✉️သော်နိုး ကိုငါ့ဘက်ပို့လိုက်!!!
စာပို့တာဆိုသည့်တိုင် သီရိရှင်းဦး အစ်ကို၏ ဒေါသကို ခံစားမိလိုက်သည်။ထို့ကြောင့်လည်း ပြန်အမ်းငွေကိုပင် မစောင့်တော့ဘဲ မြန်မြန် အထဲဝင်ကာ သော်နိုး ကိုနေရာပြောင်းဖို့ပြောရလေသည်။နေရာမပြောင်းချင်ဘူး ပြောနေတဲ့ သော်နိုး ကြောင့် သီရိရှင်းဦး မျက်နှာငယ်နဲ့ပြောပြီး တစ်ဖက်သို့ အတင်းပို့ရ၏။ဒါတောင် သွားခါနီး တစ်ခုံကျော်က ကောင်လေးကို သံယောဇဉ်မပြတ်သလို လှည့်ကြည့်လှည့်ကြည့် လုပ်နေသူကြောင့် သီရိရှင်းဦး အစ်ကိုဖြစ်သူရဲ့ဒေါသဖြစ်တည်လာမှု တစ်စွန်းတစ်စကိုရိပ်မိလိုက်သည်။
သူ့ဘေးရောက်သွားတာနဲ့ သော်နိုး လက်ထဲက ပေါက်ပေါက်ဘူးကိုဆွဲယူလိုက်တဲ့သူကြောင့် သော်နိုး မော့ကြည့်မိလျှင် ပိုင်ရှင်း ကမျက်ထောင့်နီနဲ့ တစ်ဖက်ကိုလှမ်းကြည့်နေလေသည်။သော်နိုး နှုတ်ခမ်းတွေကို စေ့စေ့ပိတ်လိုက်ပြီး နှုတ်ခမ်းနီဆိုးရင် လုပ်သလိုပုံစံလုပ်လိုက်တော့
"ဘာလဲ..မကျေနပ်ဘူးလား!!"
သော်နိုး မုန့်လည်းလုသေး..သူကတစ်ပြန် လာအော်နေသေးတဲ့သူကို ပြန်ရန်တွေ့လိုသော်ငြား သော်နိုး လက်မောင်းကိုဆွဲပြီး ခေါင်းရမ်းပြလာတဲ့ သီရိရှင်းဦး ကြောင့် စကားလုံးတွေကို ပြန်မြိုချလိုက်ရသည်။
ကြည့်တဲ့ကားက သရဲကားဖြစ်နေကြောင်း ဇာတ်လမ်းတစ်ဝက်ရောက်မှ သိလိုက်ရတဲ့ သော်နိုး အဖြစ်က သနားစရာပင်။ဇာတ်လမ်းတစ်ဝက်ရောက်မှ သိလိုက်ရခြင်းက ဇာတ်ကြောင်းမရှင်းတာမျိုး မဟုတ်ပဲ crush နဲ့ ရုပ်ရှင်ကြည့်ခြင်း ရိုးရာမပျက် ဘာမှန်းမသိလိုက်ခြင်းပင်။ဒီတစ်ခါတော့ ရင်ခုန်နေရလို့ မဟုတ်..ရန်သတ်နေရလို့သာ။လျှောက်လမ်းဘေးက တစ်ခုံကျော်မှာထိုင်နေတာဖြစ်သည့်တိုင် အားနာတတ်တဲ့ သော်နိုး ထိုင်ခုံကအလယ်တန်းမှာမို့ ပြေးချင်တောင် ထပြေးလို့မရတော့။
သရဲထွက်လာတိုင်း မျက်လုံးစုံမှိတ်ကာ သူ့ဘက်သို့ မျက်နှာလှည့်လာတတ်တဲ့ သော်နိုး ကကြောက်လို့ မကြည့်တော့ဘူးလားဆိုတော့လည်း မဟုတ်ပြန်။မျက်နှာလှည့်ထားတာ မိနစ်အနည်းငယ်ရှိသွားပြီ..ဇာတ်လမ်းထဲက အသံကလည်း ပုံမှန်ပြန်ဖြစ်သွားပြီဆို လှည့်ထားတဲ့အနေအထားအတိုင်း ပိတ်ကားဘက်ကမျက်လုံးတစ်ဖက်ကိုသာ ခပ်မှေးမှေးလေးဖွင့်ကြည့်၏။သရဲမရှိတော့တာ သေချာမှ မျက်လုံးတွေကိုရဲရဲဖွင့်ပြီး ခေါင်းပြန်လှည့်၏။ခေါင်းလှည့်ရုံမျှရှိသေး ဘွားကနဲပြန်ပေါ်လာတဲ့ သရဲကြောင့် မျက်စိစုံမှိတ် အော်ရန်ပါးစပ်ဟလိုက်ပြီးမှ အော်သံမထွက်စေရန် အောက်နှုတ်ခမ်းကို အပေါ်နှုတ်ခမ်းနဲ့ခပ်တင်းတင်းဖိပိတ်ရင်း ခုံတန်းကို အားနဲ့ဆုပ်ကိုင်ကာ သူ့ဘက်ပြန်လှည့်လာ၏။
YOU ARE READING
ဖူးစာမယ်ရဲ့အတ္တ သို့ မာန
Romanceငါ့ရဲ့ဖြစ်တည်မှုကတခြားသူတွေကိုအနှောင့်အယှက်ဖြစ်စေလိမ့်မယ်လို့တခါမှမတွေးဖူးဘူးအထူးသဖြင့်နင့်အတွက်ငါ့ဖြစ်တည်မှုကိုတန်ဖိုးထားခဲ့တဲ့နင့်အတွက် ဖြိုးသော်နိုး အချစ်ကထူးဆန်းသလိုဖူးစာ...