ဖူးစာမယ်​ရဲ့အတ္တ သို့ မာန အပိုင်း ၁

1.5K 19 1
                                    

မန္တ​လေးတက္ကသိုလ်​အတွင်းရှိ ​ရွှေမန်း​ဆောင်​၏တံခါးဝမှ
ကောင်​မ​လေးနှစ်​​ယောက်​ဆိုင်​ကယ်​စီး၍ထွက်​လာသည်​။
ရွှေမန်း​ဆောင်​အတွင်းမှထွက်​လာ၍​ကောင်​မ​လေး နှစ်
ယောက်​ဟု​ပြော​သော်​ငြား ​ရှေ့မှဆိုင်​ကယ်​​မောင်း​နေသူ
သည်​ ဆံပင်​က​ယောက်ျား​ကေနှင့်​မို့ ရုတ်​တရက်​ကြည့်​ရင်
ကောင်​​လေးနဲ့တူ​နေသည်​။သူ့​နောက်​က ​ကျောပိုးအိတ်
အစိမ်း​ရောင်​​လေးနဲ့​ကောင်​မ​လေးက ပါးကွက်​ကြား​လေးလိမ်းထားပြီး ပြင်​ဆင်​မှုဘာမှမရှိ။

ထိုဆိုင်​ကယ်​​လေးသည်​ ​ရွှေမန်းလမ်းမှ သစ္စာလမ်းကြားသို့ချိုး​ကွေ့ဝင်​သွားသည်​။သစ္စာလမ်း​လေးရဲ့အဆုံး ​အ​ဝေးသင်​ဌာန​ရှေ့ရှိလမ်း​လေး​ပေါ်​ပြောင်း​ရွေ့​မောင်းနှင်​လာရင်း​ မန္တ​လေးတက္ကသိုလ်​ ဓမ္မာရုံလမ်း​လေးထဲချိုး​ကွေ့ဝင်​သွားပြန်​သည်​။ ထိုဆိုင်​ကယ်​​လေးရပ်​တန့်​လိုက်​သည့်​​နေရာက ​လေးထပ်​​ဆောင်​​ဘေးရှိ ​​ကုက္ကိုပင်​ရိပ်​​အောက်​တွင်​။လေးထပ်​​ဆောင်​သည်​မြန်​မာစာဌာန၊အင်္ဂလိပ်​စာဌာန၊
ဥပ​ဒေဌာန၊စီးပွား​ရေးဌာန၊နိုင်​ငံတကာဆက်​ဆံ​ရေးဌာန၊​ရှေး​ဟောင်းသု​တေသနဌာနနဲ့ သမိုင်းဌာနတို့နှင့်​​လေး​ထောင့်​ပုံရှိပြီးအလယ်​တွင်​ ပန်းခြံတစ်​ခုရှိ​နေသည်​။

ကျောင်းစတက်​သည့်​​နေ့တွင်​နိုးရဲ့​မေဂျာသို့ နိုးအခန်း​ဖော်​​ဆူးလ၀န်း ကလိုက်​ပို့​ပေးပြီးအခန်းထဲကလူ​တွေကိုလှမ်းကြည့်​ကာ အလယ်​တန်းရဲ့​နောက်​ဆုံးတွင်​ထိုင်​​နေ​သော​ကောင်​မ​လေး​တွေနားကို​မေး​ငေါ့ပြ၍

"အဲ့နားသွားထိုင်​လိုက်​ စစချင်းဆို​တော့သူလိုကိုယ်​လို​တွေချည်းပဲမ​ကြောက်​ပဲနဲ့ရဲရဲသွား သူတို့နဲ့မိတ်​​ဆွေဖွဲ့ထားတာ နိုး အတွက်​အကျိုးမယုတ်​ဘူး"

"နိုး ကအကျိုးလိုလို့​ပေါင်းတဲ့သူလား ဆူး"

"အဲ့လို​ပြောတာမဟုတ်​ဘူး​လေ သူတို့ကနိုးကိုလမ်းမှားမပို့ဘူးလို့​ပြောချင်​တာ"

"Aww Ok သိပြီ ဆူးက​ရော"

"ဘာကိုလဲ"

နိုးသူ့ကိုပြူးး​ကြောင်​​ကြောင်​ကြည့်​မိ​တော့သူကလည်းနိုးကိုပြန်​ပြူးးကြည့်​ကာ​ခေါင်းကုတ်​​နေ​သော​အခါမှအဆုံးမရှိအစမရှိ​မေးမိသည့်​မိမိအပြစ်​သာမို့

ဖူးစာ​မယ်​ရဲ့အတ္တ သို့ မာနWhere stories live. Discover now