ဖူးစာမယ်​ရဲ့အတ္တ သို့ မာန အပိုင်း ၄၄

22 2 0
                                    

"ငါနဲ့ ခဏလိုက်ခဲ့"

စိန်ခနောက်တောင်ကနေ ပြန်လာကတည်းက ဘာမှမပြောတဲ့သူက ကျောင်းပြန်ဖွင့်တဲ့နေ့ ညနေ ကျောင်းဆင်းချိန်မှာ သူ့နောက်လိုက်ခဲ့ဖို့ ခေါ်လာလေသည်။သူ ဘာမှအပိုတွေပြောမနေပဲ ခေါ်ဆိုသူဦးတည်ရာနောက် တိတ်တဆိတ်လိုက်ပါလာခဲ့သည်။

ဘွဲ့နှင်းသဘင်ခန်းမရှေ့က မြေလွတ်ကြီးမှာရှိနေတဲ့ ခပ်အုပ်အုပ်သစ်ပင်ကြီးအောက်မှာ ရပ်လိုက်တဲ့ သူကြောင့် သူပါရပ်လိုက်သည်။

"ဘာလို့ အဲ့လိုလုပ်ရတာလဲ''

ပိုင်ရှင်း အမေးကို သူနားမလည်သလိုကြောင်ကြည့်ရင်း ပြန်မေးဖို့ပါးစပ်အဟ

"ဘာကိုလဲ လို့တော့ လာမမေးနဲ့!..ငါ ဘယ်ကိစ္စကိုပြောလဲ ဆိုတာ မင်းသိပါတယ်"

ပိုင်ရှင်း ရဲ့အပြောကြောင့် သူ နှုတ်ခမ်းတွန့်ရုံပြုံးမိသည်။သူပါးစပ်လေးဟလိုက်ရုံနဲ့ ဘာပြောမလဲဆိုတာ ကြိုခန့်မှန်းနိုင်နေပြီဆိုတော့ ဒီကောင်လေးတောင် အရွယ်ရောက်လာပြီပဲ။

"မကြိုက်လို့"

ပိုင်ရှင်း ထိုသူကို မျက်လုံးပြူးကာ ပါးစပ်အဟောင်းသားနဲ့ ကြောင်ကြည့်မိသည်။ဘာစကားမှမပြောပဲ သူ့ကို အပြူးသား စိုက်ကြည့်နေတဲ့ မျက်ဝန်းတွေကို သူငေးကြည့်နေလိုက်သည်။အတန်ကြာမှ

"မင်းမှာ ပစ္စည်းဖြစ်ဖြစ် လူဖြစ်ဖြစ် မင်းမပိုင်ရရင် သူများလည်းမပိုင်ရဘူး ဆိုတဲ့ psycho ရှိနေတာလား.."

ပိုင်ရှင်း စကားကြောင့် သူလှောင်ပြုံး ပြုံးလိုက်မိသည်။သူ့မှာ အဲ့လို psycho ရှိနေတာလား။မဟုတ်ပါဘူး။သူအတ္တကြီးတာမှန်ပေမယ့် သူချစ်တဲ့သူကို သတ်ပစ်ဖို့ထိတော့ စိတ်မကူးခဲ့ပါဘူး။ကိုယ်ချစ်တဲ့သူကို သတ်ပြီး ဘာလုပ်မှာလဲ။ကိုယ်ပါအတူလိုက်သေမယ်လို့တော့ လာမပြောနဲ့နော်။သေပြီးရင် ဘာဖြစ်မလဲဆိုတာ ဘယ်သူမှသိတာမဟုတ်ဘူး။တစ္ဆေ ၊ သရဲတွေ ၊ နောက်ဘဝကိုလည်း သူအယုံအကြည်မရှိဘူး။နောက်ဘဝဆိုတာ ရှိခဲ့ရင်တောင် သူတို့လူအဖြစ်နဲ့ ပြန်ဆုံရဖို့ဆိုတာ မသေချာတဲ့ကိစ္စကြီး။သေချာတဲ့ ဒီဘဝမှာပဲ သူ့ကိုချစ်မည်။

ဖူးစာ​မယ်​ရဲ့အတ္တ သို့ မာနWhere stories live. Discover now