သော်နိုးတို့စာမေးပွဲရက်ရောက်တော့ ဆူးကလိုက်ပို့ပေးဖို့ပြောပေမယ့် ဖြေရမည့်နေရာချင်းမနီးတာကြောင့်ရော...ပိုင်ရှင်းကိုမတွေ့ချင်တာကြောင့်ရော...ယုစံကလာခေါ်နေတာကြောင့်ပါ..ငြင်းလိုက်မိသည်။ဆူးကတော့ မကျေနပ်သည့်ပုံပေမယ့် ဘာမှတော့မပြော။အတူသွားလို့ရတဲ့နေရာထိသွားမယ်ဆိုပြီး သော်နိုး ကိုအခန်းရှေ့ထိလိုက်ပို့ပေးခဲ့သည်။ခါတိုင်း အခန်းထဲဝင်လို့ရပြီဆိုမှ သူ့အခန်းသူသွားတဲ့ဆူးက ဒီတစ်ခါတော့ သော်နိုးအခန်းရှေ့ရောက်တာနဲ့ နှုတ်တောင်မဆက်ဘဲထွက်သွားလေသည်။ဆူးစိတ်ဆိုးသွားတယ်ဆိုတာကဗေဒင်မေးစရာမလို။သေချာနေတာမို့ စာမေးပွဲဖြေမှာကို သော်နိုးကြောင့် စိတ်အနှောင့်အယှက်ဖြစ်ပြီး စာထဲအာရုံမရောက်မှ ဒုက္ခ။
သော်နိုးအတွေးနဲ့ ဆူးတို့စာဖြေခန်းရှိရာဘက်လျှောက်သွားလေတော့ စာဖြေခန်းတည့်တည့်မှာအကြည်စိုက်နေတဲ့ မိမိ crush အတွဲ။စာလုပ်ချိန်တိုင်းရွှေစင်ရဲ့ တက်ကြွနေတဲ့ပုံစံနဲ့ပိုင်ရှင်းဆီ အပြေးသွားပြီး ကြည်နူးနေပုံတွေကိုမြင်နေရတာမို့ အဲ့အတွဲကိုမမြင်ချင်တော့ပါဘူးဆိုကာမှ။ စာပြောရင်းကျီစယ်နေတဲ့ သူတို့ကိုတစ်ခဏငေးကြည့်နေပြီးမှ လာရင်းကိစ္စဖြစ်ရာ ဆူးထံအကြည့်ရွှေ့မိတော့ စာအုပ်ကြီးကိုင်ပြီးဘာတွေတွေးနေသည်မသိ။
"ဆူး...."
သော်နိုးအသံကြားတော့တစ်ချက်လှမ်းကြည့်ပြီး ဘာအမူအရာမှမပြဘဲစာအုပ်ကိုသာပြန်ကြည့်နေတာမို့ သော်နိုးတောင်ကြောင်သွားရသလို။စိတ်ဆိုးနေတာသေချာနေပြီမို့ သော်နိုး ဆူးအနားသွားကာ ဆူးလက်ကိုတွဲထားလိုက်ရင်း
"ဆူး...စိတ်ဆိုးနေတာလား...စိတ်မဆိုးပါနဲ့..နိုး ကလိုက်မပို့စေချင်လို့မဟုတ်ပါဘူး..မနေ့ညက ဆူး စာကျက်ရင်းဒီအပုဒ်ကသိပ်မရှင်းဘူး မနက်မှမေးကြည့်တော့မယ်ဆိုလို့လေ..နိုး ကိုလိုက်ပို့ရင် ဆူးကအကုန်စာဖြေခန်းထဲဝင်မှသွားတော့..ဆူး စာမေးချိန်မရမှာစိုးလို့လေ...aww...ဒီမှာ..ဒီအပုဒ်ကို..ဆူးကိုနည်းနည်းရှင်းပြပေးလို့ရမလား"
YOU ARE READING
ဖူးစာမယ်ရဲ့အတ္တ သို့ မာန
عاطفيةငါ့ရဲ့ဖြစ်တည်မှုကတခြားသူတွေကိုအနှောင့်အယှက်ဖြစ်စေလိမ့်မယ်လို့တခါမှမတွေးဖူးဘူးအထူးသဖြင့်နင့်အတွက်ငါ့ဖြစ်တည်မှုကိုတန်ဖိုးထားခဲ့တဲ့နင့်အတွက် ဖြိုးသော်နိုး အချစ်ကထူးဆန်းသလိုဖူးစာ...