလေး..ကျောက်ပတ်တီး မဖြည်ရသေးလို့ ကျောင်းသာမသွားတာ..ဖုန်း ကိုလက်တစ်ဖက်ထဲနဲ့အသုံးပြုနိုင်တယ်..ဂိမ်းဆော့မလား အဆင်ပြေတယ်..လိုင်းသုံးလား ဖြစ်တယ်..msg ပို့ရမလား ကျွမ်းချက်..ကျောင်းစာပဲ လိုက်မလုပ်နိုင်တာ..
"ဒါဆို ကိုယ် နေ့လည်စာ ဘာမှမပြင်တော့ဘူးနော်"
"ဟုတ်.....ကဲ့"
ခေါင်းလေးတငြိမ့်ငြိမ့်နဲ့ သံရှည်ဆွဲ ဖြေလေတဲ့ သော်နိုး။အားသွန်ခွန်စိုက် ရိုက်နေတဲ့ စာကိုလှမ်းကြည့်မိတော့ ခန့်သစ် နဲ့ပြောနေခြင်း။ကိတ်မုန့်ဆိုင်မှာ ထိုင်နေပြီး အိမ်ကလူကို တခြားဆိုင်ကကိတ်မုန့်မှာနေသော သော်နိုး ကိုသူတအံ့တသြကြည့်မိတော့
"ဦး အလုပ်ပြီးပြီလား..ပြီးပြီဆိုရင် နိုး နဲ့ chess ဆော့ရအောင်"
"ကလေး ဗိုက်ဆာနေမှာစိုးလို့ လာမေးတာ..ကိုယ့် အလုပ်တွေမပြီးသေးဘူး..."
"ဟုတ်..ဦး"
ပြည့်သျှန် ရုံးခန်းတံခါးဖွင့်ကာ ရုံးခန်းထဲခြေချမိသည်နှင့် စားပွဲပေါ်က ဖွင့်ထားလျက်သား ဖိုင်တစ်ချို့နဲ့ အဆက်မပြတ်မြည်နေသော ဖုန်းသံက ကြိုလင့်၏။လုပ်လက်စ စာရင်းတွေကိုရပ်ထားခဲ့ပြီး ပြောလက်စဖုန်းကို ပြီးမှပြန်ခေါ်လိုက်မယ်ဆိုတဲ့ စကားနဲ့ ကလေးဆီလာခဲ့တာက ကိုယ့်ရဲ့ ကလေးအပေါ် အလေးထားမှု။ကိုယ့်အချစ်တွေကို မြင်သာအောင်ပြပေမယ့် မမြင်ခဲ့တာ ကလေးရဲ့ ပေါ့ဆမှုလား..လျစ်လျူရှုမှုလား ဆိုတာတော့ ကလေးသာအသိဆုံးနေမည်။
YOU ARE READING
ဖူးစာမယ်ရဲ့အတ္တ သို့ မာန
Romanceငါ့ရဲ့ဖြစ်တည်မှုကတခြားသူတွေကိုအနှောင့်အယှက်ဖြစ်စေလိမ့်မယ်လို့တခါမှမတွေးဖူးဘူးအထူးသဖြင့်နင့်အတွက်ငါ့ဖြစ်တည်မှုကိုတန်ဖိုးထားခဲ့တဲ့နင့်အတွက် ဖြိုးသော်နိုး အချစ်ကထူးဆန်းသလိုဖူးစာ...