"ကိုပြည့် ရောက်လာပြီ.."
နန္ဒာ့ စကားကြောင့် ယုစံ ထိုင်နေရာကနေ ထကာ နောက်လှည့်ကြည့်မိ၏။မျက်ဝန်းတွေက မယုံကြည်ခြင်းနဲ့ ဝမ်းနည်းမှုအပြည့်ဖြစ်နေတဲ့ လူကို အဘယ်သို့သော စကားဆို၍ နှစ်သိမ့်ရမည်ကို မသိပါ။နှစ်သိမ့်ခြင်းထက် မည်သို့တောင်းပန်ရမည်ကို မသိပါ။အကယ်၍ ယုစံ သာ သော်နိုး ကိုဆိုင်ကယ်မမောင်းစေခဲ့မိရင် ဒီလိုဖြစ်ရလိမ့်မည် မဟုတ်ပေ။
"ကိုပြည့်..ခုနတုန်းက သော်နိုး သတိလည် လာသေးတယ်..ဒါပေမဲ့ သူ့ကိုဘာမေးမေး ပြန်မဖြေဘူး..ငိုပဲငိုနေပြီး မျက်လုံးအကြည့်ကလည်း ထူးဆန်းနေလို့ ဆရာက ဆေးသွင်းပေးခဲ့တာ..ခု ဆေးရှိန်နဲ့အိပ်နေတာမို့..သိပ်တော့ မစိုးရိမ်ရတော့ဘူး"
သော်နိုး ဘေးက ခုံလွတ်လေးမှာ ဝင်ထိုင်လိုက်တဲ့ ပြည့်သျှန် ကို နန္ဒာ ကခပ်တိုးတိုးရှင်းပြနေလေ၏။ပြည့်သျှန် အကြည့်တွေက သော်နိုး ထံမှမခွာပဲ ပြန်မေးမိ၏။
"ဘယ်လိုဖြစ်တာလဲ"
ပြည့်သျှန် အသံက တုန်ယင်နေသလား ၊ တိုးဝင်သွားသလားတော့ မသိပါ။နန္ဒာ ကအတန်ကြာနှုတ်ဆိတ်နေပြီးမှ သက်ပြင်းတစ်ချက်ချလျက် ပြန်ဖြေလေ၏။
"သော်နိုး နဲ့ ယုစံ ကစာတမ်းအတွက် မိတ္တူဆိုင်ကအပြန် သူတို့မျက်စိရှေ့မှာ ကား Accident ဖြစ်တာကိုမြင်ပြီး ခုလိုဖြစ်သွားတာ"
ဆိုင်ကယ်ကို ယုစံ မမောင်းဘဲ သော်နိုး မောင်းလိုက်သည်က အဆိုးထဲကအကောင်းပေပဲလား မသိ။တစ်လမ်းလုံးရှင်းနေသည့်အထဲက ထိုနှစ်ယောက်သာ ဖြတ်မသွားခဲ့ပါလျှင် သို့မဟုတ် မောင်းသူက သော်နိုး မဟုတ်ပဲ ယုစံ သာဖြစ်နေခဲ့လျှင် တိုက်ခံရသူက သူတို့ဖြစ်သွားနိုင်သည်။သော်နိုး ကဆိုင်ကယ်စီး မကျွမ်းတာကြောင့်ရော ၊ နေပူလွန်းတာကြောင့်ပါ ဆိုင်ကယ်ကိုတစ်ဖက်လမ်းမှာ ခဏရပ်ပြီး ယုစံ ကလမ်းဆုံကမုန့်ဆိုင်မှာ မုန့်သွားဝယ်နေတုန်း သော်နိုး ကသစ်ပင်ရိပ်မှာ ရပ်စောင့်နေခဲ့သည်။သူတို့က Accident ဖြစ်ရာနေရာနဲ့ အလွတ်ကြီးဆိုပေမယ့် သော်နိုး ကလန့်ပြီးမေ့လဲသွားခဲ့တာကြောင့် ဆေးရုံရောက်လာခဲ့ရခြင်းဖြစ်သည်။
YOU ARE READING
ဖူးစာမယ်ရဲ့အတ္တ သို့ မာန
Romanceငါ့ရဲ့ဖြစ်တည်မှုကတခြားသူတွေကိုအနှောင့်အယှက်ဖြစ်စေလိမ့်မယ်လို့တခါမှမတွေးဖူးဘူးအထူးသဖြင့်နင့်အတွက်ငါ့ဖြစ်တည်မှုကိုတန်ဖိုးထားခဲ့တဲ့နင့်အတွက် ဖြိုးသော်နိုး အချစ်ကထူးဆန်းသလိုဖူးစာ...