အချိန်တွေကအကုန်မြန်လွန်းသည်။နိုးတို့စာသင်နှစ်တစ်နှစ်ကုန်ဆုံးပြီးလို့ ဒုတိယနှစ်ကိုပင်ရောက်ရှိလာခဲ့သည်။ဒုတိယနှစ်အမှတ်စာရင်းပေါ်မူတည်ပြီး ဂုဏ်ထူးတန်းခွဲမှာမို့ စာသင်နှစ်စကတည်းက စာကြိုးစားကြရသည်။ဆူးကတော့
ဂုဏ်ထူးတန်းကိုစိတ်ဝင်စားပုံမပေါ်။အားတိုင်းဖုန်းကလိနေသည်။ဆူးရဲ့အားသာချက်ကဥာဏ်ကောင်းခြင်းပင် စာကိုတစ်ခါဖတ်လိုက်ရုံနဲ့နားလည်ပြီး ပြန်ရှင်းပြနိုင်သူ။စာတစ်ပုဒ်ကိုကျက်ရင်လည်းနာရီဝက်မကြာ ဘယ်အချိန်ပြန်မေးမေး ဖြေနိုင်သူ။နိုးကစာတစ်ပုဒ်ကျက်ရင် တစ်နာရီကြာပြီး နောက်ရက်တွေမေးရင် ပြန်မကြည့်ဘဲ အမြှီးအမှောက်တည့်အောင်မဆိုနိုင်။
နိုးတစ်ယောက် dinner တုန်းကအကြောင်းကိုလည်းမေ့ ထိုလူကိုလည်းမေ့မေ့ပျောက်ပျောက်ဖြစ်နေချိန်
သူနဲ့ပြန်ဆုံတွေ့ရန်အကြောင်းဖန်လာသည်က ကျောင်းဈေးပွဲတော်နေ့ သူနဲ့ပထမဆုံးစတွေ့ခဲ့ဖူးသည့် ပွဲတစ်ခု.....ဒီနှစ်နိုးတို့မေဂျာကအထည်တွေ(အစတွေ)ရောင်းပြီး ဘောလုံးပစ်တာကိုသာလုပ်ခဲ့သည်။ဌာနကအမတွေက ဒီနှစ်အလုပ်မရှုပ်တာကြောင့် ပွဲတော်ကိုစိတ်ကြိုက်လည်ပတ်ခွင့်ပေးသည်။ဆူးတို့ဌာနက အာလူးကြော်နဲ့ဆူရှီရောင်းခြင်းပင်။
အာလူးကိုကိုယ်တိုင်ကြော်ဖြစ်၍ သူ့မှာမအား။ဒါကြောင့်လည်းနိုး သူ့ဆီလိုက်သွားမိတော့ ဆူးကအာလူးကြော်တဲ့ဒယ်အိုးနားမှာ"ဆူး...နိုး ဘာကူညီပေးရမလဲ"
ဆူးအာလူးဆယ်နေရင်းနဲ့ နိုးဘက်ကိုပြန်လှည့်ကြည့်ကာ
"ရတယ် နိုး ဒီနားကမီးခိုးတယ် ဟိုဘက်သွားနေ ဆူးခဏနေလာခဲ့မယ်"
နိုးကိုပြောရင်း လက်တစ်ဖက်အာလူးကြော်တွေကို ဆယ်ရင်း လက်တစ်ဖက်ကမီးခိုးငွေ့တွေကိုယမ်းထုတ်နေသည်။
ဆီကြော်အိုးထဲက အာလူးတွေ
YOU ARE READING
ဖူးစာမယ်ရဲ့အတ္တ သို့ မာန
Lãng mạnငါ့ရဲ့ဖြစ်တည်မှုကတခြားသူတွေကိုအနှောင့်အယှက်ဖြစ်စေလိမ့်မယ်လို့တခါမှမတွေးဖူးဘူးအထူးသဖြင့်နင့်အတွက်ငါ့ဖြစ်တည်မှုကိုတန်ဖိုးထားခဲ့တဲ့နင့်အတွက် ဖြိုးသော်နိုး အချစ်ကထူးဆန်းသလိုဖူးစာ...