ကျောင်းပိတ်တာ ၁ ပတ်ကျော်နေတာတောင် သော်နိုး တစ်ယောက်အိမ်မပြန်ရသေးဘဲ သင်တန်းဆက်တက်နေရသေးသည်။မနက်ဆို ဦး နဲ့အတူဆိုင်လိုက်သွားပြီး နေ့လည်ဆို ဦး နဲ့သင်တန်းသွားကာ ညနေမှ ဦးနဲ့အတူအိမ်ပြန်ရသည်။မေမေ တို့ကလည်း သော်နိုး တစ်ယောက် ဦး နဲ့တစ်နေကုန်နီးပါးအတူရှိနေတာကြောင့်စိတ်ချလက်ချဖြစ်နေသည်။သော်နိုး မှာ မေမေတို့ကပြန်လာဖို့ပြောလိုက် နှစ်ခါပင်ပြောစရာမလို ချက်ချင်းပြန်သွားမည့်သူ။ခုတော့ သော်နိုးကသာအိမ်ပြန်ချင်ပေမယ့် ဦး ကလည်းပြန်မလွှတ်သလို မေမေ ကလည်းပြန်မခေါ်ပေ။
ကျောင်းပိတ်ရက်သင်တန်းချိန်ကို တနင်္လာကနေ သောကြာ ယူထားတာကြောင့် စနေ၊တနင်္ဂနွေ ပိတ်ရက်ကိုတော့ ဦး က သော်နိုး စိတ်ကြိုက်နေစေသည်။ သော်နိုး ကပိတ်ရက်ကို တစ်ခါတစ်ရံမှ ဦး ဆိုင်လိုက်ပြီး တစ်ခါတစ်လေအိမ်မှာ တီထား နဲ့အတူမုန့်တွေလုပ်စားဖြစ်ကြသည်။
ညကဇာတ်ကားကြည့်တာညဥ့်နက်သွားတာမို့ သော်နိုး မနက် ၈ နာရီထိုးတာတောင်မထသေး
။သို့သော်လည်း ဒီနေ့သင်တန်းဖွင့်တာမို့ သော်နိုး အခန်းထဲဝင်လာနှိုးရသည့် တီထား ခမျာ သော်နိုး အိပ်ချင်မူးတူးနဲ့ရစ်သမျှကိုနားထောင်ပေးနေရင်းက သော်နိုးရဲ့"ဦး ကိုသင်တန်းသွားခါနီးမှပြန်လာခေါ်လို့ ခုအိပ်ချင်သေးလို့ပါ တီထားရယ် နော် နော် အကယ်၍ ဦး ကပြန်လာမခေါ်ဘူးဆိုလည်းခြေကျင်ပဲလာခဲ့မယ်လို့ နော် နိုး တကယ်အိပ်ရေးမဝသေးလို့"
"မဖြစ်ဘူး နိုးနိုး သမီးထမှရမယ် ခုတီထားဆင်းလို့သမီးပါမလာရင် သားပြည့်က မမိုးဆီလှမ်းတိုင်လိမ့်မယ်"
"ဟမ်!!! မေမေ့ဆီ... မလုပ်ရဘူးလေ အဲ့လိုမလုပ်ကောင်းဘူး... ထပြီ ခု ထပြီ တီထား သမီးကိုခဏစောင့်နော် မကြာဘူး ခဏပဲ သမီးမပါဘဲအောက်ကိုလုံးဝမဆင်းနဲ့နော်"
အိပ်ချိန်ရမှာ အလွန်ဆုံး ၅ မိနစ်လောက်သာ။မေမေ ဆူရင် ထိုကိစ္စက ၅ လလောက်ထိပြောမပြီးတော့။အမှတ်ရရင် ရသလိုဆူနေတာမို့ သော်နိုး မထချင်ဘဲ အိပ်ရာထကာ ကိုယ်လက်သန့်စင်၍အဝတ်လဲခြင်းအမှုကိုအမြန်ဆုံးလုပ်၍ တီထား နဲ့အတူအောက်သို့ဆင်းခဲ့ရသည်။လှေကားအဆင်းရောက်ရောက်ချင်းပင် ထမင်းစားခန်းကထွက်လာတဲ့ ဦး နဲ့ဆုံချိန် ဦး ထံကအကြည့်တစ်ချက်နဲ့အတူ အမေးရောက်လာ၏။
YOU ARE READING
ဖူးစာမယ်ရဲ့အတ္တ သို့ မာန
Romanceငါ့ရဲ့ဖြစ်တည်မှုကတခြားသူတွေကိုအနှောင့်အယှက်ဖြစ်စေလိမ့်မယ်လို့တခါမှမတွေးဖူးဘူးအထူးသဖြင့်နင့်အတွက်ငါ့ဖြစ်တည်မှုကိုတန်ဖိုးထားခဲ့တဲ့နင့်အတွက် ဖြိုးသော်နိုး အချစ်ကထူးဆန်းသလိုဖူးစာ...